မြန်​မာ့စီးပွား​ရေးဘဏ်​(ကျိုက်​ထို)တွင်​ ​ငွေကျပ်​သိန်း​လေး​ထောင်​​​ပျောက်​ဆုံး​နေမှု ရဲစခန်းတွင် တိုင်ကြား

0
128

မေ ၁၆
သော်လင်းထက်

မြန်​မာ့စီးပွား​ရေးဘဏ်​​(ကျိုက်​ထို)တွင်​​ငွေကျပ်​သိန်း​လေး​ထောင်​​ပျောက်​ဆုံး​နေသဖြင့်​ ကျိုက်​ထိုမြို့မရဲစခန်းတွင်​အမှုဖွင့်​ထား​ကြောင်းသိရသည်​။

ကျိုက်ထိုမြို့မရဲစခန်းသို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးမှလာ​ရောက်​တိုင်​တန်းခဲ့ခြင်းဖြစ်​သည်​။

ပြီးခဲ့သည့်​ ​မေလ၁၄ရက်​​​နေ့နံနက်​ ၈နာရီ၃၀မိနစ်​တွင်​ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ ငွေတိုက်သော့အား တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းနောက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ၍ အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်းသိရသည်​။

ထို့​ကြောင့်​ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းအား ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)စုံစမ်း​နေ​ကြောင်းသိရသည်​။

Leave a Reply