ဂျပန်မှာ လူအုပ်ကြားထဲ ဓားနဲ့ဝင်ထိုးလို့ မူလတန်းကလေး ၁၅ ယောက်အပါအ၀င် လူ ၁၇ ယောက်ဒဏ်ရာရ

0
116

မေ ၂၈
နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာ လူအုပ်ကြားထဲဓားနဲ့ဝင်ထိုးလို့ ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်လူ(၁၇)ယောက်ဒဏ်ရာရခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့ကပြောပါတယ်။

ဓားနဲ့ဝင်ယမ်းတယ်လို့ယူဆရတဲ့လူလည်း သူ့ကိုယ်သူဓားနဲ့ပြန်ထိုးထားတဲ့ဒဏ်ရာတွေနဲ့သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကာဝါစာကီမြို့ကပန်းခြံနဲ့နီးတဲ့လမ်းမတစ်ခုမှာ အင်္ဂါနေ့မနက်ပိုင်းက ဓားနဲ့ဝင်ယမ်းတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

မူလတန်းကလေး ၁၈ ယောက်အပါအ၀င် လူ ၁၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက အစောပိုင်းမှာပြောထားတာပါ။

အသက် ၃၀ လောက်ရှိတဲ့လူတစ်ယောက်နဲ့ နောက်ထပ်ကလေးတစ်ယောက်က သေစေနိုင်တဲ့ဒဏ်ရာမျိုးတွေမဟုတ်ဘဲနဲ့ နောက်ထပ်ကလေး ၃ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာလို့သိရပါတယ်။

နောက်ပိုင်းမှာတော့ ကျောင်းသူကလေးမလေးတစ်ယောက်သေဆုံးခဲ့တယ်လို့ ရဲတွေက အတည်ပြုခဲ့တာပါ။

စုံထောက်တွေက အဲဒီဖြစ်ရပ်အတွက် တာဝန်ရှိတယ်ဆိုတယ်လို့ယူဆရတဲ့လူတစ်ယောက်ကိုဖမ်းဆီးခဲ့ပြီး သူက သူ့လည်ပင်းကို ဓားနဲ့ပြန်ထိုးထားလို့ သေဆုံးခဲ့တယ်လို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီလူက ကာဝါစာကီဒေသခံဖြစ်ပြီး အသက် ၅၀ ပတ်ဝန်းကျင်ရှိနေပြီလို့ယူဆရတယ်ဆိုပြီး ရဲတွေကပြောပါတယ်။
တိုက်ခိုက်နေချိန်မှာ အဲဒီလူရဲ့လက်နှစ်ဖက်စလုံးမှာ ဓားတစ်လက်ဆီကိုင်ထားမြင်ရတယ်လို့လည်းပြောပါတယ်။

အခင်းဖြစ်ပွားရာမှာ ဓားနှစ်ချောင်းကိုလည်း တွေ့ခဲ့ရပါတယ်။

ဘာကြောင့်တိုက်ခိုက်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

သက်သာဆိုင်တစ်ဆိုင်ရဲ့ကားပါကင်မှာ လူကြီး ၃ ယောက်ရှိနေတာကိုမြင်ခဲ့ရပြီး သူတို့ထဲကတစ်ယောက်ရဲ့လည်ပင်းကိုလည်း ဓားနဲ့ထိုးခံခဲ့ရသလို ၃ ယောက်စလုံးကို အရေးပေါ်ကုသမှုတွေပေးခဲ့တာကိုမြင်ခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုဓားနဲ့ယမ်းမှုဖြစ်ပွားခဲ့တဲ့နေရာနားမှာ မူလတန်းကျောင်းသားလေးတွေကားစောင့်တဲ့ကားမှတ်တိုင်တစ်ခုရှိတယ်လို့ အဲဒီဒေသခံကပြောပါတယ်။

ဂျပန်ဟာ ကမ္ဘာ့မှုခင်းဖြစ်ပွားမှုအနည်းဆုံးနေရာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဓားနဲ့တိုက်ခိုက်မှုတွေကို တွေ့ကြုံခဲ့ရပါတယ်။

Source-NHK
#ဥက္ကာ
#TheFifthWaveNews
Photo-The Japan Times

Leave a Reply