ချယ်လ်ဆီးကွင်းလယ်လူ ကန်တီကို ပစ်မှတ်ထားနေတဲ့ PSG အသင်း

0
224

ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈
ပီအက်စ်ဂျီအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အားနည်းနေတဲ့ အသင်းကွင်းလယ်ပိုင်းနေရာကို အင်အားဖြည့်ရန်အတွက် ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ကန်တီကို ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဖြင့် လက်စတာအသင်းကနေ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ သူဟာ ယမန်နှစ်က ချယ်လ်ဆီးအသင်း အမှတ်ပေးဖလား ရရှိအောင် အကောင်းဆုံး ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကန်တီနဲ့အတူ ချယ်လ်ဆီး နည်းပြ ကွန်တီကို လည်း နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် ကန်တီရဲ့ အပြောင်းအရွှေ့ဟာ ထိုက်တန် တဲ့ ဈေးနှုန်းတစ်ခု ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ အထမြောက်ဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရေနံသူဌေးတစ်ဦးပိုင်ဆိုင်တဲ့ ဘောလုံးအသင်း ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ဘောလုံးလောကမှာတော့ ငွေထုပ်ကြီးလို့ နာမည်ပြောင် သတ်မှတ်ခံထားရတဲ့ အသင်းဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားတွေ စုဝေးရာ နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာလည်း ဘာစီလိုနာ တိုက်စစ်မှူး နေမာကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ကျော်နဲ့ ခေါ်ယူထားသလို မိုနာကို တိုက်စစ်မှူး မက်ပီကိုလည်း ပေါင်သန်း တစ်ရာကျော်နဲ့ ၀ယ်ယူထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

NN

Leave a Reply