Yangon Patrol ဆိုင်များကို တစ်တိုင်းလုံး ဖွင့်လှစ်ချင်သော်လည်း မြေရရှိမှု အခက်အခဲရှိဟုဆို

0
150

ဇွန် ၆

ကျော်သူမြင့်

ရန်ကုန်တိုင်းအစိုးရ ကွပ်ကဲမှုဖြင့် ဖွင့်လှစ်ထားသည့် Yangon Patrol စက်သုံးဆီဆိုင်များကို တစ် တိုင်းလုံးဖွင့်လှစ်ချင်သော်လည်း မြေရရှိမှု အခက်အခဲရှိဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ဇွန်လ ၅ ရက်က ပြုလုပ်ခဲ့သည့် တိုင်းအစိုးရ တတိယ(၁)နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“တစ်တိုင်းလုံး ဖြန့်ကျက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အစိုးရကြိုးပမ်းဆောင်ရွက်နေပါ တယ်။ ဒါပေမယ့် မြေရရှိမှု အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အခက်အခဲတချို့ ရှိပါတယ်။ မြေရတော့ ဆိုင်ဖွင့်မယ့် အဆင်ပြေမယ့် နေရာလဲဖြစ်ဖို့လိုပါတယ်။ အဲ့တာကြောင့် အဆင်ပြေနိုင် မယ့် နေရာလဲရှာဖွေနေပါတယ်။ ဆိုင်ခန်းများဖွင့်နိုင်ဖို့ အတွက်ကိုလဲ ကြိုးစားဆောင်ရွက်နေပါ တယ်”ဟု ဦးဟန်ထွန်းက ပြောသည်။

Yangon Patrol ဆိုင်များကို တိုင်းအစိုးရက ဈေးနှုန်းထိမ်းသိမ်းနိုင်ရန်အတွက် ကြီးကြပ်ပေးခြင်း သာဖြစ်ပြီး အစုစပ် ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်ကြောင်း ၎င်းက ပြောသည်။

“Yangon Patrol ကရောင်းချတဲ့ ဆီဈေးနှုန်းနဲ့ အခြားပတ်ဝန်းကျင်ဆိုင်က ရောင်းချနေတဲ့ ဆီဈေး နှုန်း တစ်လီတာ ၆၀ ဝန်းကျင်ကွာပါတယ်။ တစ်ဂါလံဆိုရင် ၂၄၀ ကျော် ၂၅၀ ဝန်းကျင်ကွာခြားနေ တဲ့အတွက် ကျွန်တော်တို့ Yangon Patrol ဆိုင်တွေရှိတဲ့ နေရာမှာ ကားတော်တော်များများ လာ ထည့်ကျတာတွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

မြေနေရာများကို တိုင်းအစိုးရအနေဖြင့် တစ်စတုရန်းပေကို ကျပ်ငွေ ၂၀၀၀ မှ ၄၈၀၀ ကြားရောင်းချ ပေးနေခြင်းဖြစ်ပြီး စက်သုံးဆီဆိုင် ဖွင့်လှစ်မည်ဆိုပါက အဆိုပါ မဏာမဖြင့် ရောင်းချပေးခြင်းသည် ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“စက်သုံးဆီ ပြည်သူတွေသုံးစွဲရမယ့် နေရာတွေများများရဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ မျှော်မှန်းပါတယ်။ ကျွန်တော်တို့က ဟိုတယ်ဖွင့်ဖို့ ပေးနေတာ မဟုတ် ပါဘူး။ ဒီအနေဟာ စက်သုံးဆီဈေးကို ဈေးနှုန်းသက်သာစွာနဲ့ ပြည်သူတွေသုံးစွဲနိုင်ရေး ကျွန်တော် တို့ ကြိုးစားနေတာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

Yangon Patrol ဆိုင်များ၏ စက်သုံးဆီဈေးသည် အရှုံးခံ ရောင်းချခြင်းမဟုတ်ပဲ အမြတ်ရသည့် ဈေးနှုန်းဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

“ကျွန်တော်တို့ မြေရောင်းစားပြီး အကျိုးရှာနေတဲ့ အစိုးရအဖွဲ့ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

Leave a Reply