Myanmar Now အယ်ဒီတာချုပ်အမှု တရားလို စတင်စစ်ဆေး

0
191

မန္တလေး ၊ ဇန်န၀ါရီ ၁၆ ၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဇန်နဝါရီလ ၁၆ ရက်နေ့ ရုံးချိန်း၌ တရားလို ကိုကျော်မျိုးရွှေ ကို ပထမဆုံးအကြိမ်စစ်ဆေးခဲ့ပါသည်။

တရားလို ကိုကျော်မျိုးရွှေသည် ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုခံထားရသောကြောင့် ထောင်အတွင်း အချုပ်ကျခံနေရသည်။ ထိုအပြင် တရားလိုမှာ အရိုးကင်ဆာဖြစ်ပွားနေသောကြောင့် ရုံးချိန်းများကို ခွင့်ဖြင့် ပျက်ကွက်နေပြီး ကြန့်ကြာနေကြောင်း သိရသည်။

“ဒီနေ့က တရားလိုကို စစစ်တာ ၊အရင်က စစ်မယ်ဆိုပြီး ရုံးချိန်းပေမယ့် တရားလိုက ဆေးစာနဲ့ ခွင့်တိုင်တာတွေရှိတယ် ။ ရုံးချိန်းက စုစုပေါင်း ၁၅ ချိန်းကျော်နေပြီ ။ ခုမှ တရားလိုစစ်ဆေးဖြစ်တာပါ “ဟု ကိုဆွေဝင်း ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောသည် ။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာ ဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

နိုင်လင်းဦး

Leave a Reply