ပင်လယ်ကွေ့မှာရှိနေတဲ့အမေရိကန်လေယာဉ်တင်သင်္ဘောတွေက ပစ်မှတ်တွေလို့ အီရန်တပ်မှူးပြော

0
27

မေ ၁၃
နိုင်ငံတကာသတင်း

အရင်က ပင်လယ်ကွေ့မှာ အမေရိကန်စစ်တပ်ရှိနေတာဟာ စိုးရိမ်စရာကောင်းတဲ့ခြိမ်းခြောက်မှုတွေဖြစ်ပေမဲ့ အခုလက်ရှိစစ်တပ်တွေရှိနေတာကတော့ ပစ်မှတ်တွေနဲ့ အခွင့်အရေးတွေဖြစ်လာပြီလို့ အီရန်တော်လှန်ရေးသက်တော်စောင့်တပ်ဖွဲ့ရဲ့တပ်မှူးကြီးတစ်ယောက်ကပြောပါတယ်။

စကားစစ်ထိုးပွဲပြင်းထန်လာတာနဲ့အမျှ တစ်ဖက်နဲ့တစ်ဖက်လျှော့တွက်နိုင်တဲ့အမှန်တကယ်အန္တရာယ်ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိဟောင်းတစ်ယောက်က တနင်္ဂနွေနေ့မှာသတိပေးပါတယ်။

အီရန်နဲ့ဒေသတွင်းက အီရန်တပ်ဖွဲ့တွေကို တိကျပြတ်သားတဲ့သက်သေပြချက်တစ်ခုလို့ အမေရိကန်ကပြောထားပြီး ပြီးခဲ့တဲ့တစ်လက ပင်လယ်ကွေ့မှာရှိခဲ့တဲ့လေယာဉ်တင်သင်္ဘောတစ်စင်းကိုအစားထိုးထားတဲ့ လေယာဉ်တင်သင်္ဘော USS Abraham Lincolnနဲ့ B-52ဗုံးကြဲလေယာဉ်တွေအပါအ၀င် တပ်ဖွဲ့တွေကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်နေရာချထားပါတယ်။

တပ်ဖွဲ့ဝင် ၆၀၀၀ လောက်ပါပြီး လေယာဉ်အစီး ၄၀ နဲ့ ၅၀ ကြားပါတဲ့လေယာဉ်တင်သင်္ဘောတစ်စင်းက အရင်တုန်းကတော့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်ပေမဲ့ အခုတော့ ပစ်မှတ်တစ်ခုဖြစ်လာပြီ။ ခြိမ်းခြောက်မှုတွေကလည်း အခွင့်အရေးအဖြစ်ပြောင်းသွားပြီလို့ အီရန်တော်လှန်ရေးကိုယ်ရံတော်တပ်ဖွဲ့လေတပ်အကြီးအကဲ အမေး အလီ ဟာဂျီဇာဒဲက ISNAသတင်းအေဂျင်စီနဲ့တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

တပ်နေရာချထားတာတွေက ထောက်လှမ်းရေးတွေ့ရှိချက်တွေအရ အီရန်ရဲ့တိုက်ခိုက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့အချက်ကြောင့်တုံ့ပြန်ထားတာဖြစ်ပြီး လိုအပ်လာရင် တုံ့ပြန်ဖို့နဲ့ တားထားဖို့ ရည်ရွယ်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက တနင်္လာနေ့မှာထုတ်လွှင့်ခဲ့တဲ့ CNBCသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားထားပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အီရန်နဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံချုပ်ဆိုခဲ့တဲ့ JCPOAစာချုပ်ကနေ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နုတ်ထွက်ခဲ့ပြီး အီရန်ကို ပိတ်ဆို့မှုတွေပြန်လုပ်ခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ စာချုပ်ပါအချက် ၂ ချက်ကို ရပ်ဆိုင်းထားတယ်လို့ အီရန်က ကြေညာခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးတင်းမာနေပါတယ်။

Source-Aljazeera

#ဥက္ကာ
#TheFifthWaveNews
Photo-US Navy

Leave a Reply