“ထောင်ဆူပူမှု လက်မည်းကြီးကြောင့် မဟုတ်ဘဲ လက်နီကြီးကြောင့် ဖြစ် ဟု ပြောကြားခဲ့မှုအား သမ္မတရုံး သတိပေး၊” ဥပဒေအရ ငြိစွန်းလျှင် နစ်နာမည် ဟုဆို

0
231

ဇွန် ၆
ယဉ်ကေနွယ်

အကျဉ်းထောင်များ ဆူပူခဲ့သည့် ကိစ္စများအား Facebook သတင်းများအား ဖတ်၍ လက်လွယ်စပယ် မပြောရန် နိုင်ငံသမ္မတရုံး ၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေးပြောကြား လိုက်သည်။

“သူတို့ပြောနေတာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေကို အပုပ်ချရာ ရောက်နေတယ်လို့ သတိပေးပါတယ်။။ကျွန်တော်တို့က နားလည်ပါတယ်။နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်မှာပဲ။ နိုင်ငံရေးက ညစ်ပတ်သလား။နိုင်ငံရေးသမားတွေက ညစ်ပတ်သလားဆိုတာမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းခေတ်မှာ ကတည်းက ပြောခဲ့ကြတာတွေရှိပါတယ်။ဒါပေမဲ့ စကားနောက် တရားပါ။အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး Facebook သတင်းများအား ဖတ်၍ လက်လွယ်စပယ် မပြောမိဖို့ သတိပေးချင်ပါတယ်”ဟုဦးဇော်ဌေးကပြောကြားခဲ့သည်

ဇွန်လ ၅ ရက်နေ့က နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၏CEC ဒေါက်တာကျော်ဆွေ မှ ထောင်ဆူပူမှုများသည် နောက်ကွယ်က လက်မည်းကြီးကြောင့် မဟုတ်ပဲ လက်နီကြီးကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ဦးဇော်ဌေး မှ အထက်ပါအတိုင်းပြန် လည်ပြောဆို လိုက်ခြင်းဖြစ်သည်။

ထောင်ဆူသည့် ကိစ္စပြောသွားမှုအပေါ် မှားနေသည့် အတွက် စိတ်မကောင်းကြောင်း၊မူးယစ်ဆေးဝါးဥပဒေနှင့် ပတ်သက်၍ ဥပဒေ မပြင်ရချိန်တွင် အကျဉ်းကျနေသည့် အရေအတွက်သည် အတော်များနေသည့် အတွက် နိုင်ငံတော်သမ္မတကြီးမှ လိုလားချက်အား ပြောကြားကြောင်း၊ထို့ပြင် သက်ကြီးရွယ်အို၊ အသက်ငယ်ရွယ်သူများနှင့် ဆေးပြား ၁၀၀ အောက်မိထားသူများကိုသာ အဓိက ထားလွှတ်ပေးရန် တင်ပြခိုင်းကြောင်း ဦးဇော်ဌေးကပြောသည်။

ထိုသို့ တင်ပြသည့် အပေါ် စာရင်းဇယားအရ ဆောင်ရွက်ခြင်းသည် ပြည်ထဲရေးဝန်ကြီးဌာန မှ ဦးဆောင်ကာ အကျဉ်းဦးစီးဌာနမှ အသေးစိတ် လုပ်ဆောင်ပြီးမှသာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အသနားခံစာ တင်ပြလာသည့် သူများကိုသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

“ ဒီအပေါ်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ ပြောလာတော့ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးဌာနကို ပြောရာရောက်နေတယ်လို့ပြော ချင်တယ်။သေဒဏ် ၃ ကြိမ် ကျခံထားသူတွေကို ပြန်လွှတ်တယ်ဆိုတဲ့ သတင်းကလည်း သတင်းမှားဖြစ်ပါတယ်”ဟု ၎င်း ပြောသည်။

ထို့အတူ အကျဉ်းထောင်များဆူပူမှု အကြောင်းအရင်းများအား စီိစစ်ဖော်ထုတ် ကာ အရေးယူမှုများအားလုပ်ဆောင်နေကြောင်း ဦးဇော်ဌေးကပြောသည်။

“မီးတကျီကျီနဲ့ နိုင်ငံရေးသခွပ်ပင်လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာလေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့၊ လုပ်ကိုင်ဖို့၊ ပြောချင်တယ်။ မဟုတ်ရင် ဥပဒေအကြောင်းအရ ငြိစွန်းသွားမယ်ဆိုရင် သူတို့ အတွက်လည်း အများကြီး နစ်နာပါတယ်”ဟု ၎င်း ကပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အချိန်တွင် ရွှေဘိုထောင်နှင့် စစ်တွေ အကျဉ်းထောင်တို့ မှ စတင် ဆူပူလာကြောင်း၊ ဧပြီလ ၂၆ ရက်နေ့ တွင် ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင်လည်း ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၇ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတမှ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply