စစ်ကိုင်းတွင် နှင်းဆီဖြူကမ်ပိန်း ပြုလုပ်

0
59

မေ ၂၁
နိုင်လင်းဦး

စစ်ကိုင်းမြို့ မြို့မဗလီဝတ်ကျောင်းတော်တွင် ဗုဒ္ဓဘာသာဝင်များနှင့် ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ မေလ ၂၀ ရက်နေ့ ညပိုင်းက နှင်းဆီဖြူကမ်ပိန်း ပြုလုပ်ခဲ့သည် ။

အဆိုပါ နှင်းဆီဖြူကမ်ပိန်းသည် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆောင်ကို တားဆီးပိတ်ပင်တာနဲ့ ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

“အဓိကကတော့ အားလုံးသိပြီးကြပြီဖြစ်မှာပါ ။ ရန်ကုန်မှာဖြစ်တဲ့ ကိစ္စမှာ အာရှအလင်းရောင်ဆရာတော်တို့ ကိုသက်ဆွေဝင်းတို့က ဒီကမ်ပိန်းစလုပ်တယ် ။ ဒါနဲ့ စစ်ကိုင်းမှာလည်း ဒီလိုလုပ်ဖြစ်တာပါ ။ ဒါဟာလည်ူ အစ္စလာမ်ဘာသာဝင်ရဲ့ ဥပုသ်လမှာ မေတ္တာပြတဲ့အနေနဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာတွေက ဒီကမ်ပိန်းလုပ်တာပါ။´´ဟု The sea gull အဖွဲ့ မှ မစုချစ် က ပြောသည် ။

နှင်းဆီဖြူကမ်ပိန်းမှာ လူငယ် အယောက် (၃၀) နီးပါး ပါဝင်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ဝါဖြေအပြီး ဗလီမှထွက်ခွာသည့်အချိန်တွင် နှင်းဆီဖြူများကို ကမ်းပေးခြင်းဖြစ်သည် ။

လွန်ခဲ့သည့် မေလ ၁၅ ရက်​နေ့ ညပိုင်းအချိန်က မျိုးချစ်​ရဟန်း​တော်​များအဖွဲ့နှင့် လူတစ်စုတို့က အစ္စဘာသာဝင်​များ ဝတ်​ပြုခွင့်​ရထားသည့် နေအိမ်​ (၃) အိမ်ကို လူ​စု​လူ​ဝေးများနှင့်ရောက်​ရှိပြီး ဝတ်​ပြုခြင်းကို တားမြစ်​ခဲ့ကြောင်း သိရသည် ။

Leave a Reply