အောင်​သ​ပြေရွာမှ ရာအိမ်​မှူးပါ (၃) ဦးအား ဖမ်းဆီး

0
45

မေ ၁၆

နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းကို ကန့်ကွက်နေသည့် ​အောင်​သ​ပြေ​ကျေးရွာမှ ရာအိမ်​မှူးပါ (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည် ။

၎င်းတို့ကို ပုသိမ်​ကြီးမြို့နယ်​ ရဲတပ်​ဖွဲ့က ​တွေ့ဆုံညှိနှိုင်းလို​ကြောင်း အ​ကြောင်းကြားခဲ့သည့်​အတွက်​ သွား​ရောက်​စဉ်​ ဖမ်းဆီးထိန်းသိမ်းလိုက်​​ခြင်း ဖြစ်ကြောင်း သိရသည် ။

“ပုသိမ်​ကြီးက ရဲ​တွေ ခေါ်လို့ မနက်ကသွားကျတာ ​နေ့လည်​ လောက်​ကျ​တော့ ဖုန်​ဆက်​လာတယ်​။ မိန်းမ​ရေ ငါ​တော့ ဖမ်းခံရပြီဆိုပြီး ဆက်​လာတာ။ ဖုန်းဆက်​လာ​တော့လည်း ဖုန်းကို လုတယ်​ထင်​တယ်​။ ဖုန်း​ပြောခွင့်​ မရှိ​တော့ဘူးလို့ ​ပြော​နေတာ​တွေ ကြားရတယ်​။´´ ဟု ရာအိမ်​မှူး ဦးမိုးလင်း၏ ဇနီးဖြစ်​သူ ​ဒေါ်​ရင်​ရင်​​ထွေးက ​ပြောသည်​။

အောင်သပြေကျေးရွာမှ ရာအိမ်မှူး ပါ (၃) ဦးကို ဖမ်းဆီးထားပြီး အိုးဘိုအကျဉ်းထောင်တွင် ချုပ်ထားကြောင်း ရဲစခန်း က အတည်ပြုပေးသည် ။ယင်း​ပြောကြားချက်​နှင့်​ပက်​သက်​ပြီး ပုသိမ်​ကြီးမြို့မ ရဲစခန်းသို့ ဆက်​သွယ်​​မေးမြန်းရာ ဖမ်းဆီးထားသည်​မှာ မှန်​ကန်​​ကြောင်း တာဝန်​ကျ ရဲအရာရှိက အတည်​ပြုသည်​။

ယခုအချိန်တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်ဖြင့် အောင်သပြေကျေးရွာ အဝင်လမ်းတွင် စောင့်ဆိုင်းလျှက်ရှိပြီး ဒေသခံအချို့ကို ဖမ်းဆီးဖို့ ဆောင်ရွက်နေကြောင်း သိရသည် ။

မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။

Leave a Reply