မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဆုတ်သွေးကြောအတွင်းသွေးခဲ၍ ကွယ်လွန်

0
150

မန္တလေး ၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော အသက်(၆၈)နှစ်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်၀၀:၂၅နာရီ အချိန်က အဆုတ်သွေးကြောအတွင်းသွေးခဲ၍ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ဇန်နဝါရီလ ၃ ရက်နေ့က ဦးနှောက်သွေးကြောပေါက်ခဲ့သည့်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ခွဲစိပ်မှုပြုလုပ်ခဲ့ရာ အောင်မြင် ခဲ့သော်လည်း ခြေထောက်တွင် သွေးခဲမှုဖြစ်ခဲ့ပြီး အဆုတ်သွေးကြော သွေးခဲ၍ မန္တ​လးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး မှာ သေဆုံးခဲ့ကြောင်း သိရသည် ။

ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၏ ရုပ်အလောင်း ကို မန္တလေးမြို့ ၃၅ လမ်း ၆၅ × ၆၆ ကြားရှိ ရှမ်းတိုင်းသားများ သာရေး နာရေးအသင်းရုံးတွင် မွန်းလွဲ ၁၂:၃၀နာရီခန့်၌ ပင့်သံဃာများမှ သရဏဂုံတင်သုဘရှုခင်းကိစ္စဆောင်ရွက်မည်ဖြစ်ပြီး မွန်းလွဲ(၃:၀၀) နာရီအချိန် တွင် တောင်အင်းမြောက်အင်းသုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ပါသည်။

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် (၂၀၁၅)ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး (၂၀၁၆)ခုနှစ် ဧပြီလပထမအပတ်တွင် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး နှင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် သဘာပတိအဖြစ် အတည်ပြု ရွေးချယ်ခန့်အပ်ခံခဲ့ရသည်။

နိုင်လင်းဦး

Leave a Reply