မစ်ခိတာရန် အပေါင်း ပေါင်သန်း ၄၀ ဖြင့် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို မန်ယူခေါ်ယူနိုင်ခဲ့ပြီဟုဆို

0
158

ဇန်န၀ါရီ ၁၆ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် အဆုံးသတ်ခဲ့ပြီ ဖြစ်တယ်လို့ Star sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သော အာဆင်နယ် တိုက်စစ်မှူးအတွက် ပေါင်သန်း ၄၀ နဲ့အတူ ကွင်းလယ်လူ မစ်ခိတာရန်ကိုပါ အလိုက်ပေး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ ဆန်းချက်ဇ်ရဲ့ နေရာကို ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်နဲ့ အစားထို့ဖို့ ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်နေပါတယ်။အာဆင်နယ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အသုံးပြုရဖွယ်ရှိနေပြီး ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာပင် အူဘာမီယန်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ အာဆင်နယ်အသင်းမှ ယုံကြည်လျှက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရေး အတွက် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမှာ မန်ယူအသင်းက ခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းနဲ့ အတူ ကာလရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုမှာဖြစ်ပြီး တစ်ပတ်လုပ်ခ အနေဖြင့် ပေါင် ၃ သိန်းရရှိမယ်လို့ သိရပါတယ်။

ဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက ယူနိုက်တက်မှာ ကစားချင်တယ်လို့ ပြောထားခဲ့သူဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ မန်ယူရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ မီဒီယာတွေက ဆိုကြပါတယ်။

နည်းပြမော်ရင်ဟိုအနေဖြင့် ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့မှုကြောင့် မန်ယူအသင်းအတွက် အထောက်အပံ့ ကောင်းများ ရရှိစေနိုင်မယ်လို့ သိရပါတယ်။

NN

Leave a Reply