တပ်မတော်က တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အား ရုံးထုတ်

0
121

ဇွန် ၆

သော်လင်းထက်

ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အား အင်းစိန်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ အမှတ် ၄ တရားလိုပြသက်သေ တပ်မတော်စစ်တက္ကသိုလ်မှ ကထိက ဆရာဝန်ဗိုလ်မှူး ဦးကျော်ဌေးဦး ကိုစစ်ဆေးခဲ့သည်။

“ကျောင်းဆရာဖြစ်တဲ့အတွက် ကျောင်းဆရာစိတ်ဓာတ်နဲ့ဖြေတာပါ ကျွန်တော်တို့အတွက်အကျိုးရှိပါတယ်။စွဲဆိုထားတဲ့ ပုဒ်မအရ ဥပမာဗျာ စစ်ပုန်ကန်မှုတွေဖြစ်ပါသလားဆိုရင် ဖြစ်တော့မဖြစ်ဖူး ဖြစ်မှာတော့စိုးရိမ်တယ်လို့ဖြေကြားခဲ့ပါတယ်။စာရေးသူက ပုံနှိပ်ရိုက်ဝေဖြန့်ချီတာ မဟုတ်ဖူး အင်တာနက် ကွန်ရက်မှာဘဲရေးတာဖြစ်တယ်ဆိုလည်း သူလက်ခံပါတယ် ဒီကနေ့စစ်ရတာအေးအေးဆေးဆေးပါပဲ”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောသည်။

အမှုအတွက်​ တရားလိုပြသက်​​သေ တရားလိုပါ ၆ ဦးတင်​ထားပြီး လာမည့်​ရုံးချိန်းကို ဇွန်၂၀ရက်​သို့ပြန်​လည်​ချိန်းဆိုထားသည်​။

ထို့ပြင် ကျန်းမာရေးအခြေနေမကောင်းသောကြောင့် လာမည့် ၁၀ရက်နေ့တွင် အသည်းဆရာဝန်ကြီးနှင့် တွေ့ခွင့်ရမည်ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကယနေ့ရုံးချိန်း အပြီးတွင်ပြောကြား ခဲ့သည်။

Leave a Reply