မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို ထပ်မံဝရမ်းထုတ်

0
107

မေ ၂၃

သော်လင်းထက်

မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးက ယနေ့တွင် ထပ်မံဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဝတ်ပြုဆုတောင်းပွဲကို ပိတ်ပင်မှုကြောင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးအား မေလ၁၆ရက်ပါရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး ယနေ့မေ၂၃ရက်တွင် ဆင့်ခေါ်ထားသည်။

ထိုသို့ဆင့်ခေါ်ထားသော်လည်း မိုက်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့နှစ်ဦးလုံး တရားရုံးသို့လာရောက်ခဲ့ခြင်းမရှိဘဲ ဖမ်းဝရမ်းလာသွင်းသည့်ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဖမ်းဝရမ်းပြန်သွင်းခဲ့သည်။

“မတ်လ၆ကိုပြန်ချိန်းပြီး ဖမ်းဝရမ်းပြန်ထုတ်ထားတယ် ကျန်တာတော့မပြောလို့မရသေးဘူး”ဟု ပြန်ကြားရေးအရာရှိ ဒေါ်စန္ဒာမြင့်ကပြောသည်။

လက်ရှိတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့နှစ်ဦးအား ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားသည်။

ဓာတ်ပုံ ဝေယံ

Leave a Reply