“ကတိမတည်တဲ့ ဝန်ကြီးချုပ်ကို ပိုင်ဆိုင်နေရတာ ပြည်နယ်အတွက် အဘက်ဘက်က ဆုံးရှုံးနစ်နာရတယ်လို့ ပြောချင်တယ်”

0
94

ခွန်သောမတ်စ်(ကရင်နီပြည်လူငယ်များ သပိတ်ကော်မတီ)

#လွိုင်ကော်ဗိုလ်ချုပ်ရုပ်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းချက်

#ကျော်သူမြင့်ဆက်သွယ်မေးမြန်းသည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ရွှေ့ပြောင်းရေးအတွက် ကယားပြည်နယ်အစိုးရနှင့် ကရင်နီပြည်လူငယ်များ သပိတ်ကော်မတီတို့ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်း ရှိုက ရွှေ့ပြောင်းမပေးနိုင်ဟု အဖွင့်စကားတွင် ပြောဆိုခဲ့ပြီးနောက် ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သတ်၍ သပိတ်ကော်မတီမှ ခွန်သောမတ်စ်အား မေးမြန်းထား သည်ကို ဖော်ပြလိုက်ပါသည်။

FWN – ဒီနေ့ပြည်နယ်အစိုးရနဲ့ ဆွေးနွေးပွဲပျက်တဲ့အကြောင်း ပြောပြပါ။
Thomas – ဒီကနေ့ဆွေးနွေးပွဲ ပျက်သွားပါတယ်။ ဘာကြောင့် ပျက်သွားတယ်ဆိုတာက (၇) ရက်နေ့ မှာ သဘောတူထားတဲ့ သဘောတူညီချက်တွေကို ကယားပြည်နယ်အစိုးရက လေးစားလိုက်နာမှုမ ရှိခဲ့လို့ ပျက်သွားတာဖြစ်ပါတယ်။

FWN – လေးစားလိုက်နာမှုမရှိဘူးဆိုတာ ဘာကြောင့်လဲ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုက ဘယ်လိုရှိပါသလဲ။
Thomas – အဓိကက (၇) ရက်နေ့မှာ သဘောတူထားကြတယ်။ ကြေးရုပ်ရွှေ့ပြောင်းရေးကိစ္စကို အားလုံးက သဘောတူထားကြတယ်။ သို့သော် ဒီနေ့ဝန်ကြီးချုပ်ရဲ့ အဖွင့်အမှာစကားမှာ ကိုယ်တိုင် က ကြေးရုပ်ကို လုံးဝမရွှေ့ပေးနိုင်ဘူး ပြောလာတဲ့အတွက် ကျွန်တော်တို့ ဆွေးနွေးပွဲပျက်သွားရ ခြင်းဖြစ်တယ်။ ဆက်ပြီးဆွေးနွေးနေလဲ ကျွန်တော်တို့ အဖြေထွက်မှာမဟုတ်ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ ဆွေးနွေးပွဲပျက်သွားရတာဖြစ်ပါတယ်။

FWN – (၇) ရက်နေ့ဆွေးနွေးပွဲတုန်းက ဖွဲ့ခဲ့တဲ့ ကြေးရုပ်ရွှေ့ပြောင်းရေးကော်မတီကရော အသက် ဝင်သေးရဲ့လား။
Thomas – အဲ့ကော်မတီကတော့ ဒီနေ့အခြေအနေအရ ပျက်သွားတဲ့ပုံစံမျိုးတော့ဖြစ်သွားတာပေါ့။ သူ က ကျွန်တော်တို့နဲ့ ပြည်နယ်အစိုးရကြားမှာ စေ့စပ်ညှိနှိုင်းပေးရတာဖြစ်တယ်။ ဒီနေ့ ကယားပြည် နယ်အစိုးရဝန်ကြီးချုပ်ရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် ဒီကော်မတီက ပျက်ပြီလို့ပဲ ကျွန်တော်တို့က ယူဆပါတယ်။

FWN – ဒီလ(၃၁) ရက်နေ့မှာ ဆွေးနွေးဖို့ သဘောတူညီချက်က အရင်ကရှိခဲ့တော့ အဲ့ဒီနေ့မှာ ဆွေး နွေးပွဲ ဖြစ်နိုင်အုံးမလား။
Thomas – ကျွန်တော်တို့ကတော့ မဖြစ်နိုင်တော့ဘူးလို့တော့ ကျွန်တော်တို့ ပြောလိုက်တယ်။ အဲ့လိုပဲ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတော့ ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီကိုလည်း ဖျက်သိမ်းလိုက်ပြီဆိုတော့ မတွေ့နိုင်တော့ဘူး။

FWN – သပိတ်ကော်မတီကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းရှင်းပြပေးပါ။
Thomas – အဓိကကတော့ ဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်ဖို့အတွက်က သပိတ်ကော်မတီတစ်ခုထဲနဲ့ မဆိုင်တော့ဘူး ပြည်သူလူထုတစ်ရပ်လုံးနဲ့ဆိုင်တယ်။ နောက်ပြီးတော့ ကရင်နီပြည်မှာရှိတဲ့ မျိုးနွယ် စုအားလုံး ဒီအရေးမှာပါတယ်။ အဓိကပြောရရင် ကျွန်တော်တို့ရဲ့ ဦးဆောင်မှုနဲ့တင်မရတော့ဘူး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဦးဆောင်မှုနဲ့ ကြေးရုပ်ကို ကန့်ကွက်သွားမယ်။ ကြေးရုပ်ရွေ့ပြောင်းရေး ကိစ္စကို ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုပေါင်းမှုနဲ့ သွားကြရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချတဲ့အတွက် သပိတ်ကော်မတီကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

FWN – ဒီနေ့ဆွေးနွေးပွဲ ပျက်သွားတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
Thomas – အဓိကပြောချင်တာက တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်း သွားတဲ့နေရာမှာ တွေ့ဆုံညှိနှိုင်း ရေးပီပီ သွားရမှာဖြစ်တယ်။ သို့သော် ဒီကနေ့အဖွင့်မှာကိုက ကြေးရုပ်ကို လုံးဝမရွေ့ပေးနိုင်ဘူးဆို တဲ့ ဘူးခံတာကတော့ လူကြီးလူကောင်းမဆန်ဘူးလို့ ကျွန်တော်အနေနဲ့မြင်တယ်။ ဆွေးနွေးပွဲရဲ့ ရ လာဒ်တွေကိုလဲ ပြန်ပြီးချိုးဖောက်တယ်လို့မြင်တယ်။ ကရင်နီပြည်လူထုရဲ့ ဆန္ဒကို လှစ်လျူရှုလိုက် တယ်။ အဲ့ဒီလို ဝန်ကြီးချုပ်ကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရတာ ပြည်နယ်အတွက် အင်မတန်စိုးရိမ်စ ရာကောင်းတဲ့ အခြေအနေလေးတွေ ရင်ဆိုင်နေရတယ်။ နောက်တစ်ခုက ကတိမတည်တဲ့ ဝန်ကြီး ချုပ်ကို ပိုင်ဆိုင်နေရတာကတော့ ကျွန်တော်တို့ ပြည်နယ်အတွက် အဘက်ဘက်က ဆုံးရှုံးနစ်နာရ တယ်လို့ ပြောချင်တယ်။

#TheFifthWave

Leave a Reply