စီရော်နယ်ဒိုကို အသုံးပြုပြီး နေမာကိုခေါ်ဖို့ ရီးရဲအကြံထုတ်နေ

0
228

ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈
ရီးရဲမက်ဒရစ်အသင်းသည် PSG အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာကို ဘာနေဗျူးသို့ အရခေါ်ယူနိုင် ရေးအတွက် စီရောနယ်ဒိုကို အလိုက်ပေးပြီး ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် ရေဒီယိုတစ်ခုက ထုတ်လွှင့်သွားခဲ့ပါတယ်။

နေမာဟာ ပြောင်းရွှေ့ကြေးပေါင် သန်း ၂၀၀ ဖြင့် ဘာစီလိုနာကနေ PSG ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ရီးရဲမက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ အကြံထက် PSG က လက်ဦးမှုရအောင် ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ပီးရက်ဇ်ဟာ နေမာကို ရဖို့အတွက် စိတ်မကုန်သေးဘဲ စီရော်နယ်ဒိုနဲ့ ငွေသားပေါင်းစပ်၍ အလိုက်ပေးကမ်းလှမ်းဖို့ ထပ်မံ ကြိုးစားနေခြင်း ဖြစ်ပါတယ်။

နေမာဟာ Ballon d’Or ဆုကို လိုချင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့အနေနဲ့ ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့ကစားပါက စီရော်နယ်ဒိုကဲ့သို့ Ballon d’Or ဆုကို ရရှိနိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

နေမာဟာ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့သော်လည်း အသင်းသစ်မှာ ကစားသမားတွေ နည်းပြတွေနဲ့ မကြာခဏဆိုသလို သဘောထား တင်းမာမှုလေးတွေ ရှိနေသူဖြစ်ပါတယ်။ သူဟာ ပြင်သစ်ကလပ်အတွက် ၁၄ ပွဲကစားထားပြီး ၁၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်း ကျဆင်းလာတဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုကို PSG သို့ အလိုက်ပေးပြီး နေမာကို ပြန်လည်ခေါ်ယူခြင်းဖြင့် အားနည်းနေတဲ့ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ ကြိုးစားလျှက်ရှိနေပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ စပိန်အမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ ဘာစီလိုနာရဲ့ ၁၉ မှတ်အကွာမှာ ရပ်တည်နေပြီး အမှတ်ပေး ပြိုင်ပွဲရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

NN

Leave a Reply