နေမာ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရ

0
116

ဇွန် ၂
နိုင်ငံတကာသတင်း

ဘရာဇီးဘောလုံးကြယ်ပွင့်နေမာဟာ ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်မှာ အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

နေမာ PSGအသင်းအတွက်ကစားနေတဲ့ပဲရစ်မြို့က ဟိုတယ်တစ်ခုမှာ သူ့ကိုတိုက်ခိုက်ခဲ့တာလို့ အမျိုးသမီးက စွပ်စွဲထားတယ်ဆိုပြီး ဘရာဇီးနိုင်ငံမြို့တော်ဆော်ပေါ်လိုက ရဲတိုင်ချက်မှာပါဝင်ပါတယ်။

နေမာရော၊ ကိုယ်စားလှယ်တွေရောက စွပ်စွဲချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ထားတာမရှိသေးပါဘူး။

နေမာဟာ လက်ရှိမှာ ဘရာဇီးနိုင်ငံအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် လေ့ကျင့်နေပါတယ်။

ရဲတိုင်ချက်အရ နေမာကို အင်စတာဂရမ်ကနေသိခဲ့ပြီး ပဲရစ်မှာတွေ့ဖို့ နေမာက ချိန်းဆိုခဲ့တယ်လို့ အမည်ဘယ်သူဆိုတာမပြောထားတဲ့ အမျိုးသမီးကပြောပါတယ်။

ဘရာဇီးကနေ ပြင်သစ်ကိုလာဖို့ လေယာဉ်လက်မှတ်ကိုလည်း နေမာက၀ယ်ပေးခဲ့ပြီး ပဲရစ်က ဆိုဖီတယ်ပဲရစ်အာ့ဒူထရီရွမ့်ဖ်ဟိုတယ်မှာလည်း အခန်းစီစဉ်ပေးခဲ့ပါတယ်။

မေ ၁၅ ရက်မှာ ဟိုတယ်ကိုနေမာရောက်လာချိန်မှာ အရက်မူးနေပုံရတယ်လို့လည်း အမျိုးသမီးက စွပ်စွဲပါတယ်။

စကားပြောဆိုခဲ့ပြီးနောက် နေမာက ဒေါသထွက်လာပြီး အမျိုးသမီးရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး လိင်မှုကျူးလွန်ခဲ့တယ်လို့ ရဲတိုင်ချက်မှာပါဝင်ပါတယ်။

တခြားနိုင်ငံတစ်နိုင်ငံမှာ သူဖြစ်ခဲ့တဲ့အကြောင်းအရာကို မှတ်တမ်းတင်ဖို့ ကြောက်ပြီး စိတ်တုန်လှုပ်နေလို့ ပြင်သစ်ရဲတပ်ဖွဲ့ဆီမှာ ဒီဖြစ်ရပ်ကို မတိုင်ကြားခဲ့ဘဲ နောက်ထပ်နှစ်ရပ်အကြာမှာ အမျိုးသမီးက ဘရာဇီးကို ပြန်လာတယ်ဆိုပြီး ရဲတိုင်ချက်အရသိရပါတယ်။

ဒါအကွက်ဆင်ထားတာသိသာနေတာပဲလို့ နေမာရဲ့အဖေက ဘရာဇီးရုပ်သံ Band TVကို စနေနေ့မှာပြောပါတယ်။

တောင်အမေရိကနိုင်ငံအသင်းတွေချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ကိုပါအမေရိကပြိုင်ပွဲဟာ ဘရာဇီးနိုင်ငံမှာ ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၇ ရက်အထိကျင်းပမှာဖြစ်ပြီး ဘရာဇီးက အုပ်စု Aမှာ ဘိုလီဗီးယား၊ ဗင်နီဇွဲလားနဲ့ ပီရူးနိုင်ငံတို့နဲ့ တွေ့ကြုံနေရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စိုးရိမ်ရတဲ့အအခြေအနေမဟုတ်ပေမဲ့ ဒူးနာခဲ့လို့ နေမာက လေ့ကျင့်နေတာ ရပ်ထားခဲ့ရပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews
Photo-Neymar Twitter

Leave a Reply