တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အား တတိယအကြိမ်ရုံးထုတ်စစ်ဆေး

0
155

မေ ၁၃
သော်လင်းထက်

တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၅ ဦးအား ယနေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ တတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တပ်မတော်က အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ပြီး သက်သေ ၅ ဦးအား တပ်မတော်ဘက် မှ တင်ပြထားကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းကတော့ တရားလိုကို စတင်စစ်ဆေးတာပါ။ အမှုက ဘာမှာတော့ သိပ်မထူးခြားသေးပါဘူး။ စစ်တာက ပထမပိုင်းလောက်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းတော့ ဆက်စစ်သွားမှာပါ”ဟုတရားစွဲဆိုခံထားရသူဘက်မှ လိုက်လံဆောင်ရွက်ပေးနေသည့်​ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က​ပြောသည်​။

သင်္ကြန်ကာလအတွင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ ထိုးခဲ့သည့် သံချပ်များနှင့် ပတ်သက်ပြီး တပ်မတော်အား ထိခိုက်စေသော ကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က တရားစွဲဆိုထားခြင်း ဖြစ်သည်။

ရုံးချိန်းကိုလာမည့်​ ​မေ၂၂ ရက်​သို့ပြန်​လည်​ချိန်းဆိုထားပြီး တရားလိုအား ဆက်​လက်​စစ်​​ဆေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

Leave a Reply