ကာမအားတိုးဆေးများနှင့် ထုတ်သည့်ဆက်စပ်ပစ္စည်းများ ကျောက်ဆည်မှာ ဖမ်းမိ

0
75

မေ ၂၄
ပဉ္စမလှိုင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၊ ကြက်မင်းတွန်ရပ်ကွက်တွင် ကာမအားတိုးဆေးနှင့် ထုတ်လုပ်သည့်စက်များကို ယမန်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်နေ ထွန်းလင်း ၄၂ နှစ်၏နေအိမ်တွင် ကာမအားတိုးဆေးများ ထုတ်လုပ်ရောင်းချနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ ကာမအားတိုးဆေးများ နှင့် ကာမအားတိုးဆေးထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး (၂၀၃၄၆၀၀၀ကျပ်ခန့်)အား တွေ့ရှိသိမ်းဆည်ရမိခဲ့သည်။

ယင်းဖြစ်စဉ်အတွက် ထွန်းလင်း အား ကျောက်ဆည်မြို့မရဲစခန်း (ပ)၃၇၇/၂၀၁၉၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply