ရေငုပ်သင်္ဘောဝယ်ယူမည်ဟု တပ်မတော်အတည်ပြု

0
100

မေ ၁၁
ကျော်သူမြင့်

မြန်မာ့တပ်မတော်အနေဖြင့် ရေငုပ်သင်္ဘောများ ဝယ်ယူရန် စီစဉ်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုလိုက်သည်။

“ဝယ်ယူဖို့ အစီအစဉ်ရှိတယ်။ ရေငုပ်သင်္ဘော ဝယ်ယူဖို့အတွက် အထောက်အကူပြု လုပ်ငန်းတွေ ဖြစ်တဲ့ လေ့ကျင့်ရေးတွေ ဆိပ်ကမ်းတွေ လုပ်ဆောင်နေတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုသည်။

ရေငုပ်သင်္ဘောဝယ်ယူရန်အတွက် မဟာဗျူဟာမိတ်ဖက်နိုင်ငံများထံမှ ဝယ်ယူသွားမည်ဖြစ်ပြီး ဝယ်ယူမည့် နိုင်ငံနှင့် အစင်းအရေအတွက်ကို အတည်ပြုပြောဆိုခဲ့ခြင်း မရှိပေ။

“ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ လုပ်ဆောင်နေတယ်ဆိုတော့ ဒီ ၁၀ စုနှစ် တစ်ခုအတွင်းတော့ ဖြစ်လာမှာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့မှ ရေတပ်သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပြီး ရေငုပ်သင်္ဘောထုတ်လုပ် ပြုပြင်ထိန်းသိမ်းမှုများကို ကြည့်ရှုခဲ့သည်။

“အိမ်နီးချင်းနိုင်ငံတွေမှာလဲ ရေငုပ်သင်္ဘောပိုင်ဆိုင်မှုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာလဲ ရှိသင့်တယ် ရှိသင့်တာလဲကြာပြီပေါ့။ ကျွန်တော်တို့ ကမ်းရိုးတန်းက ရှည်လျားတဲ့အတွက် နောင်တစ်ချိန်မှာ ပြည်ပက ကျူးကျော်ခြိမ်းခြောက်မှုအတွက် အဟန့်အတားဖြစ်စေတယ်။ နိုင်ငံအတွက် အားကိုး အားထားဖြစ်စေပါတယ်”ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပြောဆိုသည်။

တပ်မတော်အနေဖြင့် မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်သည့် ရေငုပ်သင်္ဘောနည်းပညာမြင့်မားသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူနိုင်ဖွယ်ရှိသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ပုံစာ – ဧပြီ ၂၆ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ သင်္ဘောကျင်းတွင်လေ့လာနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Photo : တပ်မတော်

#TheFifthWave #ရေငုပ်သင်္ဘောဝယ် #ပဉ္စမလှိုင်း

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

 The Fifth Wave ရဲ့ သတင်းတွေကို Myanmar Social Platform တစ်ခုဖြစ်တဲ့ OKPar App မှာလည်း ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Android ဖုန်းများအတွက် PlayStore မှာ Okpar Social လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://play.google.com/store/apps/details?id=org.okpar

 iOS ဖုန်းများအတွက် App Store မှာ Okpar လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://itunes.apple.com/us/app/okpar/id1448564474?mt=8

 OKPAR Social Network Fb Page တွင်လည်း OkPar အသုံးပြုနည်များကို ဖတ်ရှုမေးမြန်းနိုင်ပါတယ်။

Leave a Reply