သံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်လောင်းလှူပွဲတွင် လုပ်အားပေး ကျောင်းသား (၂၀၀၀) တိုင်းပညာရေး ဦးစီးမှ ကူညီမည်

0
151

မန္တလေး၊ ဇန်နဝါရီ ၁၈၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ်တွင် ပြုလုပ်မည့် သံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လုပ်အားပေး ကျောင်းသား (၂၀၀၀) မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန မှ ကူညီမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ က သိရသည်။

ထို့အပြင် ပြင်ပမှ လုပ်အားပေးများလည်း ခေါ်ထားပြီး ဇန်နဝါရီလ (၁၇) ရက်နေ့အထိ လုပ်အားပေး ၃၃၀၀ ကျော် စာရင်းပေးပြီး ဖြစ်ကြောင်း ကျင်းပရေးကော်မတီ မှ ဦးစိုးလင်း က ပြောသည်။

“ဒီလောက်အင်အားဆို လုံလာက်မှာပါ ။ လုပ်အားပေးတွေ ထပ်တိုး လာနိုင်တယ် ။ လုပ်အားပေးအတွက် ပူစရာမရှိပါဘူး ။´´ ဟု ကျင်းပရေးကော်မတီ မှ ဦးစိုးလင်း က ဆက်လက် ပြောကြားသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဦးဆောင်ကာ ထိုင်း – မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကျင်းပခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ သံဃာတော်အပါး (၆၀) ပါဝင်မည်ဖြစ်သည် ။

ယင်းသံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူနေချိန်တွင် တစ်လမ်းမောင်း (၁) နေရာ နှင့် လမ်းလွှဲ/လမ်းပိတ် (၉)နေရာ ယာယီသတ်မှတ်သွားမည်ဖြစ်ကြောင်း အမှတ် (၁၄)ယာဉ်ထိန်း တပ်ဖွဲ့ခွဲက သိရသည် ။

နိုင်လင်းဦး

Leave a Reply