အရန်မီးသတ်​တပ်​ဖွဲ့ယူနီ​ဖောင်းဝတ်​ဆင်​၍ ငွေလိုက်လံတောင်းခံသူအား ဖမ်းဆီးရမိ

0
80

မေ ၂၄

နိုင်လင်းဦး

မန္တလေးမြို့တွင် အရန်မီးသတ်​တပ်​ဖွဲ့ယူနီ​ဖောင်းဝတ်​ဆင်​၍ ငွေလိုက်လံတောင်းခံသူအား မေလ ၂၂ ရက်နေ့က အောင်​နန်း/အရှေ့ရပ်ကွက် အရန်​မီးသတ်​စခန်း​ရှေ့တွင်​ ဖမ်းဆီးရမိ​ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ က သိရသည် ။

အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ထာသူသည် မီးသတ်စခန်းတစ်ခုရှေ့ရှိ တည်းခိုခန်းတွင် ဝင်ရောက်ငွေကြေးတောင်းခံနေသည်ကို အခြားအရန်မီးသတ်တပ်ဖွဲ့ဝင်များ မြင်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည် ။

“အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ပြီး ငွေတောင်းသူက အမှန်တကယ် မီးသတ်ထဲကလည်း မဟုတ်ဘူး။ ဒါ့ကြောင့် အယောင်ဆောင်မှုနဲ့ အမှုဖွင့်ထားတယ်” ဟု မန္တလေးခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထက်အောင် က ပြောသည် ။

အလားတူ အရန်မီးသတ် အယောင်ဆောင်၍ အလှူခံမှုများ၊ ငွေကြေးတောင်းခံမှုများရှိလာပါက သတိရှိနိုင်ရန်အတွက် ဟောပြောပွဲများတွင် ထည့်သွင်း အသိပေးမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်၍ ငွေကြေးတောင်းခံသူ အောင်​​ကျော်​ဆန်း(၃၈)နှစ်​အား အမှတ်​(၈)မြို့ မရဲစခန်းမ​တွင် (ပ)၄၈၆/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ – ၁၇၁ ဖြင့်​ အမှုဖွင့် အ​ရေးယူ​ဖမ်းဆီးထားကြောင်းသိရသည်​။

Leave a Reply