ဝက်စ်ဘရွန်းနဲ့ အင်္ဂလန်ကစားသမားဟောင်း နှလုံးရောဂါဖြင့် ကွယ်လွန်

0
173

ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈

ဝက်စ်ဘရွန်း ၊ ကိုဗင်ထရီနှင့် အင်္ဂလန်အသင်းတို့ရဲ့ ကြယ်ပွင့် ကစားသမား ချီရီလီ ရီဂစ်ဟာ အသက် ၅၉ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ရီဂစ်ဟာ ကိုဗင်ထရီ ၊ အက်စတွန်ဗီလာ ၊ ၀ုလ် စတဲ့အသင်းတွေမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ FA ဖလားကို ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အသင်းရဲ့ တတိယမြောက် လူမည်းကစားသမားလည်း ဖြစ်ပါတယ်။

သူဟာ ၀က်စ်ဘရွန်းအသင်းရဲ့ အမာခံ ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၇၈ ခုနှစ်က မန်ယူကို ၀က်စ်ဘရွန်က ၅ – ၃ နဲ့ အနိုင်ရခဲ့ချိန်မှာ ခြေစွမ်းပြကစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ဟာ ပြင်သစ်နိုင်ငံသားတစ်ဦး ဖြစ်ပေမယ့်လည်း အင်္ဂလန်နိုင်ငံသားအဖြစ်သာ ခံယူခဲ့သူ ဖြစ်ပါတယ်။သူ့ရဲ့ ပထမဆုံး အင်္ဂလန်နိုင်ငံအသင်းအတွက် ကစားတဲ့ ပွဲစဉ်ကတော့ ၀င်ဘယ်လေ ကွင်းမှာ မြောက်အိုင်ယာလန်အသင်းကို ၄ -၀ နဲ့ အနိုင်ရတဲ့ ပွဲပဲ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်မှာ ရပ်တည်ခဲ့ပြီး လိဂ်ဂိုး ၁၅၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။သူဟာ ၂၀၀၈ ခုနှစ်မှာ အင်္ဂလန်ဘုရင်မကြီးရဲ့ MBE ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရသလို ၀က်စ်ဘရွန်းအသင်းအတွက်လည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ချီရီလီ ရီဂစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး အင်္ဂလန်ဘောလုံးလောကရှိ ကစားသမားတွေနဲ့ နည်းပြတွေဟာ တွစ်တာအကောင့်များကတဆင့် ၀မ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

NN

Leave a Reply