လူနာ ၈၅ ယောက်ကိုသတ်မှုနဲ့ ဂျာမနီသူနာပြုဟောင်း ထောင်တစ်သက်ကျခံရ

0
54

ဇွန် ၆
နိုင်ငံတကာသတင်း

ဂျာမနီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဆေးရုံနှစ်ရုံမှာ လူနာ ၈၅ ယောက်ကို သတ်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့သူနာပြုဟောင်းတစ်ယောက်ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရပါတယ်။

သူနာပြုဟောင်း နေးလ် ဟိုဂယ်ရဲ့စိတ်လွတ်လက်လွတ်သတ်ဖြတ်မှုတွေဟာ နားမလည်နိုင်စရာလုပ်ရပ်တွေလို့ တရားသူကြီး ဆီဘတ်ရှန် ဘားမန်းကပြောပါတယ်။

လက်ရှိမှာလည်း လူသတ်မှုနှစ်မှုအတွက် ထောင်တစ်သက်ကျခံနေရတဲ့ဟိုဂယ်ဟာ ၁၉၉၉ နဲ့ ၂၀၀၅ ခုနှစ်ကြား သူပြုစုစောင့်ရှောက်ခဲ့ရတဲ့လူနာတွေကို နှလုံးရောဂါဆေးတွေ သေစေတဲ့ပမာဏအထိထိုးသွင်းဖို့ စီစဉ်ကြီးကြပ်ခဲ့ပါတယ်။

ဂျာမနီရဲ့ခေတ်သစ်သမိုင်းမှာ ဟိုဂယ်ဟာ လူအများဆုံးသတ်ခဲ့တဲ့လူသတ်သမားဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

လူနာတွေကို ဆေးထိုးပြီးတဲ့နောက် ပြန်ပြန်ကုပေးပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့အထင်ကြီးမှုကို ရဖို့ကြံစည်ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

လူနာတွေကို ကုဖို့လိုအပ်နေတဲ့အချိန်မှာ လူတိုင်းကို တွန်းအားလိုက်ပေးတဲ့သူ့ရဲ့နည်းလမ်းကြောင့် အသက်ပြန်သွင်းပေးတဲ့ရမ်ဘိုလို့နာမည်ပြောင်ပေးထားတယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဂျာမနီသတင်းစာ ဘေလ်ဒ်ကို ပြောပါတယ်။

တရားခွင်နောက်ဆုံးနေ့မှာ အသက် ၄၂ နှစ်ရှိနေတဲ့ဟိုဂယ်က သူ့လုပ်ရပ်ကြောင့်ထိခိုက်ခဲ့သူတွေရဲ့မိသားစုတွေအနေနဲ့ သူ့ကိုခွင့်လွှတ်ပေးကြဖို့ တောင်းပန်ခဲ့ပါတယ်။

ဟိုဂယ်က လူနာ ၁၀၀ ကျော်ကိုသတ်ခဲ့တယ်လို့စွပ်စွဲခံခဲ့ရပြီး ၁၀၀ ကျော်လောက်ကိုသတ်ခဲ့တယ်လို့ ရဲတွေက ယုံကြည်ပေမဲ့ မီးသင်္ဂြိုဟ်ခဲ့တာကြောင့် ဖြစ်နိုင်တဲ့သက်သေတွေပျက်စီးခဲ့တာပါ။

ဟိုဂယ်က လူသတ်မှု ၅၅ မှုအတွက် အပြစ်ရှိတယ်လို့ ၀န်ခံခဲ့ပေမဲ့ တရားရုံးက ၈၅ မှုအတွက် အပြစ်ရှိတယ်လို့ အမိန့်ချခဲ့တာပါ။

၂၀၀၅ ခုနှစ်က ဒယ်မန်ဟော့မြို့မှာ လူနာတစ်ယောက်ကို မညွှန်းထားတဲ့ဆေးထိုးဖို့ စီစဉ်နေတဲ့လုပ်ရပ်လုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးနောက် သူ့ရဲ့စိတ်လွတ်လက်လွတ်သတ်ဖြတ်မှုတွေရပ်သွားတာပါ။

လူသတ်ရန်ကြံစည်မှုနဲ့ ၂၀၀၈ ခုနှစ်မှာ ထောင် ၇ နှစ်ကျခံခဲ့ရပေမဲ့ သူ့ရဲ့နောက်ထပ်သားကောင်တွေရဲ့မိသားစုတွေက စုံစမ်းစစ်ဆေးမှုတွေထပ်လုပ်ဖို့ ဖိအားပေးခဲ့တာပါ။

လူသတ်မှု ၂ မှုနဲ့ လူသတ်ရန်ကြံစည်မှု ၂ မှုနဲ့ ၂၀၁၅ ခုနှစ်မှာတော့ ထောင်တစ်သက်တစ်ကျွန်းကျခံရဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီတရားခွင်မှာ လူ ၃၀ အထိသတ်ခဲ့တယ်လို့ စိတ်ရောဂါဆရာဝန်တစ်ယောက်ကို သူက ၀န်ခံခဲ့ပါတယ်။

ဒါကြောင့် ထပ်စုံစမ်းခဲ့ပြီးနောက် အခုလိုပြစ်ဒဏ်ထပ်ချတာပါ။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo- Spiegel Online

Leave a Reply