သီရိလင်္ကာမှာ လူမှုကွန်ရက်ကစတဲ့ပြဿနာကြောင့် မွတ်ဆလင်တွေအတိုက်ခိုက်ခံရပြီးတဲ့နောက် လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ထား

0
26

မေ ၁၃
နိုင်ငံတကာသတင်း

တနင်္ဂနွေနေ့မှာ မွတ်ဆလင်တွေပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ဗလီတွေကိုတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် သီရိလင်္ကာနိုင်ငံမှာ Facebookနဲ့ Whatsappအပါအ၀င် လူမှုကွန်ရက်တွေအသုံးပြုခွင့်ပိတ်ထားပါတယ်။

နိုင်ငံမှာ ငြိမ်းချမ်းနေအောင် လူမှုကွန်ရက်တွေကို ယာယီပိတ်ထားတယ်လို့ သီရိလင်္ကာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် နာလာကာ ကာလူဝီနာက တနင်္လာနေ့မှာပြောတယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။

နောက်ထပ်အမိန့်မရမချင်း Viber၊ IMO၊ Snapchat၊ Instagramနဲ့ Youtubeတို့ကို ပိတ်ပင်ဖို့ အမိန့်ရထားတယ်လို့ နိုင်ငံရဲ့အကြီးဆုံးဖုန်းအော်ပရေတာ Dialog Axiata Plcကုမ္ပဏီက တွစ်တာမှာ တင်ထားပါတယ်။

Facebookမှာစတဲ့အငြင်းအခုန်တစ်ခုကနေစပြီး တနင်္ဂနွေနေ့မှာ သီရိလင်္ကာအနောက်ပိုင်းက ခရစ်ယာန်တွေအဓိကနေတဲ့ချီလောမြို့မှာ လူဒါဇင်ချီက မွတ်ဆလင်တွေပိုင်တဲ့စတိုးဆိုင်တွေနဲ့ ဗလီတွေကို ခဲတွေနဲ့ပစ်ခဲ့တယ်လို့ ရဲတွေနဲ့ ဒေသခံတွေကပြောပါတယ်။

Facebookသုံးတဲ့လူတစ်ယောက်က သီရိလင်္ကာသုံးဆင်ဟာလီဘာသာစကားနဲ့ “ငါတို့ကို ငိုအောင်လုပ်ရခက်တယ်”လို့တင်ထားပြီး သီရိလင်္ကာမှာ မွတ်ဆလင်တွေကိုရည်ညွှန်းတဲ့ပုံတွေနဲ့ တွဲပြီးတင်ထားခဲ့သလို ဟတ်စမာ ဟာဒီနာမည်နဲ့Facebookသုံးတဲ့လူတစ်ယောက်က “တစ်နေ့တော့ မင်းတို့ငိုရမှာပါ”လို့ အင်္ဂလိပ်ဘာသာနဲ့မှတ်ချက်ပြုခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဟတ်စမာ ဟာဒီကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ဧပြီတတိယတစ်ပတ်တနင်္ဂနွေနေ့က ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့မှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ဟိုတယ်တွေကို အစ္စလာမ်မစ်အသေခံဗုံးခွဲသူတွေက ဗုံးဝင်ခွဲခဲ့လို့ လူ ၂၅၀ ကျော်သေဆုံးပြီး လူ ၅၀၀ ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်အပြီးမှာ ကြောက်လန့်မှုတွေရှိနေလို့ သီရိလင်္ကာမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။

အခုဖြစ်ရပ်ကြောင့် ညမထွက်ရအမိန့်လည်းထုတ်ထားပါတယ်။

တနင်္ဂနွေညပိုင်းနဲ့ တနင်္လာမနက်ပိုင်းတို့မှာ အာဏာပိုင်တွေက မွတ်ဆလင်တွေပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးခဲ့တဲ့လူအုပ်စုကိုဖမ်းဆီးခဲ့ပေမဲ့ ဗုဒ္ဒဘာသာတွေများတဲ့ခရိုင်တွေကလူတွေက အဲဒီလူတွေပြန်လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့လည်း သီရိလင်္ကာစစ်တပ်ပြောခွင့်ရသူ ဆူမစ် အက်တာပတ်တူကပြောပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews
Photo-JVP News

Leave a Reply