မော်လိုက်ကလေးအကျဉ်းထောင် ဆူပူမှုဖြစ်ပွားနေ

0
157

မေ ၈
ပဉ္စမလှိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် ယနေ့မနက်ပိုင်းမှ စတင်ကာ တောင်းဆိုမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

တောင်းဆိုမှုများတွင် လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင် မီဒီယာများနှင့် တွေ့ဆုံခွင့်ရရှိရေးအပြင် အချက်လေးချက်ကို တောင်းဆိုနေကြခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောသည်။

” တောင်းဆိုနေတာတော့ အချက်လေးချက်ပါတယ်။ မနက် ၈ နာရီလောက်ကတည်းက တောင်းဆိုနေတာ။ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌကိုယ်တိုင်ဦးစီးပြီး ဖြေရှင်းနေပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်။ ထောင်ထဲမှာ ရှိတဲ့ ထောင်သားတွေအကုန် တောင်းဆိုနေတာပါ။ “ဟု The Fifth Wave News သတင်းဌာန မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မော်လိုက်ကလေးအကျဉ်းထောင်တွင် ထောင်သား၂၀၃၁ ဦးရှိကြောင်း သိရသည်။

Photo : Kyaw Thet Win

#ပဉ္စမလှိုင်း #ကလေးမော်လိုက်အကျဉ်းထောင် #ဆူပူမှု

Leave a Reply