အောင်သပြေရွာသားများကို ရဲအင်အားဖြင့်ပစ်ခတ်ဖြိုခွင်း၊ ပစ်ခတ်ဖြိုခွင်းမှုအား Live လွှင့်သည့် သတင်းထောက်တစ်ဦး ထိန်းသိမ်းခံရ

0
115

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ကျေးရွာအဝင်လမ်းမှ ကျေးရွာဒေသခံများ တားဆီးပိတ်ဆို့ထားသည်ကို မေလ (၁၅) ရက်နေ့ နံနက် (၄းဝဝ) နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ အင်အားအသုံး၍ ရာဘာကျည်များဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် Channel Mandalay သတင်းထောက်တစ်ဦးနှင့် ကျေးရွာသား (၃) ဦး ဖမ်းဆီးခံခဲ့ရပြီး ကျေးရွာသား (၂ဝ) ကျော် ရာဘာကျည်များထိမှန်ခဲ့သည်။

ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာမှ ရုဏ်းရင်ဆန်ခတ်ဖြစ်ကာ ဆိုင်ကယ်နှစ်စီး မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များကမီးငြိမ်းသတ်ရန် လာရောက်ခဲ့ကာ ဒေသခံများက မီသတ်တပ်ဖွဲ့များကို တားဆီးထားသည်ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော The Fifth Wave သတင်းထောက်က သတင်းပေးပို့သည်။

Photo – Kaung Nay Zaw / MPA

Leave a Reply