Networking အခြေခံ  ——————————– Chapter -1

0
260

Introduction to Nettworking
===========================

1. What is Network?
=======================
Network (ကွန်ယက်) တနည်းအားဖြင့် ကွန်ပြူတာတစ်လုံးထက်ပိုပြီး ဆက်သွယ်ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ အစုအဝေးကို computer network လို့ခေါ်ပါတယ်။
ကွန်ပြူတာတွေကို ဘာကြောင့်ချိတ်ဆက်အသုံးပြုရတာလည်း ဆိုရင် ကွန်ပြူတာ တစ်လုံးနဲ့တစ်လုံး media sharing, file sharing, အကြား resource sharing လုပ်ဖို့အတွက် ချိတ်ဆက်အသုံးပြုကြတယ်လို့ အကြမ်းမျဉ်း ပြောလို့ရပါတယ်။
ကွန်ပြူတာတွေကို တစ်လုံးစီချိတ်ဆက်ထားခြင်းမရှိတဲ့အချိန် data မျှဝေသုံးစွဲဘို့အတွက် cd,dvd, memory stick စတဲ့ storage device တွေမှာ copy paste လုပ်ပြီး အပြန်အလှန် မျှဝေသုံးစွဲခဲ့ရပါတယ်။ ဒီလို ဆက်သွယ်ချိတ်ဆက်မှုမျိုးကို sneakernet လို့ ခေါ်ပါတယ်။
Sneakernet တွေရဲ့ အားနည်းချက်က အချိန်ကုန်တာရယ်၊သူ့အတွက် သီးခြားကြားခံ storage media တစ်ခုလိုအပ်တာရယ်ကြောင့် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေပြုလုပ်ဖို့အတွက် ကွန်ပြူတာ networking နည်းပညာသစ်ဆီကို ချဉ်းကပ်ခဲ့ကြပါတယ်။

2. Type of network
=========================

Network အမျိုးအစားတွေကို ခွဲခြားတဲ့နေရာမှာ ပုံစံ၂မျိုးနဲ့ ခွဲခြားလေ့ရှိပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံအရခွဲခြားခြင်း(structure) အရေအတွက်အရ ခွဲခြားခြင်း(size) တို့ဖြစ်တယ်။ ဖွဲ့စည်းတည်ဆောက်ပုံ အရခွဲခြားမယ်ဆိုရင် (i) peee-to-peer network နဲ့ (ii) Client-server networkဆိုပြီး ခွဲခြားနိုင်ပါတယ်။

(i) peer-to-peer network
———————————–

Peer to peer network မှာ network ထဲက ကွန်ပြူတာတိုင်းက ကိုယ်ပိုင် စီမံခန့်ခွဲမှုရှိပြီး data and resource sharing တွေကို လွတ်လပ်စွာ ပြုလုပ်နိုင်ဖို့ စီမံပေးထားတာပါတယ်။ peer network မှာ မိမိက တခြားကွန်ပြူတာဆီက data တောင်းခံစဉ်မှာ မိမိကွန်ပြူတာက client ဖြစ်ပြီး တခြားကွန်ပြူတာက server ဖြစ်နေပြီး မိမိထံမှ တခြားသူက data တောင်းခံစဉ်မှာ မိမိကွန်ပြူတာက server ဖြစ်ပြီး တခြားကွန်ပြူတာက client သဘောဖြစ်နေမှာပါ။

(ii) Client server network
————————————

ဒီအမျိုးအစားမှာ server အဖြစ် သက်မှတ်ထားတဲ့ ကွန်ပြူတာတစ်လုံးနဲ့ client အဖြစ်သက်မှတ်ထားတဲ့ computer တစ်လုံး သိုမဟုတ် တစ်လုံးထက်ပိုပြီး ပါဝင်နိုင်ပါတယ်။ client computer က မိမိလိုအပ်တဲ့ resource and data ကို server ဆီက တောင်းခံပြီး server က တောင်းခံလာတဲ့ client computer တွေကို permission စစ်ဆေးပြီးမှ အသုံးပြုခွင့်ပေးတဲ့ပုံစံဖြစ်ပါတယ်။ server client ပုံစံမှာ server computer မှ client computer တွေကို permission သက်မှက်နိုင်ခြင်း၊ client computer တွေကို resource management ပြုလုပ်နိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

နောက်တစ်ပါတ်မှာ အရေအတွက်ပေါ်မူတည်ပြီး network အမျိုးအစား ခွဲခြားခြင်းအပိုင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

TWH

Leave a Reply