ဆိုင်ကယ်ကယ်ရီငှားစီးသည့် ကိုရီးယားနိုင်ငံသူအား သားမယားအဖြစ်ပြုကျင့်ရန် ကြိုးစားသူအား ဖမ်းမိ

0
167

မေ ၁၃
ပဉ္စမလှိုင်း

အောင်မင်္ဂလာအဝေးပြေးမှ ဆိုင်ကယ်ကယ်ရီငှားစီးပြီး တည်ခိုးသည့်နေရာသို့ ပြန်စဉ် အဓမ္မပြုကျင့်ရန် ကြိုးစားသူ ဆိုင်ကယ်ကယ်ရီသမားအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

မေ လ ၁ ရက်နေ့က မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ လိုက်ပါပို့ဆောင်ပြီး နောက် တည်းခိုသည့် ဝိဇယဟိုတယ်သို့ ပြန်ရန် ဆိုင်ကယ်ကယ်ရီငှားရာ မှ ကယ်ရီသမားက ရွှေပြည်သာတံတားမှ လှိုင်သာယာဘက်အခြမ်း အရောက်တွင် လမ်းကြားထဲမောင်းဝင်ကာ သားမယာအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုရီးယားနိုင်ငံသူက နယ်မြေရဲစခန်း တွင် အရေးယူပေးရန်အတွက် တိုင်တန်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းရာမှ လှိုင်သာယာမြို့နယ်နေ စန်းဦး (ခ) ကျော်သက်ပိုင် အား ၄င်း၏နေအိမ်အတွင်း သက်သေခံပစ္စည်းများနှင့်အတူ မေလ ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Leave a Reply