တောင်ဒဂုံက ဝတ်ပြုနေအိမ် ၃ လုံး ရဲတပ်ဖွဲ့က လုံခြုံရေးပေး

0
28

မေ ၁၆
သော်လင်းထက်

ဒဂုံမြို့သစ်​​ (​တောင်​ပိုင်း)မြို့နယ်​ ၁၀၆ရပ်​ကွပ်​အတွင်းရှိ အစ္စလာမ်​ဘာသာဝင်​များ ဝတ်​ပြုခွင့်​​ရထားသည့်​ ​နေအိမ်​သုံးလုံးနှင့်ပတ်​သက်​၍ လူအင်​အား ၁၀၀​ကျော်​ခန့်​ကဝတ်​ပြုမှုကိုတားဆီးခဲ့​သည့်​ဖြစ်​စဉ်​တစ်​ခုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ ​ဒဂုံမြို့သစ်​(​တောင်​ပိုင်း) ၁၀၆ရပ်​ကွပ်​​အတွင်း ​​​​​ဒဂုံမြို့သစ်​​တောင်​ပိုင်း မြို့မရဲစခန်းမှလုံခြုံ​ရေးများချမှတ်​ထား​​ကြောင်း ​ဒဂုံမြို့သစ်​​တောင်​ပိုင်း မြို့မရဲစခန်းမှ စခန်းမှုးဦးစိုးဝင်းက​ပြောသည်​။

“ကျွန်​​တော်​က​တော့ ဒီမြို့မစခန်းမှူးတစ်​​ယောက်​အ​နေနဲ့ ကိုယ်​နိုင်​တာ​လေးကိုလုပ်​တာပါ ပြည်​သူလူထု​တွေ ပြသနာမဖြစ်​​အောင်​ ကိုယ်​နိုင်​တာကိုထိန်းတာ လုံခြုံ​ရေးပိုင်းကိုလည်းလုံလုံ​လောက်​​လောက်​ချထားပါတယ်​ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့က ​သေ​သေခြာခြာ​လေးလုပ်​ထားပါတယ်​ ဘာမှစိုးရိမ်​စရာမရှိပါဘူး”ဟု​ဒဂုံမြို့သစ်​​တောင်​ပိုင်း မြို့မရဲစခန်းမှစခန်းမှူး ဦးစိုးဝင်းက​ပြောသည်​။

ပြီးခဲ့သည့်​​မေ ၁၅ရက်​ညက မျိုးချစ်​ရဟန်း​တော်​များအဖွဲ့နှင့်​ ရပ်​ကွပ်​​နေပြည်​သူများက အစ္စဘာသာဝင်​များဝတ်​ပြုခွင့်​ရထားသည့်​​နေ့အိမ်​၃ခုအား လူ​စု​လူ​ဝေးဖြင့်​​ရောက်​လာက ဝတ်​ပြုမှုကိုတားမြစ်​ခဲ့ခြင်းဖြစ်​သည်​။

ယခုလက်​ရှိတွင်​ ၄င်းရပ်​ကွက်​အတွင်း ဝတ်​ပြုခွင့်​ရထားသည့်​​နေအိမ်​သုံးလုံးတွင်​ ဝတ်​ပြုမှုမပြုလုပ်​ရန်​တားမြစ်​ထားပြီး ရန်​ကုနတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ပြန်​လည်​ခွင့်​ပြုမှသာ ဝတ်​ပြု၍ရမည်​ဖြစ်​​​ကြောင်းသိရသည်​။

Photo -ဝေယံ

Leave a Reply