AFF Futsal Cup ကို Myanmar Imperial University FC ဝင်ပြိုင်ခွင့်ရ

0
141

ဇွန် ၆
သော်လင်းထက်

ထိုင်းနိုင်ငံမှာ ကျင်းပမည့် AFF Futsal Cup Championship 2020 ပြိုင်ပွဲအား MIU FC ( Myanmar Imperial University FC ) က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီ ဖြစ်သည်။

MFF Futsal Open Cup 2019 ၏ ဗိုလ်လုပွဲစဉ်အဖြစ် MIU FC နဲ့ VUC FC ပြီးခဲ့သည့် ဇွန်၅ရက် ညနေပိုင်းက သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ ၁ တွင် ယှဉ်ပြိုင်ကစားခဲ့ရာ MIU FC က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် AFF Futsal cup 2020 ကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။

MFF Futsal Open Cup 2019 ပြိုင်ပွဲကို မေလအတွင်းက စတင်ကျင်းပခဲ့ပြီး အသင်းပေါင်း ၅၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

AFF Futsal Cup Championship 2020 ပြိုင်ပွဲအားဝင်ခွင့်ရသည့် MIU FC အသင်းအနေဖြင့် ထိုင်းနိုင်ငံတွင်တလကြာ လေ့ကျင့်မှုတွေသွားလုပ်မည်ဖြစ်ကြောင်းသိရပြီး ထိုင်းနိုင်ငံ၏ နာမည်ကြီး ဖူဆယ်လ် အသင်း ၂ သင်းနှင့်ခြေစမ်းကစား ရန်ရှိကြောင်းသိရသည်။

ဓာတ်ပုံ – MFF

Leave a Reply