တစ်ထောင်တန် ထီတွင် သိန်း တစ်သောင်းဆုကြီး တစ်ဆု တပ်တိုးပေးမည်

0
99

မေ ၂၉
ယဉ်ကေနွယ်

ယခုလတွင် ထွက်ရှိမည့် တစ်ထောင်တန်ထီတွင် ထီဆုကြီးအနေဖြင့် ကျပ်သိန်းတစ်သောင်းဆုအား ထပ်တိုးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ ဒီလမှာ ထူးခြားစွာနဲ့ သိန်းတစ်သောင်း ဆု ကို သိန်းတစ်သောင်း၅ထောင်ပြီးရင် သိန်းတစ်သောင်းဆု ကို ဖြည့်စွက်ပြီးတော့ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ အများပြည်သူရဲ့ဝယ်လိုအား ကို တက်လာအောင် နိုင်ငံတော်ဘက်က စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ကပြောသည်။

ယနေ့ နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ၏တတိယတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးကျော်ကျော်မှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆုကြီး ထပ်တိုးချီးမြှင့်ပေးခြင်းသည် ထီလုပ်ငန်းကို အများပြည်သူများအနေဖြင့် စိတ်မ၀င်စားလာမည်ကို စိုးရိမ်သည့် အတွက်ဖြစ်ကြောင်း၊ ထို့အတူ ရောင်းအားမြှင့်တင်ခြင်း အစီအစဉ်အားဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း ဦးကျော်ကျော်ကပြောသည်။

တစ်ထောင်တန်ထီ ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် သိန်းတစ်သောင်းခွဲဆုကို နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်ရှိ အေးမေတ္တာစံလူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောင်းမှ ဆရာတော်မှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ထောင်တန် ထီတွင် ကျပ်သိန်းတစ်သောင်းခွဲဆုကြီး၊ ကျပ်သိန်း ၅ ထောင်ဆုကြီ့း ကျပ်သိန်း နှစ်ထောင်စသည့် ဆုကြီးနှင့် အခြားဆုများ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ထီပေါက်၍ လာမထုတ်မှုများအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ဆုမဲများကိုလည်း ပြန်လည်ထုတ်ဝေပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံတော်ဘဏ္ဍာ သိမ်းထဲက နေပြန်ပြီးတော့ ထီဆုမဲတွေ ပြန်လည်ထုတ်ဝေဖို့ အတွက်ကို ဒါ ပြည်ထောင်စု အစိုးရကို တင်ပြထားပြီး ဖြစ်တဲ့ အတွက် မကြာခင်မှာ ခွင့်ပြုချက်ရတာနဲ့ ဘဏ္ဍာ သိမ်းက ဟာတွေကို ဖြည့်စွက်မယါဆို ထီဆုတွေ များများစားစား ပြည်သူတွေ ကံကောင်းကြအောင် ကျွန်တော်တို့ အနေနဲ့ တစ်ဖက်ကလည်း ထီရဲ့ရောင်းအားကောင်းလာအောင် ထီရောင်းအားကောင်းလာတာနဲ့ အမျှ နိုင်ငံတော်ဘဏ္ဍာငွေ ကို ရလာအောင် ကျွန်တော်တို့ အနေနဲ့ တင်ပြထားပါတယ်”ဟု ၎င်း ကပြောသည်။

Leave a Reply