မန္တလေးအခြေစိုက် သတင်းဋ္ဌာန တစ်ခုမှ သတင်းထောက်အား ဆက်သွယ်ရေးဥပဒေ ဖြင့် တပ်မတော် အမှုဖွင့်

0
115

မေ ၂၇
နိုင်လင်းဦး

မန္တလေးအခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Channel Mandalay TV မှ သတင်းထောက်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော် က အမှုဖွင့်ထားကြောင်း ပြင်စာရဲစခန်း က သိရသည် ။

သတင်းဌာန မှ သတင်းထောက် ကိုဝင်းနိုင်ဦး သည် “နွားမွေးမြူရေးစီမံကိန်းအကြောင်းပြကာ တောင်သူပိုင်မြေများအား သိမ်းဆည်းနေမှုကို ဆန္ဒထုတ်ဖော်တော့မည်´´ ဆိုသည့် ဗွီဒီယိုသတင်းအား တင်ဆက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ သတင်းအပေါ် အမှတ်​ (၁၂၁) ​ထောက်​ပံ့ရေး နှင့်​ ပို့​ဆောင်​​ရေးတပ်​ရင်းမှ တာဝန်ရှိသူတစ်ဦး က အမှုဖွင့်ခြင်းဖြစ်သည် ။

“ကျွန်တော်က သတင်းစာရှင်းလင်းပွဲလုပ်လို့ သတင်းတင်တာလေ။ တပ်မတော်ကို ထိခိုက်စရာလည်း ဘာမှ ရေးမထားပြောမထားဘူး ။ အခုကမီဒီယာကို သက်သက်ဖိနှိပ်တာ တပ်မတော်အနေနဲ့သတင်းမီဒီယာတွေကို ရန်သူလိုသဘောမထားပဲ မိတ်ဆွေလို ပူးပေါင်းဆောင်ရွက်စေချင်တယ်။ ခြံစည်းရိုးခတ်တဲ့နေ့ကလည်း တပ်မတော်ကအရာရှိကို မီဒီယာတွေက မေးတာ ဖြေစရာမလိုဘူးလို့ပြောသွားတယ် ။ အဲ့ဒီတော့ ကျွန်တော်တို့ ဘက်မျှအောင်ဘယ်လိုလုပ်ရမလဲ ဘယ်သူ့ကိုမေးရမလဲ ဒီမိုကရေစီခရီးကို သွားနေတဲ့အချိန်မှာ ပြည်သူလူထုရဲ့သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်ကို တန်ဖိုးထားဖို့လိုပါတယ် ။ အခုလက်ရှိကတော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာ လုံးဝဆုံးရှုံးနေတယ်ဆိုတာ တစ်နိုင်ငံလုံးက ဖမ်းဆီးခံသတင်းထောက်တွေက သက်သေပါပဲ။´´ ဟု အမှုဖွင့်ခံထားရသည့် သတင်းထောက် ကိုဝင်းနိုင်ဦး က ပြောသည် ။

အမှုဖွင့်ထားသည်မှာ ရဲတပ်ဖွဲ့က ဖွင့်ခြင်းမဟုတ်ပဲ တပ်မတော်က လာရောက်ဖွင့်ခြင်းဖြစ်ပြီး မေလ ၂၈ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ် သန်းဇော်ဦး က ပြောသည် ။

Leave a Reply