ဘောလုံးကွင်းပွဲကြည့်စင် (၃)လွှာမှ အမည် မသိအမျိုးသားတစ်ဦး ပြုတ်ကျကာ သေဆုံး

0
191

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊
န၀ဒေဘောလုံးကွင်းအတွင်း၌ ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဆောက်လက်စပွဲကြည့်စင် (၃)လွှာမှ အမည်မသိ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ သိရသည်။

“Dead bodyကိုမြောက်ဥက္ကလာဆေးရုံကြီးကို ပရဟိတ အသင်းကို အကူညီတောင်းပြီး ပို့ပေးလိုက်တယ်။ ရင်ခွဲစမ်းသပ်နေပါတယ်”ဟု
မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူမှပြောသည်။

ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မရမ်းကုန်းမြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊
န၀ဒေးဘောလုံးကွင်းအတွင်းရှိ ဆောက်လက်စပွဲကြည့်စင် (၃)လွှာမှ
အမည်မသိအမျိုးသားတစ်ဦး ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၄၅)နှစ်ခန့်ရှိသော အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး
ဝဲချိုစောင်းပွန်းပဲ့၊ ယာလက်မောင်းရင်းပြုတ်၊ ၀မ်းဗိုက်ပွန်းပဲ့၊ ဦးခေါင်းကွဲ၊ ၀ဲ/ယာခြေထောက်များ ပွန်ပဲ့ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

၎င်းနေရာအနီး၌ ရှိနေသူများ၏ ပြောကြားချက်အရ နံနက် ၁၀နာရီ ၃၀ အချိန်ခန့်တွင်ဆောက်လက်စ ဒုတိယထပ်လှေကားဘေးရှိ ငြမ်းစင်များ လှုပ်ခတ်သွားသဖြင့် သွားရောက်ကြည့်ရှုစဉ် အဆိုပါ အမျိုးသားမှာ တိုက်အောက်ကြမ်းပြင်၌ ဘေးစောင်းအနေအထားဖြင့် လဲကျ သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသူ ဓာတ်ပုံရှင်အမျိုးသားနှင့်ပတ်သက်၍ သိရှိပါကပြည်သူများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199၊ ၀၁-၂၃၂၃၁၉၉ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၃၇၆၁၆၆
မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၀၁-၆၆၀၉၈၀မရမ်းကုန်းမြို့မရဲစခန်း ၀၁-၆၆၀၃၅၂ စသည့်ုဖုန်းများသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင်ကြောင်း နှင့် အဆိုပါဖြစ်စဉ်အား မရမ်းကုန်းမြို့မရဲစခန်းမှ သေမူသေခင်း ၁/၂၀၁၈ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြတ်ဟိန်းကျော်

Leave a Reply