အောင်ရဲထွေး သေဆုံးမှု ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူ 

0
212

ရန်ကုန် ၊ ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှု အတွက် ဒုတိယအကြိမ် ရုံးထုတ်ရမန်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဇန်န၀ါရီ ၁၈ရက်နေ့ ကပြုလုပ်ခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ပြောင်းလဲစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

အောင်ရဲထွေးကို ဇန်န၀ါရီလ ၁ ရက်နေ့နံနက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ၀င်းအတွင်းပြုလုပ် သည့် ပါတီပွဲတွင်လူတစ်စုက အုပ်စုဖွဲ့ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်မှုများကြောင့် အောင်ရဲထွေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သုဝဏ္ဏနယ်မြေရဲစခန်းက (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သရုပ်ဆောင်အောင်ရဲထွေးမှာ ဆေးကုသမှုခံ ယူခဲ့သော်လည်း ဇန်န၀ါရီလ ၂ ရက်နေ့တွင် ယင်းဒဏ်ရာများဖြင့်သေဆုံးခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အောင်ရဲထွေးကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့် တရားခံများဖြစ်သည့် သန်းထွဋ်အောင်(ခ)သားကြီး ၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး ၊နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ကို ၎င်းတို့၏ မိဘများက သုဝဏ္ဏနယ်မြေရဲစခန်းသို့လာ ရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ကိုဥာဏ်

Leave a Reply