တပ်မတော်က တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အား ရုံးထုတ်စစ်ဆေး

0
117

မတ်​ ၉
သော်လင်းထက်

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အား အင်းစိန်တရားရုံးတွင် ယနေ့ ရုံးထုတ်စစ် ဆေးခဲ့သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူမှုကွန်​ယက်​ကိုအသုံးပြု၍ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​နှင့်​ တပ်​မ​တော်​ကိုဂုဏ်​သိက္ခာကျဆင်း​အောင်​ပြုလုပ်​သည်​ဟုဆိုကာ တရားဆွဲဆိုခံထားရ ခြင်းဖြစ်သည်။

“ပြစ်​မှုဆိုင်​ရာကျင့်​ထုံးဥပ​ဒေအရ ပြစ်​မှုတစ်​ခုထဲကိုပုဒ်​မ၂နဲ့တရားစွဲဆိုလို့မရဘူး​လေ ဒါ​ပေမယ့်​ဒီ​​ရေးသားချက်​တစ်​ခုထဲကိုဘဲ ရဲစခန်းမှာ ၆၆ ဃနဲ့အမှုဖွင့်​တယ်​။တရားရုံးမှာ ၅၀၅ က နဲ့ဦးတိုက်​​လျှောက်​တယ်​။ဥပ​ဒေကိုမသိတာလား၊သိရဲ့နဲ့တမင်​​ကျော်​ပြီးလုပ်​​နေတာလားဆိုတာထုတ်​ရမယ့်​​မေးခွန်းဖြစ်​​နေတယ်​” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ရုံးထုတ်တွင် မီဒီယာများ သို့ ပြောကြားသွားသည်။

ယ​နေ့ရုံးချိန်းမှာ တရားလိုပြသက်​​သေဖြစ်​သည့်​ ဗိုလ်​ကြီး​ဇေယျာလင်းကိုစစ်​​ဆေးခဲ့ပြီး တပ်​မ​တော်​၏ဂုဏ်​သိက္ခာကိုထိခိုက်​​စေ​အောင်​​ရေးသားခြင်း၊ တပ်မတော်အား မလေးမစားပြုမှုတို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အမှုအတွက်​ တရားလိုပြသက်​​သေ တရားလိုပါ ၆ ဦးတင်​ထားပြီး လာမည့်​ရုံးချိန်းကို မတ်​၂၃ရက်​သို့ပြန်​လည်​ချိန်းဆိုထားသည်​။

အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေး အခြေအနေဆိုးရွားသဖြင့် ရဲအချုပ်ခန်းတွင် ခေတ္တနားနေခဲ့ရ ကြောင်း သိရသည်။

ဓာတ်ပုံ-ဝေယံ

Leave a Reply