မိတ္တီလာအမှတ်​ ၁ နယ်​​မြေရဲစခန်းအိမ်​ယာဝန်း​နေ ရဲအုပ်​တစ်​ဦးနှင့်​ ဇနီးဖြစ်​သူ ​ဒဏ်​ရာများဖြင့်​​သေဆုံး​မှုဖြစ်ပွား

0
79

မေ ၁၆
သော်လင်းထက်

မိတ္တီလာမြို့အမှတ်​၁နယ်​​မြေရဲခန်း အိမ်​ယာဝန်း​နေ ရဲအုပ်​တစ်​ဦးနှင့်​ဇနီးဖြစ်​သူ ဒဏ်​ရာများဖြင့်​​သေဆုံ​နေသည်​ကို ယ​နေ့နံက်​ပိုင်းတွင်​​တွေ့ရှိရ​ကြောင်း မိတ္တီလာမြို့မရဲခန်းမှ အတည်​​ပြု ​ပြောကြားချက်​အရသိရသည်​။

“ဟုတ်​ပါတယ်​ ဒီက​နေ့မနက်​ပိုင်းမှ သိရတာပါ ကျန်​တာ​တွေ​တော့ ​ပြောလို့မရ​သေးပါဘူး”ဟု မိတ္တီလာအမှတ်​ ၁နယ်​​မြေရဲစခန်းမှတာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

မိတ္တီလာအမှတ်​၁နယ်​​မြေရဲစခန်း အိမ်​ယာ​ဝန်းအတွင်း ​နေအိမ်​လိုင်းခန်း​တွင်​​နေထို​င်​သည့်​ ရဲအုပ်​တစ်​ဦးနှင့်​ဇနီးဖြစ်​သူတို့ နှစ်​ဦး ​ဒဏ်​ရာများဖြင့်​​သေဆုံး​နေသည်​ကို ယ​နေ့နံနက်​ပိုင်းတွင်​​တွေ့ရှိခဲ့ခြင်းဖြစ်​ပြီး အမှုနှင့်​ပတ်​သက်​၍ ​ပြောကြား၍မရ​သေး​ကြောင်းသိရသည်​။

Leave a Reply