ဒေသခံနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်စဉ်ကို သတင်းယူသည့် သတင်းထောက်အား ဖမ်းဆီးမှု ပြန်မလွှတ်ပါက တိုင်းရဲတပ်ဖွဲ့ကို တရားစွဲမည်

0
85

မေ ၁၅
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် ဖြစ်ပွာသည့် ဒေသခံနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်စဉ်ကို သတင်းယူသည့် သတင်းထောက်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပြန်လွှတ်ပေးခြင်းမရှိပါက မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ကို တရားစွဲမည်ဖြစ်ကြောင်း Channel Mandalay TV အယ်ဒီတာချုပ် ကိုမင်းဒင် က ပြောသည် ။

ဖမ်းဆီးခံရသူမှာ Channel Mandalay TV မှ သတင်းထောက် နန္ဒ(တကိုယ်တော်) ဖြစ်ပြီး ဒေသခံနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်စဉ်ကို သတင်းဌာန စာမျက်နှာတွင် တိုက်ရိုက်တင်ဆက်နေခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က ဝတ္တရားနှောက်ယှက်သည်ဆိုကာ ဖမ်းဆီးသွားခဲ့သည် ။

“ကျွန်တော်တို့က အများပြည်သူ သိရှိဖို့အတွက် သတင်းမားက လက်ရှိအခြေအနေကိုတင်ပြပေမယ့် လက်ရှိမှာတော့ ဖမ်းခံနေရတယ် ။မီဒီယာလွတ်လပ်ခွင့်က မရှိဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့ သတင်းထောက်ကို ကျွန်တော်တို့ သတင်းထောက်ကို ဒီရက်ပိုင်းမှာ မလွှတ်ပေးရင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးကို တရားစွဲသွားမယ်။” ဟု Channel Mandalay TV အယ်ဒီတာချုပ် ကိုမင်းဒင် က ပြောသည် ။

Channel Mandalay TV မှ သတင်းထောက် နန္ဒ(တကိုယ်တော်) နှင့် ဒေသခံ (၂) ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၃/၄၃၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ရမာန်ယူထားကြောင်း သိရသည် ။

သတင်းသမားဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မန္တလေးအခြေစိုက် သတင်းသမားများ နှင့် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့ကလည်း ပြန်လွှတ်ပေးရန်ကြေငြာချက်ထုတ်ပြန်ထားသည် ။

Leave a Reply