ဘင်္ဂါလီဆန့်ကျင်ရေးအမုန်းစကားတွေရှိနေတယ်လို့ဆိုပြီး မြန်မာတပ်ချုပ်ရဲ့တွစ်တာအကောင့်ကိုရပ်ဆိုင်းထား

0
29

မေ ၁၆
ဥက္ကာ

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာနဲ့ပတ်သက်ပြီး နောက်ကွယ်ကနေစီစဉ်ညွှန်ကြားတယ်လို့ စွပ်စွဲခံထားရသလို တွစ်တာမှာ အမုန်းစကားတွေဖြန့်ချိနေတယ်လို့ဆိုပြီးတိုင်ကြားချက်တွေရှိနေတဲ့ မြန်မာတပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တွစ်တာအကောင့်ကို ရပ်ဆိုင်းလိုက်ပါတယ်။

အခုတစ်ပတ်မှာ @sgminaunghlaingဆိုတဲ့ တပ်ချုပ်ရဲ့တရားဝင်အကောင့်ကို ရပ်ဆိုင်းခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၇၀၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ချိန်မှာ မြန်မာစစ်တပ်က အင်အားအလွန်အကျွံမသုံးဘူးလို့အခိုင်အမာပြောထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကောင့်အခုလိုပိတ်သိမ်းခံရတာဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)မျိုးနွယ်စုအတွက် အောင်ပွဲကြီးတစ်ခုဖြစ်တယ်လို့ ထင်ရှားတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အရေးတက်ကြွလှုပ်ရှားသူ ထွန်းခင်က ပြောပါတယ်။

ကုလသမဂ္ဂက မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်ဖို့ တောင်းဆိုခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်မှာ လူမှုကွန်ရက်ကို ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ဆန့်ကျင်ရေးဝါဒဖြန့်ဖို့အသုံးပြုတယ်လို့စွပ်စွဲခံနေရတဲ့ တပ်ချုပ်ရဲ့Facebook Pageလည်းဖျက်သိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က တွစ်တာရုံးချုပ်ရှိတဲ့ဆီလီကွန်တောင်ကြားမှာ တွစ်တာရဲ့အမှုဆောင်တွေနဲ့ မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ထွန်းခင်တို့တွေ့ဆုံခဲ့ပြီး ဘာကြောင့် တပ်ချုပ်ရဲ့အကောင့်ရှိနေသေးလဲဆိုတာမေးခွန်းထုတ်ခဲ့ပြီးတဲ့နောက် အကောင့်ရပ်ဆိုင်းခံခဲ့ရတာပါ။

တပ်ချုပ်ရဲ့အကောင့်ဟာ တစ်နှစ်လောက်အသုံးပြုထားတာမရှိပေမဲ့ ရပ်ဆိုင်းထားတာကို သိသာထင်ရှားတဲ့သင်္ကေအနေနဲ့ ကြိုဆိုဂုဏ်ပြုနေပါတယ်။

“အမုန်းတရားတွေဖြန့်ချိပြီး သူ့ကိုယ်သူကာကွယ်တဲ့ဝါဒဖြန့်တာတွေလုပ်နေတဲ့ သူ့အကောင့်ကို Facebookလိုပဲ တွစ်တာက ဖျက်ခဲ့တယ်ဆိုတဲ့အချက်က ရိုဟင်ဂျာတွေအတွက် အောင်ပွဲတစ်ခုပဲ”လို့ ထွန်းခင်ကပြောပါတယ်။

မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရာမှာ နောက်ကွယ်ကနေစီစဉ်ညွှန်ကြားတဲ့လူပဲ။ တူညီတဲ့ရည်ရွယ်ချက်နဲ့ အာဏာရှင်နိုင်ငံကအသုံးပြုတဲ့အကောင့်တွေကို ဖျက်သိမ်းနေတဲ့လမ်းစဉ်နောက်ကို တွစ်တာလည်း လိုက်လာတယ်ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။”လို့လည်း ထွန်းခင်ကပြောပါတယ်။

Source-The Guardian

#TheFifthWaveNews

Photo-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply