“အကျဉ်းထောင်များဆူပူနေမှု ပြည်ထဲရေးတွင် အဓိက တာဝန်ရှိ” ဟု လွှတ်တော်အမတ်ပြော

0
129

မေ ၉
ယဉ်ကေနွယ်

လက်ရှိတွင် ဖြစ်ပွားနေသည့် ထောင်များဆူ ပူနေမှုသည် ပြည်ထဲရေးဝန်ကြီးဌာနတွင်သာ အဓိက တာဝန်ရှိကြောင်း ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးမှ ပြောကြားလိုက်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိပါတယ်။အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဟာကလည်း ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတကနေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေ လွှတ်သင့်တယ်။ ဒါတွေ မလွှတ်သင့်ဘူးဆိုတာ သူတို့ကို တခါတည်းပေးလိုက်ပြီးသား ပေးတဲ့အပေါ်မှာ ၀န်ထမ်းတွေရဲ့ ချို့ယွင်းချက်ကြောင့် မမျှတဘူးဆိုတဲ့ ပြသနာပေါ်လာတယ်ထင်တာပဲ”ဟု ဦးတင်ထွေးက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထောင်ထဲမှ အကျဉ်းသားများအား အထင်သေးလို့ မရကြောင်း ဦးတင်ထွေးကပြောသည်။

“ထောင်ကျ အကျဉ်းသားဆိုပြီး သူတို့ကိုလည်း အထင်သေးလို့ မရဘူး။အတွေးအခေါ် အယူအဆတွေနဲ့ အတွေးအခေါ် အများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရွှေဘို အကျဉ်းထောင်၊မော်လိုက်(ကလေး)အကျဉ်းထောင်၊ဘားအံ အကျဉ်းထောင်၊သာယာဝတီအကျဉ်းထောင်၊မြစ်ကြီးနားအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင် ဆူပူတောင်းဆိုမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ အကျဉ်းသားများ ဆူပူတောင်းဆိုမှုကြောင့် ယမန်နေ့က ရွှေဘို အကျဉ်းထောင်တွင် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဆူပူတောင်းဆိုမှုများသည် မေလ ၇ ရက်နေ့ က နိုင်ငံတော်သမ္မတ၏တတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်ပေးမှု အပြီးတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

#TheFifthWave

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

 The Fifth Wave ရဲ့ သတင်းတွေကို Myanmar Social Platform တစ်ခုဖြစ်တဲ့ OKPar App မှာလည်း ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Android ဖုန်းများအတွက် PlayStore မှာ Okpar Social လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://play.google.com/store/apps/details?id=org.okpar

 iOS ဖုန်းများအတွက် App Store မှာ Okpar လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://itunes.apple.com/us/app/okpar/id1448564474?mt=8

 OKPAR Social Network Fb Page တွင်လည်း OkPar အသုံးပြုနည်များကို ဖတ်ရှုမေးမြန်းနိုင်ပါတယ်။

Leave a Reply