ဆေးကြောင်ပြီး အိမ်မီးရှို့မှုဖြစ်ပွား

0
136

မန္တလေး၊ ဇန်နဝါရီ ၁၈၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ရေပူကျေးရွာ အုပ်စု အုန်းကိုင်းရွာသစ်ရပ်ရှိ ဘုန်းကြီးကျောင်းအနီးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်က မူးယစ်ဆေးဝါး သုံးစွဲထားသူ တစ်ဦးမှ ဆေးကြောင်ပြီး နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

မီးရှို့သူမှာ အောင်စိုး (၃၉) နှစ်ဖြစ်ပြီး နေအိမ်အပေါ်ထပ်တွင် အဝတ် အထည်များကို မီးရှို့ရင် နေအိမ်ထရံများ မီးလောင်ခဲ့ရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က မီးငြိမ်းပေးခဲ့သည် ။ မီးငြိမ်းပြီးနောက်တွင် နေအိမ် အောက်ထပ်သို့ဆင်းပြီး ထပ်မံမီးရှို့မည်ဟု ပြောသဖြင့် ရပ်ကွက်နေ ဒေသခံများက ဝိုင်းဝန်းဖမ်းစီးရာ အောင်စိုး သည် အရိုး အသွား (၁၃) လက်မရှိ ဓါးဦးချွန်ဖြင့်ရန်ပြုခဲ့သည့်အတွက် လုံးထွေးဖမ်းခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည် ။

ကျူးလွန်သူ အောင်စိုးကို ဖမ်းဆီးရမိပြီး နေအိမ်အတွင်း ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့် ဓါး ၊ လှံတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကျူးလွန်သူ အောင်စိုး အား မိုးကုတ်မြို့မ ရဲစခန်း တွင် (ပ)၁၂/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးရေး ဥပဒေ ဖြင့်လည်းကောင်း ၊ မိုးကုတ်မြို့မ ရဲစခန်း တွင် (ပ)၁၃/၂၀၁၈ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply