ကလေးခိုးယူသည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကို ကျေးရွာသားများဝိုင်းဖမ်းပြီး ရဲလက်အပ်

0
181

မေ ၁၃
ကိုလူသစ်

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် ၊ဆိပ်မူကျေးရွားအုပ်စုတွင် ဖြစ်ပွားခဲ့သည့် အသက် ၄ နှစ်အရွယ်ကလေးငယ် ကို ခိုးယူခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကို ဖားကန်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းဒေသခံများထံမှသိရသည်။

“ မနေ့က နေ့လည်ပိုင်းလောက်မှာ ကလေးခိုးတဲ့လူက ကလေးကိုဆိုင်ကယ်ပေါ်တင်ပြီးခိုးသွား တာပါ။အဲဒါကို ဒေသခံတွေက ၀ိုင်းဖမ်းပြီး အုပ်ချုပ်ရေးမှူးရုံးပို့လိုက်တယ်။နောက် ရဲတပ်ဖွဲ့ဝင်တွေရောက်လာ ပြီးခေါ်သွားတယ်။အခုတော့ရဲစခန်းက အမှုဖွင့်ထားတယ်လို့တော့သိရတယ်။ဖြစ်စဉ်က မှန်ကန်ပါတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဦးနောင်လတ်က ပြောကြားသည်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆပ်မူကျေးရွာအုပ်စု၊ကောင်းစံ ကျေးရွာတွင် မေ ၁၂ရက် မွန်းလွဲ ၃ နာရီခန့်အ ချိန်က ကျေးရွာနေ ဦးမောင်မောင်ရှည်၊ဒေါ်ခင်စိုးတို့၏ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မသဇင်ခိုင်သည် အဖွားဖြစ်သူနေအိမ်မှ မိဘများနေအိမ်သို့ တစ်ဦးတည်းထွက်လာစဉ် ရေမဆေးကျောက်ရှာဖွေသူ ကျော်လွင် ဆိုသူမှ လမ်းခုလက်အရောက်တွင် ၄င်းစီးနင်းလာသည့်ဆိုင်ကယ်ပေါ်သို့တင်ဆောင်ကာ ခိုးယူထွက်ပြေးခဲ့ ကြောင်းသိရသည်။

ယင်းသို့ ရေမဆေးကျောက်ရှာဖွေသူ ကျော်လွင်ဆိုသူမှ ၄နှစ်အရွယ် မသဇင်ခိုင်ကို ဆိုင်ကယ်ပေါ်တင်ဆောင် ကာ ခိုးယူထွက်ပြေးသည်ကို အဖွားဖြစ်သူမှမြင်တွေ့ပြီး အော်ဟစ်အကူအညီတောင်းခံခဲ့သည့်အတွက် ဒေသခံ ကျေးရွာနေသူပြည်သူများနှင့်ရေမဆေးကျောက်ရှာဖွေသူအချို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး ကောင်းစံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့နောက် သက်ဆိုင်ရာ ဖားကန့်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံပေးခဲ့ကြောင်းသိရသည်။

Leave a Reply