အာရှမှာ ပထမဆုံးအနေနဲ့ ထိုင်ဝမ်မှာ လိင်တူလက်ထပ်ခွင့်ပြု

0
99

မေ ၁၇
နိုင်ငံတကာသတင်း

ထိုင်ဝမ်လွှတ်တော်က သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လိင်တူလက်ထပ်ခွင့်အတည်ပြုခဲ့ပြီး ထိုင်ဝမ်ဟာ အာရှမှာ ပထမဆုံးလိင်တူလက်ထပ်ခွင့်ပြုခဲ့တဲ့နေရာဖြစ်လာပါတယ်။

၂၀၁၇ ခုနှစ်မှာ ထိုင်ဝမ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လိင်တူစုံတွဲတွေမှာ တရားဝင်လက်ထပ်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော်ကို အချိန် ၂ နှစ်ပေးထားပြီး မေ ၂၄ ရက်နောက်ဆုံးအပြောင်းအလဲတွေပြုလုပ်ပြီး အတည်ပြုပေးရမှာပါ။

လွှတ်တော်အမတ်တွေက ဥပဒေ ၃ ခုကို အခြေအတင်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အစိုးရတင်သွင်းတဲ့ဥပဒေနဲ့ လိင်တူပေါင်းစည်းခွင့်ဥပဒေတွေကို အတည်ပြုခဲ့တာပါ။

လိင်တူလက်ထပ်ခွင့်ပြုတယ်ဆိုတဲ့အမိန့်ကို ထိုင်ဝမ်ကျွန်းမြို့တော်တိုင်ပေက တရားရုံးအပြင်ဘက်မှာ လိင်တူအခွင့်အရေးထောက်ခံတဲ့လူရာချီက စောင့်ဆိုင်းခဲ့ကြပါတယ်။

မဲရလဒ်တွေထွက်လာပြီး ဥပဒေအတည်ပြုတယ်လို့ကြားလိုက်ရချိန်မှာ အော်ဟစ်ပျော်ရွှင်တာနဲ့ဝမ်းသာပြီးငိုခဲ့တာတွေရှိပါတယ်။

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တွေတင်သွင်းတဲ့ နောက်ထပ်ဥပဒေကြမ်း ၂ ခုက လိင်တူစုံတွဲတွေပေါင်းဖက်တာကို လိင်တူမိသားစုဆက်ဆံရေး ဒါမှမဟုတ် လိင်တူပေါင်းစည်းမှုလို့ ရည်ညွှန်းပါတယ်။

ဒါပေမဲ့ အစိုးရကတင်သွင်းပြီး ကလေးမွေးစားခွင့်အကန့်အသတ်နဲ့ပေးတဲ့တဲ့ဥပဒေကြမ်းကို မဲခွဲရာမှာ ထောက်ခံမဲ ၆၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲရခဲ့ပါတယ်။

ထောက်ခံမဲတွေကို နေရာအများစုရထားတဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအမတ်တွေက တင်သွင်းခဲ့တာပါ။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဥပဒေကို အတည်ပြုလိုက်တာနဲ့ အဲဒီဥပဒေက အသက်ဝင်တော့မှာပါ။

အစိုးရက တင်သွင်းတဲ့ဥပဒေကပဲ သူတို့လက်ခံတဲ့ပုံစံဖြစ်တယ်လို့ လိင်တူအရေးတက်ကြွလှုပ်ရှားသူတွေက မဲမပေးခင်မှာ ပြောပါတယ်။

ဒီနေ့မဲပေးတာက နိုင်ငံရဲ့သမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်လာနိုင်တယ်လို့ ဆိုင်က အစောပိုင်းတုန်းက တွစ်တာမှာပြောထားပါတယ်။

၂၀၁၇ ခုနှစ်က အခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့အမိန့်အပြီးမှာ ဝေဖန်မှုတွေရှိခဲ့လို့ လူထုဆန္ဒခံယူမှုတွေလုပ်ခဲ့ရမှာ ကန့်ကွက်သူအများစုရှိခဲ့ပါတယ်။

ကန့်ကွက်သူတွေက လက်ထပ်တယ်ဆိုတာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပေါင်းစည်းတာကိုပဲ ဆိုလိုတာလို့ ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာဥပေးမှာပါဝင်နေတဲ့ လက်ထပ်ခြင်းရဲ့အဓိပ္ပာယ်ကိုမပြင်ဘဲနဲ့ လိင်တူလက်ထပ်ခွင့်အတွက် အထူးဥပဒေတစ်ရပ်ပြဌာန်းသွားမယ်လို့ ထိုင်ဝမ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews
Photo-HRW

Leave a Reply