“ NLD ဟာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ ကျွန်တော် ဒီစကားတစ်ခွန်းကို ပြောချင်တယ်” လို့ ဆိုလာသော ပြည်ခိုင်ဖြိုး ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ပဉ္စမလှိုင်း မီဒီယာတို့ တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါသည်။

0
306

မေး – လက်ရှိ ဆရာလှုပ်ရှားနေတဲ့ လှုပ်ရှားမှုလေးတွေကို အရင်ဆုံး သိပါရစေ။

ဖြေ – လှုပ်ရှားမှုကတော့ ကျွန်တော်ဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ဖြစ်တယ်။ သို့သော်လည်း ကျွန်တော်ဟာ ကြံ့ခိုင်ရေးပါတီသာမက ဘယ်ပါတီဖြစ်ဖြစ် အမြဲတမ်းဝေဖန်ထောက်ပြနေတတ်တဲ့သူ ဖြစ်တဲ့အားလျော်စွာ ကျွန်တော် ဂျာနယ်တစ်စောင် ထုတ်တယ်။ ကျွန်တော့်ဂျာနယ်က ဘူးလက်ဂျာနယ်ပါ။ ကျွန်တော့်ဂျာနယ်ဟာ အတိုင်းအတာ တစ်ရပ်အထိ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ဂျာနယ်တစ်ခု ဖြစ်နေတာကို တွေ့ရတယ်။ တချို့နေရာတွေမှာဆိုရင် ကျွန်တော့်ဂျာနယ်ကို ၀ယ်မရလို့ ကော်ပီဆွဲပြီးတော့ တစ်စောင် ကိုးရာနဲ့ ရောင်းနေတာကို တွေ့ရတယ်။ ဥပမာအားဖြင့် နတ်မောက်တို့ မြိတ်တို့မှာဆိုရင် အဲလိုဖြစ်နေတယ်လို့ ကျွန်တော် ကြားရတယ်။ ဒါကြောင့် ကျွန်တော့်ဂျာနယ်ဟာ စောင်ရေတိုးတက်ပြီး အောင်မြင်တဲ့ ဂျာနယ်တစ်ခု ဖြစ်တယ်လို့ ပြောရမှာပေါ့လေ။

မေး – ဆရာ့အနေနဲ့ ၂၀၂၀ မှာ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ အစီအစဉ် ရှိ/ မရှိ သိပါရစေ။

ဖြေ – ၂၀၂၀ မှာ ရွေးကောက်ပွဲ ၀င်၊မ၀င်ဆိုတော့ ကျွန်တော်တို့ ပါတီက စာရင်းတွေ ကောက်ပါတယ်။ အဲဒါ ပြီးခဲ့တဲ့ ၂ လလောက်က ကောက်တာပါ။ ကျွန်တော် စာရင်းပေးလိုက်ပါတယ်။ ကျွန်တော် ၂၀၁၅ ကဲ့သို့ပဲ ဂန့်ဂေါနယ်မြေကနေ အမျိုးသား လွှတ်တော်အတွက် ပြန်ပြီး ပြိုင်မယ်လို့ စာရင်းပေးထားပါတယ်။

မေး – အဲဒီအတွက် ဆရာဘယ်လို ပြင်ဆင်ထားတာရှိပါသလဲ ။
ဖြေ – ကျွန်တော်က ကြံ့ခိုင်ရေးပါတီကနေ ၀င်မှာကိုး။ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ထားသလဲဆိုတော့ ဦးသိန်းစိန် ၅ နှစ်လုပ်သွားတဲ့ အရှိန်အဟုန်ထက်သာတဲ့ အရှိန်အဟုန်တစ်ခုကို ရအောင် ဆက်သွားမယ်။ အမျိုးသားရေးကို အခြေခံမယ်။ ဒေသဖွံ့ဖြိုးအောင် လုပ်မယ်။ ဒါတွေကို ပြင်ဆင်ပြီးတော့ ပြည်သူလူထုကို ချပြမယ်။ ပြည်သူလူထုရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်သွားမှာပေါ့။

မေ – ၂၀၁၅ ရွေးကောက်ပွဲမှာ ဂန့်ဂေါက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်နဲ့ နည်းနည်း ကတောက်ကဆလေးတွေ ဖြစ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဖြေ – အမှန်က မပြီးဘူးခင်ဗျ။ ကျွန်တော်က ပြောတယ်။ ဦးပြူးလွင်က ကျွန်တော့်ကို မတရား တိုင်ခဲ့ပါတယ်။ ပြည်သူလူထုတွေ ကျွန်တော့်ကို ထင်ယောင်ထင်မှား ဖြစ်စေအောင် နှစ်ခုတိုင်ခဲ့တယ်။ မြေတွေကို ဦးလှဆွေက စီမံခန့်ခွဲခဲ့ပါတယ် ဆိုပြီးတော့မှ ပြောတယ်။ ကျွန်တော်က ကျွန်တော် မရောက်ခင်က သိမ်းထားခဲ့တဲ့ ကိစ္စရယ်၊ ကျွန်တော်ပြောင်းသွားမှ ကျွန်တော်က ခရက ဥက္ကဋ္ဌ ဂန့်ဂေါမှာ လုပ်ခဲ့တာကိုး။ ဒါပေမယ့် ၂၀၀၃ ကနေ ၂၀၀၆ အထိ သုံးနှစ် ကျွန်တော်လုပ်ခဲ့တယ်။ အဲတော့ ၂၀၀၃ မတိုင်ခင် ၉၇ ခုနှစ်က သိမ်းထားတဲ့ မြေကိစ္စကို ကျွန်တော့်ကို စွပ်စွဲတယ်။ ပြီးတော့ ၂၀၀၇ မှာ ကျွန်တော်ပြောင်းသွားတော့မှ စီမံခန့်ခွဲတဲ့ မြေကိစ္စကိုတိုင်တဲ့ တိုင်စာတစ်ခုကို အခုချိန်အထိ သူတို့ တိုင်တုန်းပဲ ရှိသေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ပုံရိပ် ကျဆင်းအောင် လုပ်တယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက ကျွန်တော့်ကို လာဘ်စားပါတယ်ဆိုပြီး တိုင်တယ်။ ကျွန်တော် အစစ်ခံရတယ်။ စစ်တော့ နောက်ဆုံးမှာ မပေါ်လွင်ဘဲနဲ့ ဦးပြူးလွင်ဟာ မမှန်မကန် တိုင်ကြားတာဟာ ပေါ်သွားတယ်။ ဦးပြူးလွင် မမှန်မကန် တိုင်ကြားတာ ပေါ်သွားတော့ ဦးပြူးလွင်ကို ကျွန်တော်က ပြန်ပြီး တရားစွဲခဲ့ပါတယ်။ မြို့နယ်ရယ်၊ ခရိုင်ရယ်၊ တိုင်းရယ်က သူ့ကို အရှုံးပေးလိုက်ပါတယ်။ ဟိုဟာပေါ့နော် စွဲချက်တင်တဲ့ အဆင့်ပေါ့။ စွဲချက်တင်တယ်ဆိုတာက တစ်ခုခု ပြစ်ဒဏ်တစ်ခုခုချမယ့် သဘောပေါ့နော်။ သူက အယူခံ ဆက်ဝင်တယ်။ မြို့နယ်က သူ့ကို စွဲချက်တင်တယ်။ စွဲချက်တင်တယ်ဆိုတာ အပြစ်ရှိကြောင်း တစ်စုံတရာတွေ့လို့ စွဲချက်တင်တာလို့ တရားရုံးချုပ်ရှေ့နေ ဦးဝင်းမြင့်က ပြောပါတယ်။ သူက အပြစ်တစ်ခုခုနဲ့ ငြိစွန်းလို့ စွဲချက်တင်တာပေါ့။ မြို့နယ်ကလည်း စွဲချက်တင်တယ်။ ခရိုင်ကလည်း စွဲချက်တင်တယ်။ သူက ခရိုင်ကို အယူခံဝင်တယ်။ ပယ်ချခံရတယ်။ တိုင်းကို အယူခံ ဆက်တက်တယ်။ တိုင်းက ပယ်ချတယ်။ ဆိုတော့ ရုံး ၃ ရုံးကတော့ ပယ်ချပြီးပြီ။ သူဘယ်ကို ဆက်တက်မလဲတော့ မသိဘူး။ ဒါက သူ့ရဲ့ အခွင့်အရေးပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ လာဘ်စားပါတယ် ဆိုတာက ကျွန်တော်တကယ် စားခဲ့ရင် ကျွန်တော် ထောင်ကျမယ့် ကိစ္စပဲ။ သူက ဒါကို တဆင့်ကြားနဲ့ တိုင်တယ်။ အီးယောင်ဝါးနဲ့ ဦးလှဆွေကြီးတော့ လာဘ်စားတယ်။ ဦးလှဆွေကြီးတော့ မဲထည့်ဖို့ မကောင်းဘူးဆိုပြီးတော့ ၂၀၁၄ လောက်မှာ သူက အဲလိုတိုင်တယ်။ တိုင်တော့ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ ပုံရိပ် ကျဆင်းစေခဲ့တယ်။ ဦးလှဆွေကြီးကို တရားစွဲထားပြီ ဆိုပြီး ၀ိုင်းပြီး ပြောကြတယ်။ လာဘ်စားမှုနဲ့ တရားစွဲထားပြီ ဘာညာပေါ့နော်။ တိုင်ထားပြီဆိုတဲ့ အသံတွေ ကျွန်တော် ကြားပါတယ်။ ဒါကြောင့် ကျွန်တော် ပြန်တရားစွဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဒီလိုဒီလို မဲမရအောင်လုပ်ခဲ့တဲ့ ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က ဒီကိစ္စဟာ ကော်မရှင်နဲ့ မဆိုင်ဘူး။ တရားရုံးနဲ့ပဲ ဆိုင်တယ်ဆိုပြီးတော့ သူ့ကို အနိုင်ပေးခဲ့ပါတယ်။ အဲတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ် ကျမှုပေါ့ဗျာ။ အလွန့်အလွန်ကို သမာသမတ်ကျတယ်လို့ ကျွန်တော် တင်စားချင်တယ်။ သူနဲ့ ဆိုင်တာကိုပဲ သူလုပ်တယ်။ သူနဲ့ မဆိုင်တာကို သူမလုပ်ဘူး။ အခုတော့ တရားရုံးက အလွန့်အလွန် သမာသမတ်ကျတဲ့ ပြစ်ဒဏ်ချမှုလား ဘာလားတော့မသိဘူး။ လာတော့မှာပေါ့နော်။ အဲတော့ မြို့နယ်ရော ခရိုင်ရော တိုင်းရောက ဦးပြူးလွင်ကို အရှုံးပေးထားပါတယ်။

မေး – နိုင်ငံရေးလောကမှာပဲ ဖြစ်ဖြစ်၊ Facebook ပေါ်မှာပဲဖြစ်ဖြစ် NLD အားပေးထောက်ခံသူတွေ ပြောနေတဲ့ စကားရှိပါတယ်။ ငါတို့ အရပ်သားအစိုးရက လာဘ်မစားဘူး။ မခိုးဘူးဆိုပြီး ပြောဆိုနေကြ ပါတယ်။ ဒီအပေါ်မှာရော ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ – ကျွန်တော်တို့ လာဘ်မစားဘူး၊ မခိုးဘူးဆိုတာက လာဘ်စားတယ် ခိုးတယ်ဆိုတာကို ဒက်ထိတွေ့တဲ့ သူတွေက ရှိတယ်။ ရှိတော့ အဲ့ဒါကို သွားပြောတယ်။ သွားပြောတော့ အဲ့လူတွေကို ထောင်ချပစ်တာတွေ ဘာညာကွိကွတွေ ကြားနေရတာပေါ့နော်။ ကြားနေရတော့ မပြောရဲဘူးဆိုတဲ့ အနေအထားကို သွားတွေ့ရတယ်။ သို့သော်လည်းပဲ မကြာခင် တိုင်းတစ်တိုင်းရဲ့ ၀န်ကြီးချုပ်တစ်ပါးဟာ (ဟိုဝန်ကြီးချုပ် တစ်ပါးကတော့ နားသွားပြီပေါ့နော်။ သူ့ဟာသူ ဘာအကြောင်းကြောင့်ပဲ နားနား) တိုင်းတစ်တိုင်းက ၀န်ကြီးချုပ်တစ်ပါးကတော့ မြေကွက်တွေ ရောင်းစားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ငြိနေလို့ စပြီး စစ်နေတယ်လို့ ကြားရတယ်။ ဘယ်တိုင်းကလည်း ဆိုတာကတော့ ဟိုးမဇ္ဈိမတိုင်း၊ ဟိုး ကြာသပတေးနံ သောကြာနံ စနေနံတိုင်း ဆိုပြီး ဒီလိုပဲပြောရမယ်။ ဘာလို့ဆို တစ်ခုခု ပြောတာနဲ့ သူတို့က ဆော်တော့မယ်ဆိုတာကို သိနေတာကိုး။ ဒီသတင်းကတော့ အတိအကျပဲ။ ကျွန်တော်တို့ကတော့ ကြားတာ ကြာပြီပေါ့လေ။ ဒါပေမယ့် မပြောဘူး။ အဲလိုမျိုး အလားတူတွေက အများကြီးပဲ။ ကျွန်တော်ရေးထားတာလည်း တွေ့မှာပါ။ ကြာသပတေးနံနဲ့ စတဲ့ တိုင်းတစ်တိုင်းမှာတော့ သူ့သားမက်က သိန်းသုံးသောင်း စားသွားတယ်တို့၊ ကမ္ဘောဇဘဏ်ကနေ အိမ်ဆောက်ဖို့ အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးထားတဲ့သူက အခု မြေကွက်ကြီးအကြီးကြီး ၀ယ်ပြီး တိုက်ကြီး ဆောက်နေတယ်တို့ ဆိုကတည်းက စဉ်းစားကြည့်ပေါ့ ၁၈ လအတွင်း။ ဘယ်သူက ချေးထားသလဲဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားပေါ့။

မေး – လာဘ်မစားဘူးလို့ ပြောနေတာတွေကို ဘာပြောချင်ပါသလဲ။

ဖြေ – အဲ့ဒါကြောင့်မို့ ပြောတာလေ။ လာဘ်မစားဘူး၊ မခိုးဘူးဆိုတာ NLD ဟာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ ကျွန်တော် ဒီစကားတစ်ခွန်းကို ပြောချင်တယ်။ အရင်တုန်းက ထောင်တွေကျတယ်၊ ဘာညာ ဆင်းရဲဒဏ်ကို သူတို့ ခံနိုင်တယ်။ သူတို့ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ ကျွန်တော်တို့ USDP မှာ ချမ်းသာတဲ့ဒဏ်ကို ခံနိုင်တဲ့သူလည်း ရှိတယ်။ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တဲ့သူလည်း ရှိတယ်။ ဥပမာ ကျွန်တော်ပြောချင်တာက လက်ရှိ USDP မှာ ကျန်ခဲ့တဲ့သူတွေဟာ ဥပမာဗျာ USDP မှာ ဦးသိန်းစိန်ပါဝင်တဲ့ ၉ ယောက်ကို ချက်ကြိုး ဖြတ်လိုက်ပြီ။ ကျန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ချမ်းသာတဲ့ဒဏ် ဆင်းရဲတဲ့ဒဏ်တွေကို ဒေါင်ဒေါင်မြည်ခံနိုင်တဲ့ သူတွေပဲလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ပျက်မရှိပါဘူး။ ထောက်ပြပါ။ ဒီလူတွေ ဘာမဟုတ်တာ လုပ်ခဲ့ဘူးလဲ။ ဒီလို ဒေါင်ဒေါင်မြည်တွေပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ မှာ ရွေးကောက်ခံမယ့် ပုဂ္ဂိုလ်သည် ရပ်မိရပ်ဖတွေ မြို့နယ်တွေက စိတ်တိုင်းကျ။ အဲလူက လုံးဝ Clear လူငယ်လည်းဖြစ်တယ်။ ပညာလည်းတတ်တယ်။ တစ်ကယ့်ကို အကျင့်စာရိတ္တလည်း ကောင်းတယ်ဆိုတဲ့ မြို့က ရွေးချယ်ပေးတဲ့ သူကိုပဲ USDP က တာဝန်ပေးမှာ ဖြစ်တယ်။ အဲဒီလူကတော့ USDP မှာ မြို့နယ်ဥက္ကဋ္ဌမို့လို့ ခရိုင်ဥက္ကဋ္ဌမို့လို့ ရပ်ကျေး ဥက္ကဋ္ဌမို့လို့ စည်းရုံးရေးမှူးမို့လို့ဆိုပြီး ခန့်မှာ မဟုတ်ဘူး။ အဲဒီမြို့က တစ်ကယ် လက်ခံနိုင်တဲ့သူ။ အစစအရာရာ ပြီးပြည့်စုံတဲ့လူ။ တစ်ကယ့်ကို အမျိုးသားရေးစိတ်ဓာတ် အပြည့်ရှိတဲ့လူ။ နံပါတ်တစ်ကတော့ အဲ့လိုလူမျိုးကို USDP က တာဝန်ပေးသွားလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး – အစပိုင်းမှာ အမျိုးသားရေးဆိုပြီး ပြောခဲ့တာ ရှိပါတယ်။ အမျိုးသားရေးဆိုတာ ပါလာရင် ဒီမှာက ၀ိဝါဒ ကွဲနေကြတယ်။ ဆရာပြောတဲ့ အမျိုးသားရေးက ဘာကို ဆိုလိုတာလဲ။

ဖြေ – တချို့ရိုက်စားတွေ ရှိချင်ရှိမှာပေါ့။ ဒါပေမယ့် အဲဒါက သိသာပါတယ်။ ရိုက်စားလုပ်တဲ့သူနဲ့ တကယ့်စစ်စစ်မှန်မှန် လုပ်တဲ့သူက သိသာပါတယ်။ လူတွေက ချင့်ချိန်တတ်ဖို့ လိုတယ်။ ဘယ်ဟာက အစစ်အမှန်လဲ။ ဘယ်ဟာက ရိုက်စားလဲ။ တချို့ရိုက်စားတွေရှိတယ်။ ရိုက်စားကတော့ နေရာတကာမှာ ရှိတယ်။ အခုအထိလည်း ရိုက်စားက လုပ်တုန်းပဲ။ လူဆိုတာက အတွေးအခေါ်ရှိတာ ရှိတယ်။ မရှိတာ ရှိတယ်။ တခါတလေ တစ်ဖက်စောင်းနင်း လိုက်သွားတာတွေရှိတယ်။ ဒီနေ့အထိတောင် ဆန်စပါးလုပ်ငန်းမှာ သိန်းပေါင်း ၅ သောင်း ၆ သောင်း လိမ်သွားတယ်ဆိုတာ ဒါမနေ့တနေ့က ဖြစ်တာပါ။ လူဆိုတာ လောဘ ဒေါသ အမှောင်ဖုံးသွားရင် ဖြစ်တာပေါ့ အဲဒါတွေကို ဆင်ခြင်တတ်ဖို့ လိုတယ်။

မေး – ဆိုလိုတဲ့ အမျိုးသားရေးဆိုတာက ဘယ်လိုလဲခင်ဗျ။

ဖြေ – ဒီနေ့ ကျွန်တော် လူတစ်ယောက်နဲ့ စကားပြောတယ်။ ဘယ်လောက်အထိအောင် ပြောသလဲဆိုရင် ကျွန်တော်တို့ မြန်မာ ပြည်မပျောက်ရေး မြန်မာအမျိုးသားရေးအတွက် ၀န်ကြီးဌာနတစ်ခု ဖွဲ့ရမယ့်အဆင့်တောင် ရောက်နေပြီလို့ ပြောတာကို ကျွန်တော် ကြားခဲ့ရတယ်။ အမျိုးသားရေးက ဘာလည်းဆိုတော့ ဥပမာတစ်ခု ပြောပြမယ်။ ကျွန်တော်က လက်တွေ့နယ်ပယ်မှာလည်း တပ်မတော် အရာရှိအဖြစ် နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ခဲ့တဲ့လူ ဖြစ်တယ်။ Political Roll မှာလည်း အတန်းတစ်ခုအထိ ရောက်ခဲ့တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကြောင့် ဒါကိုချင့်ချိန်ပြီး ပြောရလို့ရှိရင် နဂိုတုန်းက ဘူးသီးတောင် – မောင်တောဒေသမှာ အိမ်ခြေ ၃၀ လောက်ပဲရှိတဲ့ ရွာလေးတစ်ရွာ၊ ဒါ ဥပမာလေးပဲ ပြောတာပါ။ အဲဒီ အိမ်ခြေ ၃၀ ပဲရှိတဲ့ ရွာလေးတစ်ရွာကို ဘေးမှာ အိမ်ခြေ ၃၀၀၀ လောက်ရှိတဲ့ ကုလားရွာကြီး လေးရွာက ၀န်းရံထားတဲ့အချိန်မှာ သူတို့ ခပ်တည်တည်နေနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရက သူတို့ဘက်က ရှိတယ်။ အခုသူတို့ မနေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက သူတို့ဘက်က မရှိဘူး။ အစိုးရက အားလုံးဟာ လူသားတွေပဲ ဆိုတဲ့ အစိုးရ ဖြစ်သွားတယ်။ ဆိုတော့ ဟိုလူတွေက အားလုံးက လူသားတွေပဲ ဖြစ်တဲ့အချိန်မှာ ဒီဘက်ကို လာပြီးတော့ အကုန်လုံး သတ်ပစ်လိုက်တယ်။ ရာချီပြီး သတ်ပစ်လိုက်တယ်။ အဲတော့ ဒီလိုမျိုးကိစ္စဟာ အမျိုးသားရေးကို ထိပါးလာတယ်လို့ ကျွန်တော်တို့က ယူဆရမယ်။ အရင်တုန်းက အလယ်သံကျော်ဆိုတဲ့ရွာ၊ နာမည်ကိုက အလယ်သံကျော်၊ အလယ်သံကျော် အထက်သံကျော် အောက်သံကျော်ဆိုတာ ရှိတယ်။ အဲတော့ သံတမန်တွေ ကျော်တဲ့ ရွာကြီး။ နာမည်ကိုက ဗမာနာမည်။ အဲဒီမှာ နေတဲ့လူတွေက ဗမာတွေရှိတယ်။ ရခိုင်တွေ ရှိတယ်။ မြိုတွေရှိတယ်။ ခမီတွေ သက်တွေ ဒိုင်းနက်တွေရှိတယ်။ အဲဒါတွေအားလုံးက ဗုဒ္ဓဘာသာ။ အခု အဲဒီရွာမှာ ဗုဒ္ဓဘာသာ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံး မွတ်စလင်တွေ ဖြစ်နေပြီ။ ကုလားတွေ ဖြစ်နေပြီ ဘင်္ဂါလီတွေ ဖြစ်နေပြီ။ အဲဒါ တစ်ရွာထဲကို ပြောတာ၊ အန်ဒူလာ ဗော်ဒူလာဆိုတဲ့ ရွာဟာ အန်တုမရ ဗန္ဓုလ ဆိုတဲ့ရွာ အခု ကုလားနာမည် အန်ဒူလာ ဗော်ဒူလာ ဖြစ်သွားပြီ။ ဒီရွာတွေဟာ ဘူးသီးတောင် မောင်တောမှာ ကျွန်တော်တို့ကို နမူနာ ပြနေတာ ဖြစ်တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက နမူနာ ပြနေတာ ဖြစ်တယ်။ အဲတော့ မြန်မာ တစ်နိုင်ငံလုံးက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မပြောင်းဘူးလို့ မပြောနိုင်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ပျူဆိုတဲ့ လူမျိုးဟာ အခု ဘယ်မှာ လိုက်ရှာမလဲ။ ပျောက်သွားပြီ။ ဒါပေမယ့် ပျူဆိုတာ ရှိခဲ့တယ်။ ပြည်မှာ ရှိတယ်။ တကောင်းမှာ ရှိခဲ့တယ်။ လိုက်ပြီးတော့ ပေါ့လေ။ မြန်မာဆိုတာ တစ်နေ့ ပျောက်သွားနိုင်တယ်။ ကျွန်တော်တို့ မပျောက်သွားအောင် ကာကွယ်ရမယ်။ အဘယ်ကြောင့်ဆိုသော် ဘောရောဗုဒ္ဓောဆိုတဲ့ အင်ဒိုနီးရှားကြီးရဲ့ ဗုဒ္ဓဘာသာ စည်ပင်ခဲ့တဲ့ နေရာကြီးဟာ အခု တစ်ယောက်မှကို မရှိတော့ဘူး။ မွတ်စလင် Country ဖြစ်သွားပြီ။ ဟိုဘက်က အာဖဂန်နစ္စတန်မှာလည်း မဇ္ဈိမတိုင်းဆိုတဲ့ ဗုဒ္ဓဘုရားပွင့်တဲ့ နေရာကြီးဟာ မွတ်စလင် Country ဖြစ်သွားပြီ။ ယနေ့ Europe ဆို ပြဿနာ တက်နေပြီ။ အဲတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရပ်တည်ခဲ့တယ်။ မွတ်စလင်တွေရော တကယ့် Population Burst ဖြစ်နေတဲ့ တိုင်းပြည်ကြီးတွေရဲ့ ကြားမှာရှိပေမယ့် ခပ်တည်တည် ရပ်တည်နိုင်ခဲ့တာဟာ အမျိုးသားရေးဝါဒီ ဘုရင်တွေ မင်းတရားတွေ အစိုးရတွေ အုပ်ချုပ်ခဲ့လို့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အမျိုးသားရေးဆိုတာ ဒါကို ဆိုလိုတာ။

မေး – NLD မှာ ၀န်ကြီးအပြောင်းအလဲတွေ ပြုလုပ်နေတယ်။ အဲ့အတွက် တိုင်းပြည်နဲ့ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ လူမှုရေးစီးပွားရေး အခြေအနေတွေ ဘယ်လို ပြောင်းလာနိုင်မလဲ။

ဖြေ – ကျွန်တော် အဲဒါကို အရေးကြီးတဲ့ မေးခွန်းလို့ ဆိုချင်တယ်။ သူတို့မှာ Generation ဆိုတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်။ အဲတော့ ဦးဝင်းထိန်ကို သူတို့ ပထုတ်လိုက်တယ်ဆိုတဲ့သဘော။ ဦးဝင်းထိန် နေမကောင်းလို့ သြစတေးလျ သွားတယ်ဆိုတဲ့သဘော။ ဦးဝင်းထိန်သွားတော့ သူ့အစား ဦးတင်ဦးလာတယ်။ ဦးတင်ဦးဆိုတာ တော်တော်ကြီးနေပြီ။ တွန်းလှည်းနဲ့ လာတက်တယ်။ သူတို့မှာ Generation Gap ဖြစ်နေပြီ။ ကျွန်တော်တို့ USDP မှာ ဦးသန်းဌေး ၆၀ တန်း၊ အဲဒီအနောက်မှာ ၅၀ တန်း ကျွန်တော်တို့ ရှိတယ်။ ၅၀ တန်းအောက်မှာ ၄၀ တန်း နန္ဒာလှမြင့်တို့ ရှိတယ်။ ကျွန်တော်တို့မှာ အတန်းလိုက် အတန်းလိုက် လုံးဝ အရည်အသွေး အပြည့်အ၀ပုဂ္ဂိုလ်တွေက အတန်းလိုက်ရှိတယ်။ သူတို့ဘက်မှာ မရှိဘူး။ NLD မှာမရှိဘူး။ ဆိုတော့ မန်းဂျော်နီတို့လို ၇၆ နှစ်တွေ ဘာတွေ နားသွားပြီဆိုတဲ့အချိန်မှာ၊ ဦးဝင်းထိန်တို့တွေ သွားတဲ့အချိန်မှာ လာတဲ့လူက ဦးတင်ဦးကြီး ဖြစ်နေတယ်။ တွန်းလှည်းကြီးနဲ့ ရုံးတက်တယ်ဆိုတော့ သူတို့မှာ Generation Gap ဖြစ်နေတယ်။ အခုရှိနေတဲ့ ၀န်ကြီးချုပ်တွေဟာလည်း တော်တော်လေးကို အနံ့အသက်က ထွက်လာတယ်။ ခုနလို ဘာကိစ္စ ညာကိစ္စပေါ့။ စသုံးလုံးမှာ ခုစစ်နေတယ်ဆိုပြီး သတင်းကြားရတာ တော်တော်များနေတယ်။ အတိအကျတော့ ကျွန်တော်မပြောချင်ဘူး။ သို့သော် စသုံးလုံးရဲ့ Report တွေမှာ ရှိနေတယ်ဆိုတာတော့ ကောလာဟလလေး သဲ့သဲ့ကြားထားပါတယ်။ ဒီကိစ္စက မပြောပါနဲ့ မသေချာလို့။

မေး – ၀န်ကြီးတွေရဲ့ အပြောင်းအလဲ သတင်းက ညနေပိုင်းလောက်မှာ လူမှုကွန်ရက်မှာ ပျံ့လာတယ်။ သမ္မတရုံးက ထုတ်တဲ့ စာပုံစံမျိုးနဲ့ ပျံ့နှံ့လာတယ်။ ဒီအချိန်မှာ ပုဂ္ဂလိက မီဒီယာတွေက ဦးဇော်ဌေးကို လှမ်းမေးကြတယ်။ ဒါတွေဟာ ကောလာဟလပါ။ ဖေ့စ်ဘွတ်ခ်မှာ ဖြန့်ရင် အရေးယူမယ်ဆိုပြီး ပြန်ပြောခဲ့တယ်။ မီဒီယာတွေက ရေးတယ်။ ကောလာဟလထွက် ဆိုပြီးတော့ပေါ့။ နောက်နေ့ သတင်းစာမှာ သတင်းက ၂ မျိုး ပါလာတယ်။ ၀န်ကြီး အပြောင်းအလဲကိစ္စက ပုဂ္ဂလိက မီဒီယာတွေမှာ မဟုတ်ဘူးလို့ပါပြီး နိုင်ငံပိုင်သတင်းစာမှာ အတည်ပါလာတယ်။ ဒီကိစ္စ ဘာကြောင့် ဖြစ်တယ်လို့ ထင်ပါသလဲ။

ဖြေ – သူတကယ်မေးရမယ့် လူဆီမှာ သတင်းမရှိဘူး။ ဘာလာလာမေးရမယ့်လူ ဥပမာ အမေရိကန်မှာဆို Whitehouse ပြောခွင့်ရ ပုဂ္ဂိုလ်ဆိုတာရှိတယ်။ သူ့ကိုမေးလိုက် အကုန် တစ်သံထဲ ထွက်မယ်။ ကျွန်တော်တို့ ဦးသိန်းစိန်ခေတ်ကဆို အားလုံးက တစ်သံထဲပဲ ထွက်တယ်။ ဘာလို့ဆို အကုန်လုံးက Link ကမိနေတယ်။ ဒီကိစ္စ ဒါ ဒါ ဒါဆိုတာပေါ့။ ဦးဇော်ဌေးတို့ဆိုတာ အဲဒါနဲ့ နာမည်ကြီးလာတာ။ ဦးဇော်ဌေးက အလကား နာမည်ကြီးတာ မဟုတ်ဘူး။ ဒီ Link တွေချပြလို့၊ သူပြောတာ အမှန်ချည့်ပဲ ပြောတာ။ အခု သူ့ဆီမှာ Link မရှိဘူး။ ဒါကြောင့်မို့လို့ သူ တလွဲတွေ ဖြစ်ကုန်တာ။ ဖြစ်ကုန်တော့ သူလည်း ငပေါကြီး ဖြစ်သွားတာပေါ့။ ဒါပါပဲ။ ဦးဇော်ဌေးက ငပေါကြီး ဖြစ်သွားတာပေါ့။ သူက လျှောက်ဖာထေးနေတာလေ။ အခု သူငပေါကြီး ဖြစ်သွားတာပေါ့။ ကျွန်တော်အဲ့လိုမြင်တယ်။

မေး – ရခိုင်ကိစ္စနဲ့ ရိုက်တာသတင်းထောက် နှစ်ယောက် အဖမ်းခံရတယ်။ သူတို့ကို နိုင်ငံတော် လျှို့ဝှက်နဲ့ စွဲထားတယ်။ဒါတွေက အရင်အစိုးရ လက်ထက်မှာ မရှိဘူး။ ဒီအပေါ် ဘာပြောချင်သလဲ။

ဖြေ – အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်က နံပါတ်တစ် ပြောချင်တာက ခင်ဗျား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို တကယ်ဖောက်လို့ စွဲတယ်ဆိုတာ ပေါ်လွင်ရင် ဒီလူနှစ်ယောက်က မချောင်ဘူး။ ဒါ ထောင်ကျမှာပဲ။ အဲဒါကိုလည်း ကာဘာပေးစရာမလိုဘူး ဘယ်သူမှ။ သူတကယ်ဖောက်ရင်ပေါ့။ ဒါပေမယ့် မဖောက်ဘဲနဲ့ စွဲတယ်ဆိုရင်လည်း လွတ်မှာပါ။ အဲဒါကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ပဲ။ သို့သော် သူတို့ကို ဆင်ဖမ်းတယ်တို့ တမင်တကာ ဒီအပြစ် မကျကျအောင် ဥပမာ ဘိန်းထုတ်ပစ်ပြီး ဖမ်းသလိုပေါ့။ အဲလိုမျိုး ဖမ်းပါတယ်။ ဆင်ပြီးဖမ်းပါတယ်လို့ ဦးဝင်းထိန်ကိုယ်တိုင် ပြောတယ်။ ဦးဝင်းထိန်က သူ့ရဲ့ ထင်မြင်ယူဆချက်ပေါ့။ တကယ်လိုအပ်လို့ ဟုတ်တယ်ဆိုရင် လွှတ်လိုက်ပေါ့။ ဒါပေမယ်လို့ သူတို့ဟာ ဒီအချက်အလက်တွေကို ယူသွားတယ်။ ယူသွားတာဟာ နိုင်ငံတော်က လျှို့ဝှက်ထားတဲ့ဟာတွေ ဖြစ်ပါတယ်ဆိုတာ ဥပမာ တပ်တည်တွေလို့ ပြောတယ်။ ကောလာဟလပေါ့။ ကျွန်တော်လည်း အတိအကျတော့ မသိဘူး။ ဒါကတော့ နိုင်ငံတစ်ခုရဲ့ လျှို့ဝှက်ချက်တစ်ခုကို ယူမယ်ဆိုရင် သူ့သတ်မှတ်ထားတဲ့ ဥပဒေတွေ ဘောင်အတွင်းကပဲ ယူသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်ကိစ္စမဆို ဒီကိစ္စက ဟိုဟာနဲ့ လွတ်ရဲ့လား၊ မလွတ်ဘူးလား ဆိုတာကိုတော့ သတင်းထောက်တွေက ချင့်ချိန်သင့်တယ်။ ကျွန်တော်တို့ သတင်းယူတာ ဘယ်တိုင်းပြည်မှာလဲဆိုတာ ချင့်ချိန်သင့်တယ်။ ကျွန်တော်တို့ သတင်းယူနေတာ ဘယ်အစိုးရ လက်အောက်မှာလဲ ဆိုတာလည်း ချင့်ချိန်သင့်တယ်။ ဒီအစိုးရက သိပ်မဟန်ဘူး၊ မယုံရဘူးဆိုရင် မယူတာ ကောင်းတယ်။ ဒီအစိုးရဟာ ငါတို့ကို ထောင်ဖမ်းမယ့် အစိုးရလားလို့ ယူဆလို့ရှိရင် ဒီသတင်းထောက် နှစ်ယောက်ရဲ့ ချင့်ချိန်မှုက အားနည်းသွားတယ်။ ဒီအစိုးရက ငါတို့ကို ဖမ်းမှာ မဟုတ်ပါဘူးကွာလို့ သူတို့ ယုံကြည်မှု လွန်ကဲသွားတယ်လို့ ကျွန်တော်မြင်တယ်။

မေး – ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပင်လုံညီလာခံ ပါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးခရီးတွေ ဆက်နေတယ်။ သူ့အစိုးရ ၅ နှစ်သက်တမ်းမှာ ဘယ်လောက်အထိ ရောက်နိုင်မလဲ။ နောက်တစ်ခုက အတိုက်အခံထောက်ခံသူ အများစု ပြောနေတဲ့စကားရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်က သဘောထားတင်းမာနေတယ်လို့ ကောက်ချက်တွေချပြီး ပြောနေတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ – ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ လက်နက်ချ အရှုံးပေးတာ မဟုတ်ဘူးဆိုတာကိုတော့ သိထားရမယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ လက်နက်ချ အရှုံးပေးခြင်း မဟုတ်ဘူး။ ငြိမ်းချမ်းဖို့ လုပ်နေတာ။ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ပြောတာပေါ့။ သူတို့ကိုယ်တိုင်က ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒမရှိရင် ဒီကိစ္စ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် လုပ်ပုံ ကိုင်ပုံကတော့ နည်းနည်းလိုသေးတယ်။ ဥပမာ ယုံကြည်မှု ရှိမရှိကို ကျွန်တော်နာမည်မပြောဘူးနော်။ ဒါပေမယ့် ကျွန်တော် နာမည်မပြောဘူးဆိုတဲ့ လူအကြောင်းကို ထည့်ရေးပါ။ အဲဒီ နာမည်မပြောဘူးဆိုတဲ့ ငြိမ်းချမ်းရေး ကော်မရှင်မှာ ပါတဲ့လူတစ်ယောက် ကို ကျွန်တော့်မိတ်ဆွေ ဗိုလ်ချုပ်တစ်ယောက်က ပြောတယ်။ ကျွန်တော်နဲ့ ဟိုနေ့က တွေ့လို့ နေပြည်တော်မှာ။ ကိုလှဆွေရာ အဲဒီပုဂ္ဂိုလ်ဗျာ ကျွန်တော်နဲ့ တွေ့တယ်။ စကားပြောတယ်။ ကျွန်တော် နာရီပါတယ်ဗျာတဲ့။ ကျွန်တော့်နာရီချွတ်ပြီး ရော့ အဲ့မှာ နာရီယူ။ ဟောမှာ ကားသော့ ယူ။ မင်းငြိမ်းချမ်းရေး ဒီပုံစံအတိုင်းသွား မဖြစ်စေရဘူး လောင်းမလားဆိုတော့ ကျွန်တော် မလောင်းရဲဘူးလို့ ပြောတယ်တဲ့။ ဆိုတော့ အဲဒါငြိမ်းချမ်းရေး ကော်မရှင်မှာပါတဲ့လူ။ သူကိုယ်တိုင်က မလောင်းရဲဘူး။ ဆိုလိုတာကတော့ အနှစ်ချုပ် ပြောချင်တာကတော့ တကယ်လို့သာ ဒါကတော့ မပြီးခဲ့ဘူးပေါ့လေ။ ဦးသိန်းစိန် လက်ထက်မှာ စခဲ့တာပေါ့နော်။ ဦးသိန်းစိန်သာ ၂၀၁၅ ကနေ ၂၀၂၀ အထိ နေလို့ကတော့ အခုငြိမ်းချမ်းသွားပြီ။ ကျွန်တော်က မြင်ပြီးသား။ ဘာလို့ဆို ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ အလျော့ပေးရေး လမ်းစဉ်မဟုတ်ဘူး။ လက်နက်ချရေး လမ်းစဉ်လည်း မဟုတ်ဘူး။ သို့သော် မင်း ဒါ ဒါ ဒါ ရှိမယ်။ ဒီမှာလည်း အင်အားက ပြထားရတယ်။ ကျွန်တော်ပြောချင်တာက ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ ကျွန်တော်တီထွင်ထားတဲ့ စကားလုံးရှိပါတယ်။ Press in Feet. Smile in Face. မျက်နှာမှာ ပြုံးထားမယ်။ ခြေထောက်ကိုတော့ တက်နင်းထားရမယ်။ မင်းကိုငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ ခြေထောက်ကို တက်နင်းပြီးတော့ အဲ့လိုမျိုး Pressure ပေးနိုင်ရမယ်။ အဲ့အတွက်ကို တပ်မတော်က အင်အားရှိဖို့ လိုတယ်။ တပ်မတော် အင်အားရှိထားရင် အကုန်ဝိုင်းထားပြီး ဟေ့ရောင် မင်းငြိမ်းချမ်းရေး လုပ်မှာလား မလုပ်ဘူးလား၊ ဇိကုတ်ပြီး နတ်ပြည်တင်တာပဲ။ ဇိကုတ်ပြီး နတ်ပြည်တင်တာ။ မလိုချင်ဘူး။ ဆင်းရဲတွင်းကို ခုန်ချလို့ မရဘူး။ မင်းကို ဇိကုတ်ထားတယ်။ အဲဒီ ဇိကုတ်နိုင်တဲ့ အနေအထားရှိရမယ်။ အဲ့အတွက် တပ်မတော်နဲ့ အစိုးရနဲ့က ပေါင်းစပ်ပြီးတော့မှ တကယ့်ကို ဇိကုတ်နိုင်တဲ့ အနေအထားဖြစ်အောင် ဆောင်ရွက်မှ ငြိမ်းချမ်းရေးရမှာ။ ဒီအတိုင်းမရဘူး။ အဲ့အတွက် မြန်မာနိုင်ငံက ဆင်းရဲတာကိုး။ မြန်မာနိုင်ငံက ဆင်းရဲလို့ ဒီလိုဖြစ်တာ။ အစိုးရလည်း ချမ်းသာရင် တပ်မတော်လည်း ချမ်းသာရင် အိုကေပဲ။ ငြိမ်းချမ်းရေးက စောစောစီးစီးရမယ်။ ဒီလက်ထက်မှာတော့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ အစိုးရက မွဲနေတာကိုး။ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ မယုံကြည်ဘူး။

မေး – စိန်စီသောညနဲ့ ထိန်ရီသောညဆိုတဲ့ မင်္ဂလာပွဲအပေါ် ပန်းဖိုး သိန်းနှစ်ထောင်နီးပါး သုံးသွားတယ်လို့ ဝေဖန်နေတယ်။ လက်ရှိအခြေအနေမှာ အခုလို မင်္ဂလာဆောင်တာကို လူတွေက ဝေဖန်နေတယ်။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ – ဦးဝင်းထိန်က စည်ပင်ရိပ်သာမှာနေတယ်။ စည်ပင်ရိပ်သာမှာ တက္ကစီဆွဲနေတဲ့ လူတွေက ပြန်ပြောပြတယ်။ ဦးဝင်းထိန် အခန်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေ နေ့စဉ်နေ့စဉ် အများကြီးပဲတဲ့၊ နေ့စဉ် ၀င်ထွက်နေကြတာတဲ့။ ဆိုတော့ အဲ့ကတည်းကတော့ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော်က သိပြီးပါပြီ။ ဒါကြောင့်မို့ ပြောတာ NLD ဟာ ချမ်းသာတဲ့ဒဏ် မခံနိုင်ပါဘူး။ ဦးဝင်းထိန် ထောင်ထဲမှာ အကြာကြီး နေခဲ့တယ်။ ထောင်ထဲမှာ ထောင်ထမင်း၊ထောင်ဟင်း စားခဲ့တယ်။ သူ အဲဒီဒဏ်ကို ခံနိုင်တယ်။ စည်ပင်ရိပ်သာမှာ ဧည့်သည်တွေ အများကြီး လာတွေတဲ့ဒဏ်ကို သူမခံနိုင်ရှာဘူး။ ကျွန်တော် ဦးဝင်းထိန်နဲ့ ခင်ပါတယ်။ ကျွန်တော် ဦးဝင်းထိန်ကို ပုဆိုးတစ်ထည် လက်ဆောင်ပေးဖူးပါတယ်။ ယောပုဆိုးပေါ့။ အခုထိလည်း သူနဲ့ ကျွန်တော်ဟာ ခင်ခင်မင်မင် နောက်နောက်ပြောင်ပြောင်နဲ့ အကိုကြီး ဘာညာနဲ့ ပြောဆိုဆက်ဆံမှုတွေ ရှိပါတယ်။ ဒါပေမယ့် သူချမ်းသာတဲ့ဒဏ် မခံနိုင်ရှာဘူးလို့ ယူဆပါတယ်။

မေး – စိန်စီသောည ဝေဖန်မှုကျတော့ အရမ်းပြင်းထန်ခဲ့ပြီး ဒီမင်္ဂလာဆောင်ကျတော့ ဝေဖန်မှု နည်းတာ ဘာကြောင့်လဲ။

ဖြေ – မီဒီယာတွေက ကြောက်တာကိုး။ တကယ်လည်း ချတယ်လေ။ တကယ်လည်း သူတို့က ဦးချိုးပစ်တာလေ။ အလဲဗင်းတို့ ဘာတို့၊ သန်းထွဋ်အောင်တို့ကို တွန်းလှည်းကြီးနဲ့ ထမ်းစင်ကြီးနဲ့ သွားရတာလေ။ သန်းထွဋ်အောင်လည်း ဘာညာပါးစပ်ကသာ ဗြူးဗြဲပြောနေတာ တကယ်တမ်း ဖမ်းချုပ်ပြီးတော့ ဟိုဟာလုပ်တော့ ပထမတော့ လက်ထိပ်ကြီးနဲ့ သွားတယ်။ နောက်ကျတော့ တွန်းလှည်းကြီးနဲ့ သွားတယ်။ ထမ်းစင်ကြီးနဲ့ သွားတယ်။ နေမကောင်းဘူးလိုလို ဘာလိုလိုနဲ့ အခုတော့ ကျန်းမာသွားပြီ ထင်ပါတယ်။ အာမခံရတော့လေ။ အလဲဗင်းဆိုတာက မြန်မာပြည်မှာပေါက်တဲ့ ဂျာနယ်ပဲလေ။ ဆိုတော့ အဲဒါကို ဦးချိုးပစ်လိုက်တဲ့အခါ ကျန်တဲ့ဂျာနယ်တွေက မရေးရဲဘူး နေမှာပေါ့။ ကျွန်တော့်ဂျာနယ်မှာတော့ ရေးပါတယ်။ ကျွန်တော့် ဂျာနယ်ကတော့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရေးပါတယ်။ ကျွန်တော်ကို ပြန်ထောက်ရင် ကျွန်တော် ပြန်ပြောမယ်လေ ဒီဟာတွေက မဟုတ်ဘူးလားလို့ ပြန်ပြောမှာပေါ့။

မေး – ပြည်ခိုင်ဖြိုး အနေနဲ့ ၂၀၂၀ အတွက် ဘယ်လိုတွေ လုပ်ဖို့ရှိသလဲ။ နောက်တစ်ခုက အခုအစိုးရ လက်ထက်မှာ အတိုက်အခံကောင်းကောင်း မရှိဘူး။ ရှားပါးလာတယ်။ ကြံခိုင်ရေးက အတိုက်အခံ ကောင်းကောင်း ဖြစ်မလာသေးဘူး။ ဒီအပေါ်မှာ ဆရာ့ရဲ့ မှတ်ချက်လေး ပြောပြပေးပါ။

ဖြေ – အဲဒါက လူတွေက ထင်လို့ပါ။ ကျွန်တော်တို့ ကြံ့ခိုင်ရေးဆိုတာ NLD ပြောသလို မပြောနိုင်ဘူး။ NLD က ကျွန်တော်တို့ အစိုးရ ဖြစ်နေတဲ့ အချိန်မှာ ပေါက်ကရ လေးဆယ် အကုန်ပြောတာ။ မယုံရင်ပြန်ကြည့်။ ရှိသမျှ မီဒီယာတွေ အကုန်လုံးမှာ ပေါက်ကရလေးဆယ် အကုန်ပြောထားတာ။ ကြံ့ခိုင်ရေး အဲ့လို မပြောပါဘူး။ ကြံ့ခိုင်ရေးက အဆင့်အတန်းရှိတဲ့ အတိုက်အခံပါ၊ အဆင့်အတန်းရှိတဲ့ အတိုက်အခံဆိုတာ အဆင့်အတန်းရှိတဲ့ စကားပဲ ပြောမယ်။ ကြံ့ခိုင်ရေးကို အားမရဘူးဆိုရင်လည်း မတတ်နိုင်ပါဘူး။ ကြံ့ခိုင်ရေးက အဆင့်အတန်းရှိရှိ ပြောမယ်။ ပေါက်ကရ လေးဆယ် မပြောနိုင်ဘူး။ ဒါပေမယ့် ကြံ့ခိုင်ရေးသည် အဲ့မြို့မှာ ဘယ်သူ့ကိုခင်ဗျားတို့ လေးစားသလဲ။ ယုံကြည်သလဲ။ အဲဒီလူဟာ ကြံ့ခိုင်ရေးလူ ဖြစ်ပါလိမ့်မယ်။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ခင်ဗျားတို့ ရွေးလိုက်ပါ။ ခင်ဗျားတို့ဘ၀ တိုးတက်မှုက အမှန်အကန် ဖြစ်လာပါလိမ့်မယ်။ စီးပွားရေး တိုးတက်လာပါလိမ့်မယ်။ ပြည်သူလူထု လိုချင်တောင့်တတဲ့ဟာကို ကြံ့ခိုင်ရေးက ဖြစ်လာပါလိမ့်မယ်ဆိုတာ ၂၀၁၀ ကနေ ၂၀၁၅ ကြားထဲက ကာလလေးကို တစ်ချက်ကြည့်ပါ။ ကျွန်တော်တို့ပါတီ တာဝန်ယူတာ အဲဒီ ၅ နှစ်ပဲ ရှိပါတယ်။ ဒီ ၅ နှစ်ကိုပဲ ကြည့်ပါ။ ရှေ့က အဘတွေ ခိုးလာတယ် ဘာညာ သယံဇာတတွေ ထုတ်ရောင်းတယ် ဆိုတာတွေဟာ ကြံ့ခိုင်ရေးအစိုးရ မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးဟာ ၂၀၁၀ ကနေ ၂၀၁၅ ကြားထဲမှာပဲ ရှိပါတယ်။ ပါတီအဖြစ် ရပ်တည်တာ။ အဲဒါကြောင့် ကျွန်တော်တို့ပါတီက ဆက်သွားမှာက ဦးသိန်းစိန်ထက် ကောင်းတဲ့ အစီအမံကို ဖော်ထုတ်မှာ လက်ရှိ ၂၀၂၀ နောက်ပိုင်း ဖြစ်ပါတယ်။

မေး – ဆရာ့ဂျာနယ်က သတင်းထောက် ကိုဝင်းဦးကို YBS မှတ်တိုင် စုတ်ဖြဲမှုနဲ့ ထောင် ၃ နှစ် ချလိုက်တယ်။ အခု မြို့ထဲက YBS မှတ်တိုင်တွေ စုတ်ဖြဲခံနေရတာတွေ အများကြီးပဲ။ဒီအပေါ် ဘာပြောချင်သလဲ။

ဖြေ – ဒီလိုဗျ။ ဟို ချိုပြုံးနဲ့ ကျော်ဟိန်းနဲ့ ဇာတ်ကားလိုပေါ့။ မွန်းတည့်ချိန်တွင်နေ၀င်သည်။ ရှင်တို့က ရဲတွေပဲ လုပ်ကြပေါ့။ အခုသူတို့က ရဲတွေ ဖြစ်နေတာကိုး။ ချိုပြုံးက အဲ့တုန်းက ဖာသည်မလေ၊ မွန်းတည့်ချိန်တွင် နေ၀င်သည် ဇာတ်ကားမှာ ရဲက ချိုပြုံးကို ဖမ်းတာ ချိုပြုံးက ထွက်ပြေးရတယ်။ အဲလိုပါပဲ။ အခုချိန်မှာတော့ သူတို့က YBS ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် တရားသူကြီးက ၃ နှစ်ချတာတော့ ရက်စက်လွန်းအားကြီးတယ်။ မတော်မတရားကြီး ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်ယူတယ်။ ဒါက ဒဏ်ငွေလောက်နဲ့တောင် ပြီးသင့်တယ်။ ဒါပေမယ့် ဖားယားပြီး ၃ နှစ်ချတယ်လို့ မှတ်ယူတယ်။ ဒါတွေက အခုဆို စုတ်ပြတ်သတ်နေပြီ။ ဒါပေမယ့် ကိုယ့်လူကလည်း မူးပြီးတော့ အဲဒီနေ့က သူ့မိန်းမ စိတ်ဆိုးပြီးတော့ ရွာပြန်သွားတယ်။ ပြန်ရောက်တော့ ထမင်းစားစရာမရှိဘူး။ ပေါက်ကွဲပြီး BEDC ဆိုင်မှာ အရက်ဖြူသောက်ပြီးတော့ လုပ်လိုက်တာ။ ကျွန်တော်အဲလို ကြားပါတယ်။ တချို့က ပြောတယ်။ ဦးလှဆွေက လုပ်ခိုင်းတာ ဆိုပြီး။ ဒါကတော့ မဖြစ်နိုင်ပါဘူး။

မေး – လက်ရှိအစိုးရရဲ့ ၀န်ကြီးတွေ ပြောဆိုနေတဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ – သူတို့ဟာ အဆင့်အတန်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ သူတို့ပြောစကားတွေဟာ အဆင့်အတန်း မရှိပါဘူး။ သူတို့ပါးစပ်က ပြောလိုက်ရင် ဟုတ်တယ်လို့ ထင်နေတာလေ။ ဦးသိန်းစိန်ခေတ်က စကားတွေ ပြောကြတယ်။ ဦးအုန်းမြင့်က ပါးရိုက်မယ်လို့ ပြောတယ်။ အဲဒါ မိန့်ခွန်းပြောတာ မဟုတ်ဘူးဗျ။ သူ့ကို ဆွပေးတဲ့ စကားလုံးမေးလို့ သူပါးရိုက်မယ်ပြောတာ။ ဦးမြင့်လှိုင်က ထမင်းတနပ်လျှော့စားလို့ ပြောတာကလည်း နောက်ရင်းပြောင်ရင်းနဲ့ ပြောတာ။ မိန့်ခွန်းပြောတာ မဟုတ်ဘူး။ ဒါပေမယ့် အခု သူတို့ပြောတဲ့ စကားတွေက မိန့်ခွန်းပြောတဲ့ ပွဲတွေမှာ ချနေကြတာ။ တကယ့်ကို Public ကိုပြောတာမှာ မှားတဲ့ အမှားတွေဗျ။ အဲ့ဒါက ကွာတယ်။ သူတို့အနေနဲ့ စဉ်းစားချင့်ချိန်မှု အင်မတန် အားနည်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒေါက်တာအေးဇံက ပြောတယ်။ ဟင်းတစ်မယ်ပဲစား ဘာညာက ဒါက Public ကိုပြောတာဗျ။ လူတွေ အုပ်လိုက်ကြီးရှိတဲ့ အခမ်းအနားကြီးမှာ ပြောတာ။ နောက်တခါ ဂျက်လေယာဉ်ကြီး တက်တော့မယ်ဆိုတာ အခမ်းအနားကြီးတွေမှာ ပြောတာပါ။ Public ကို Speech ပေးတာဗျ။ သူတို့ပြောတဲ့ စကားလုံးတွေကို ကြည့်ခြင်းအားဖြင့် အဲ့ကတည်း သူတို့ဟာ သောက်တလွဲချည်း စဉ်းစားနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။

မေး – ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၂၀ မှာ ၁၅ တို့ ၁၀ တုန်းကတို့လို ကွင်းဆင်းလို့ မရတော့ဘူး။ မဲဆွယ်လို့ မရတော့ဘူး။
ဖြေ – ကျွန်တော် ပြောမယ်။ အခု ၂၀၁၅ ကနေ ၂၀၁၈ ရောက်လာပြီ။ ရပ်ကျေးရွေးကောက်ပွဲတွေ သွားကြည့်လိုက်။ NLD 50-50 ဖြစ်သွားပြီဗျ။ ဒါ သူတို့ဘာ သူတို့ ပြန်ရွေးခိုင်းတာ။ နောက် ၂ နှစ် ၂၀၂၀ မှာ NLD မလွယ်ဘူး ထင်တယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံဖြစ်နေပြီ၊ အစိုးရ၀န်ထမ်း ဖြစ်သွားပြီ။ ကော်မရှင်ဥပဒေအရ အစိုးရ၀န်ထမ်းဟာ မဲမဆွယ်ရဘူးလို့ သိထားပါတယ်။ သူမဲမဆွယ်နိုင်ရင် ၂၀၂၀ မှာ NLD က ဘယ်သူနဲ့ ဆွယ်မလဲ။ အလားအလာ ဘယ်လိုရှိမလဲ။ ဒီအပေါ်မှာ ပြည်ခိုင်ဖြိုးက ဘယ်လို အသုံးချမလဲ။
ဖြေ – အဲဒါကတော့ ကြံ့ခိုင်ရေးက အခွင့်အရေးယူဖို့ အသုံးချဖို့ မရှိပါဘူး။ သို့သော် သူတို့အနေနဲ့ကတော့ ကြိုပြင်နေတဲ့ အနေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တာတို့ ၂၀၂၀ မှာ၊ နောက်တခါ ဗိုလ်ချုပ်ရုပ်တု ဖွင့်တာတို့ ဘာညာကွိကွ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချနေတာတော့ လက်တွေ့ မြင်နေရတာပေါ့လေ။ ဒါပေမယ့် ၂၀၂၀ မှာ ဗီနိုင်းတွေလာရင်တော့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ထဲရဲ့ ပုံတွေပဲ ပါလာလိမ့်မယ်လို့ ယူဆရတယ်။ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ပါ ပါလာရင် ဒါက ကန့်ကွက်ရမယ်။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့လူဆိုတော့ ဘယ်လိုလာဦးမလဲတော့ မသိဘူး။

မေး – NLD အနေနဲ့ သွယ်ဝိုက်သောနည်းနဲ့ TV ကပဲ ဖြစ်ဖြစ် မဲဆွယ်သလို ဟောပြောသလို လုပ်လာရင်ရော ဘယ်လိုဖြစ်မလဲ။
ဖြေ – သူတို့က သွယ်ဝိုက်သော နည်းကို သုံးမှာတော့ မဟုတ်ဘူး။ ဒဲ့ကို ချမယ့်သဘောရှိတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်မှာလည်း ဒဲ့ချသွားတယ်။ အကုန်လုံး MRTV ကိုသုံးပြီးတော့ လွှင့်သွားတာပဲလေ။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ဘာမှ မပြောဘူးဗျ။ အခုလည်း ဒီလိုပဲ လာလိမ့်မယ် ထင်ပါတယ်။ သူတို့ဟာ ကော်မရှင်ဥပဒေတွေ အခြေခံဥပဒေတွေ သိပ်ဂရုစိုက်တဲ့အဖွဲ့ မဟုတ်ဘူးလေ။

မေး – ဦးသိန်းစိန် လက်ထက်နဲ့ ဦးထင်ကျော် လက်ထက် တိုင်းပြည်ရဲ့ တည်ငြိမ်ရေး စီးပွားရေး အခြေအနေက ဘယ်လိုတွေရှိမလဲ။
ဖြေ – ကျွန်တော် ခုနကပြောသလိုပေါ့။ အမျိုးသားရေးဘက်က ရပ်တည်ချက် မရှိတော့ဘူး၊ ဒီအစိုးရက။ ဦးသိန်းစိန်ခေတ်က အိမ်ခြေ ၃၀ လောက်ရှိတဲ့ ရွာလေးတစ်ရွာဟာ ကုလားတွေ ပတ်ချာလည် ၀ိုင်းနေတဲ့နေရာမှာ ခပ်တည်တည် နေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက သူတို့ဘက်က ရှိလို့။ အခုမနေရဲတော့ဘူး။ အဲဒါမျိုး ကွာသွားပြီ။ အဲ့တော့ လက်ရှိမှာလည်း တိုးတက်လာတာပေါ့နော်။ ဘာတိုးတက်လာသလဲဆိုတော့ ရာဇ၀တ်မှုတွေပေါ့နော်။ ငတ်လာကြတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်လာကြတာတွေ ရှိတယ်။ ဒါတွေဟာ အစိုးရအပေါ်မှာ မူတည်တယ်။ အစိုးရက သာယာချမ်းမြေ့အောင် ကြွယ်ဝအောင် လုပ်ပေးနိုင်ရင် ငြိမ်နေတာပေါ့။ ဆွစ်ဇာလန်လို တိုင်းပြည်မျိုးမှာ အစိုးရက ချမ်းသာအောင် လုပ်ပေးထားတော့ ပြည်သူလူထုရဲ့ တစ်ဦးချင်းဝင်ငွေက တိုးတက်နေတော့ ချမ်းသာတော့ ဘာမှ မဖြစ်ကြဘူး။ ဂျပန်မှာဆို ဆူနာမီဖြစ်လို့ ကျန်ခဲ့တဲ့ မီးခံသေတ္တာတွေကို အကုန်လုံးသယ်ပြီးတော့ အစိုးရကို အပ်တာကိုး။ ဘယ်သူမှ မယူကြဘူး။ ဆိုလိုတာက ချမ်းသာသွားတော့ အစိုးရက ချမ်းသာအောင် လုပ်ပေးနိုင်တော့ အဆင်ပြေတယ်။ အစိုးရက ချမ်းသာအောင် မလုပ်ပေးနိုင်တော့ လူတွေက ခိုးဆိုးနှိုက်ဝှက်၊ မတော်မတရားတွေ လုပ်။ အကျင့်ပျက် ခြစား။ အခုဟာက ကျွန်တော်ကြားတယ်။ ဌာနဆိုင်ရာတွေကလည်း အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား တော်တော်များနေတယ်။ ခါတိုင်း တစ်သိန်းနဲ့ ပြီးမယ့်ကိစ္စက သုံးသိန်းမှ ပြီးတယ်တဲ့။ အဲလို ဖြစ်နေတယ်။ ဌာနဆိုင်ရာတွေ တော်တော်များများပေါ့။ ကျွန်တော့် မိတ်ဆွေတွေက ပြောတယ်။ ဘယ်ဌာနက စားတာလဲ ဘာညာဆိုတာတော့ ကျွန်တော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲလို ပြောလိုက်ပြန်ရင်လည်း ဘယ်မှာလဲ သက်သေဆိုပြီးတော့ လာဦးမယ်။ ဒါပေမယ့် တကယ်တမ်းကတော့ တော်တော် ဖြစ်နေပြီ။ ဥပမာတစ်ခုပြောမယ်။ ၀န်ကြီးဌာနတစ်ခုက ၀န်ကြီးက ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ။ ဥပမာ လိမ္မော်သီး ၀ယ်ချင်ပါတယ်ပေါ့ဆိုပြီး အတိုင်ပင်ခံဆီ တင်လိုက်တယ်။ အတိုင်ပင်ခံက အကုန်လုံး ဆုံးဖြတ်တာကိုး။ အတိုင်ပင်ခံဆီက ပြန်လာတယ်။ အဲဒီလိမ္မော်သီးက ပျားလိမ္မော်လား အောင်ပန်းလိမ္မော်လား ဆိုပြီး ပြန်လာတယ်။ ဆိုလိုတာက Command ပေးဖို့ တင်လိုက်တာကို Command မပေးဘဲ Comment လာပေးတယ်။ တကယ်က Decision ပေးရမှာ။ ၀ယ် မ၀ယ်နဲ့ ဒီလိုမျိုး ဖြစ်ရမှာ။ ဒါပေမယ့် ၀ယ် မ၀ယ်နဲ့ မလာဘဲ ဒီလိမ္မော်က ပျားလိမ္မော်လား အောင်ပန်းလိမ္မော်လား မေးတယ်။ ပျားလိမ္မော်ပါခင်ဗျာဆိုပြီး တစ်ခါ စာပြန်တင်တယ်။ ပျားလိမ္မော်ဝယ်မယ့်အစား အောင်ပန်းလိမ္မော်ဝယ်ရင် မကောင်းဘူးလား ဆိုပြီး Comment က ပြန်လာတယ်။ ဟာ မဟုတ်ပါဘူး၊ ပျားလိမ္မော်က ပိုချိုပါတယ်၊ အောင်ပန်းလိမ္မော်က မချိုပါဘူးဆိုပြီး စာတင်လိုက်ပြန်ရော။ အဲဒါဆိုရင် ပျားလိမ္မော်က အထဲမှာ အစေ့ ဘယ်နှစ်စေ့ပါတုန်းဆိုပြီး အဲလိုမျိုး အသွားအပြန်နဲ့ကို ကြာနေတယ်။ အဲဒါမျိုး Pending တွေက အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အလုပ်မဖြစ်ဘူး။ အရင်တုန်းက ဦးသိန်းစိန်ခေတ်ကဆိုရင် ဦးစိုးသိန်းတို့ ဦးလှထွန်းတို့ ဦးအောင်မင်းတို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေကနေ တစ်ခါထဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပါ ဒိုင်းဒိုင်းဒိုင်း ချပေးလိုက်ချိန်မှာ အစိုးရရဲ့ GDP ဟာ 5 ကနေ 7 ၊ 7 ကနေ 8 ၊ 8 နေ 9 နောက်ဆုံးပိတ် အစိုးရ တာဝန်လွှဲတဲ့အချိန်မှာ ၁၁ ဒသမ ၅ အထိအောင် တိုးတက်သွားတယ်ဆိုတာ မြင်ရတယ်။ ဦးသိန်းစိန်က ဒါကောင်းတယ်၊ ဒါလုပ် ဒါလုပ်၊ ကျွန်တော်တို့ ဒီလိုလုပ်လိုက်ပြီဖြစ်ကြောင်း တင်ပြအပ်ဆိုပြီး ဒီလိုပဲ လုပ်တာ။ အခုဟာက ဘယ်လိုလုပ်ရမလဲ။ လိမ္မော်သီးဝယ်ပါမယ်။ ပျားလိမ္မော်လား။ ဒါ ဥပမာ ပြောတာပါ။ ကိစ္စလေးတစ်ခုကို အသွားအပြန်က သုံးခါလောက် လေးခါလောက် ဖြစ်နေရင် တိုင်းပြည်ရဲ့ အခြေအနေက တော်တော်လေးကို မဟန်ပါဘူး။ အခု ကျွန်တော် ဂျပန်နိုင်ငံက Direct လာတဲ့ ရထားကိစ္စဆိုလည်း အခုချိန်အထိ အရင် ကိုဇေယျာအောင်တို့ ဦးသန်းဌေးတို့ လက်ထက်က တကယ့်ကို Master Plan ကြီး ဆွဲသွားခဲ့တဲ့ဟာကို အကောင်အထည်ဖော်တဲ့အခါ ၈ ဘီလီယံတောင်မှ ဂျပန်က ချပေးခဲ့သော်လည်းပဲ အခုချိန်အထိ ကိစ္စ၀ိစ္စက မပြတ်ဘူး ဆိုတာကို မြင်ရတယ်။ ဒါ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော် သိထားတာတွေ အများကြီးပါ။ သေးသေးလေး ပြောပြတာပါ။

မေး – ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီးတော့ ARSA က ကြေညာချက်တွေ၊ တိုက်မယ့် အကြောင်းတွေ ပြောထားတဲ့အပေါ် ဆရာရဲ့ အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ – ဒါနဲ့ ပတ်သက်လို့ ပါတီရဲ့ သဘောထားမဟုတ်ပါဘူး။ ကျွန်တော် တစ်ဦးထဲရဲ့ ဆန္ဒသဘောထား ပြောရရင်၊ အခုသူတို့ဟာ သူတို့ မွေးရပ်မြေဇာတိကို ပြန်သွားတယ်လို့ပဲ ယူဆပါတယ်။ ပြန်သွားတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် တစ်ယောက်မှ လုံးဝ ပြန်မလာလေ ကောင်းလေပါပဲ။ နောက်ထပ်လာသမျှ အဲဒီနေရာကို ကျွန်တော်တို့ မာရှယ်လော ထုတ်ထားပြီးတော့မှ ဘယ်သူ့ကိုမှ အ၀င်မခံဘဲနဲ့ တည်ဆောက်လိုက်မှသာလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ဒါ ကျွန်တော်တစ်ယောက်ထဲ အမြင် ဖြစ်ပါတယ်။ အခုပြေးသွားတဲ့ ၆ သိန်း။ နဂိုရှိတာ ၃ သိန်းလို့ ပြောတယ်။ သူတို့ ၉ သိန်းလောက်ရှိတယ်လို့ ပြောတယ်။ ပြန်မလာလေ ကောင်းလေပါပဲလို့ ပြောချင်ပါတယ်။

မေး – တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ – တပ်မတော် အစိုးရလက်ထက်ကနေ ဦးသိန်းစိန်ကို ပေးလိုက်တဲ့ ၅ နှစ်ပဲ ကျွန်တော်ပြောမယ်။ တပ်မတော်အစိုးရ လက်ထက်က စစ်အစိုးရ ဘာမှမပြောနဲ့၊ တစ်သွေး တစ်သံ တစ်မိန့်နဲ့ သွားတာ။ ဒါတောင်မှ တိုင်းပြည်ကို ကားလမ်းကြီး ဖောက်ပေးနိုင်တယ်။ နေပြည်တော်ကြီး ဆောက်ပေးနိုင်တယ်။ အခု အဲဒါလေးကို ဆေးသုတ်ဖို့တောင် မလွယ်ဘူး။ လမ်းပေါက်ဖာဖို့တောင် မလွယ်ဘူး။ ဇီးယိုကပ်ဖို့တောင် မလွယ်ဘူး။ ဒါက ဘာဖြစ်လို့လဲ။ ဒီအချိန်မှာ ပိုပြီးတော့ လုပ်နိုင်ရမယ်။ ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံခြားက ပရော်ဖက်ဆာ တစ်ယောက်က ပြောတယ်။ အာရှရဲ့ ကျားတစ်ကောင် ပေါ်လာပြီပေါ့။ Every 7% GDP တက်တယ်။ အခုဒီမှာ ဘာကြောင့် မဖြစ်တာလဲဆိုတော့ မလုပ်တတ်လို့။ ဒါကို ၂၀၀၈ အခြေခံဥပဒေကြောင့်လို့ သူတို့က ပြောတယ်။ ဦးသိန်းစိန်လည်း ၂၀၀၈ Under the 2008 Constitution မှာပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဦးသိန်းစိန် လက်ထက်မှာ အရမ်းကို ဖွံ့ဖြိုးခဲ့ပါတယ်။ အခု ၂၀၁၅ ကနေ ၂၀၁၈ ထိ သုံးနှစ်ရှိပြီ။ ၂၀၂၀ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူရမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့အမြင်နဲ့ ပြောရရင် သူဟာ တရားသဘောနဲ့ ပြောရရင် ဓမ္မကထိက တစ်ယောက်အနေနဲ့သာ တရားဟောတဲ့ဟာပဲ လုပ်ပါ။ တကယ်လက်တွေ့ ဘုန်းကြီးကျောင်းမှာ ချက်ဖို့ ပြုတ်ဖို့ စာသင်သားကိစ္စတွေကို ဆောင်ရွက်ဖို့၊ သူဟာ တရားဟောတော့ ကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမယ့် Administration Manangement မှာတော့ Zero ပါလို့ ကျွန်တော်ပြောချင်တယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

FWN

မေး – စိန်စီသောညနဲ့ ထိန်ရီသောညဆိုတဲ့ မင်္ဂလာပွဲအပေါ် ပန်းဖိုး သိန်းနှစ်ထောင်နီးပါး သုံးသွားတယ်လို့ ဝေဖန်နေတယ်။ တိုင်းပြည်ဆင်းရဲနေချိန်မှာ အခုလို မင်္ဂလာဆောင်တာကို လူတွေက ဝေဖန်နေတယ်။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ – ဦးဝင်းထိန်က စည်ပင်ရိပ်သာမှာနေတယ်။ စည်ပင်ရိပ်သာမှာ တက္ကစီဆွဲနေတဲ့ လူတွေက ပြန်ပြောပြတယ်။ ဦးဝင်းထိန် အခန်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေ နေ့စဉ်နေ့စဉ် အများကြီးပဲတဲ့၊ နေ့စဉ် ၀င်ထွက်နေကြတာတဲ့။ ဆိုတော့ အဲ့ကတည်းကတော့ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော်က သိပြီးပါပြီ။ ဒါကြောင့်မို့ ပြောတာ NLD ဟာ ချမ်းသာတဲ့ဒဏ် မခံနိုင်ပါဘူး။ ဦးဝင်းထိန် ထောင်ထဲမှာ အကြာကြီး နေခဲ့တယ်။ ထောင်ထဲမှာ ထောင်ထမင်း၊ထောင်ဟင်း စားခဲ့တယ်။ သူ အဲဒီဒဏ်ကို ခံနိုင်တယ်။ စည်ပင်ရိပ်သာမှာ ဧည့်သည်တွေ အများကြီး လာတွေတဲ့ဒဏ်ကို သူမခံနိုင်ရှာဘူး။ ကျွန်တော် ဦးဝင်းထိန်နဲ့ ခင်ပါတယ်။ ကျွန်တော် ဦးဝင်းထိန်ကို ပုဆိုးတစ်ထည် လက်ဆောင်ပေးဖူးပါတယ်။ ယောပုဆိုးပေါ့။ အခုထိလည်း သူနဲ့ ကျွန်တော်ဟာ ခင်ခင်မင်မင် နောက်နောက်ပြောင်ပြောင်နဲ့ အကိုကြီး ဘာညာနဲ့ ပြောဆိုဆက်ဆံမှုတွေ ရှိပါတယ်။ ဒါပေမယ့် သူချမ်းသာတဲ့ဒဏ် မခံနိုင်ရှာဘူးလို့ ယူဆပါတယ်။

မေး – စိန်စီသောည ဝေဖန်မှုကျတော့ အရမ်းပြင်းထန်ခဲ့ပြီး ဒီမင်္ဂလာဆောင်ကျတော့ ဝေဖန်မှု နည်းတာ ဘာကြောင့်လဲ။

ဖြေ – မီဒီယာတွေက ကြောက်တာကိုး။ တကယ်လည်း ချတယ်လေ။ တကယ်လည်း သူတို့က ဦးချိုးပစ်တာလေ။ အလဲဗင်းတို့ ဘာတို့၊ သန်းထွဋ်အောင်တို့ကို တွန်းလှည်းကြီးနဲ့ ထမ်းစင်ကြီးနဲ့ သွားရတာလေ။ သန်းထွဋ်အောင်လည်း ဘာညာပါးစပ်ကသာ ဗြူးဗြဲပြောနေတာ တကယ်တမ်း ဖမ်းချုပ်ပြီးတော့ ဟိုဟာလုပ်တော့ ပထမတော့ လက်ထိပ်ကြီးနဲ့ သွားတယ်။ နောက်ကျတော့ တွန်းလှည်းကြီးနဲ့ သွားတယ်။ ထမ်းစင်ကြီးနဲ့ သွားတယ်။ နေမကောင်းဘူးလိုလို ဘာလိုလိုနဲ့ အခုတော့ ကျန်းမာသွားပြီ ထင်ပါတယ်။ အာမခံရတော့လေ။ အလဲဗင်းဆိုတာက မြန်မာပြည်မှာပေါက်တဲ့ ဂျာနယ်ပဲလေ။ ဆိုတော့ အဲဒါကို ဦးချိုးပစ်လိုက်တဲ့အခါ ကျန်တဲ့ဂျာနယ်တွေက မရေးရဲဘူး နေမှာပေါ့။ ကျွန်တော့်ဂျာနယ်မှာတော့ ရေးပါတယ်။ ကျွန်တော့် ဂျာနယ်ကတော့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရေးပါတယ်။ ကျွန်တော်ကို ပြန်ထောက်ရင် ကျွန်တော် ပြန်ပြောမယ်လေ ဒီဟာတွေက မဟုတ်ဘူးလားလို့ ပြန်ပြောမှာပေါ့။

မေး – ဆရာ့ဂျာနယ်က သတင်းထောက် ကိုဝင်းဦးကို YBS မှတ်တိုင် စုတ်ဖြဲမှုနဲ့ ထောင် ၃ နှစ် ချလိုက်တယ်။ အခု မြို့ထဲက YBS မှတ်တိုင်တွေ စုတ်ဖြဲခံနေရတာတွေ အများကြီးပဲ။ ဒီကိစ္စက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပါနေတယ်လို့ ထင်မိတယ်။ ဒီအပေါ် ဘာပြောချင်သလဲ။

ဖြေ – ဒီလိုဗျ။ ဟို ချိုပြုံးနဲ့ ကျော်ဟိန်းနဲ့ ဇာတ်ကားလိုပေါ့။ မွန်းတည့်ချိန်တွင်နေ၀င်သည်။ ရှင်တို့က ရဲတွေပဲ လုပ်ကြပေါ့။ အခုသူတို့က ရဲတွေ ဖြစ်နေတာကိုး။ ချိုပြုံးက အဲ့တုန်းက ဖာသည်မလေ၊ မွန်းတည့်ချိန်တွင် နေ၀င်သည် ဇာတ်ကားမှာ ရဲက ချိုပြုံးကို ဖမ်းတာ ချိုပြုံးက ထွက်ပြေးရတယ်။ အဲလိုပါပဲ။ အခုချိန်မှာတော့ သူတို့က YBS ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် တရားသူကြီးက ၃ နှစ်ချတာတော့ ရက်စက်လွန်းအားကြီးတယ်။ မတော်မတရားကြီး ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်ယူတယ်။ ဒါက ဒဏ်ငွေလောက်နဲ့တောင် ပြီးသင့်တယ်။ ဒါပေမယ့် ဖားယားပြီး ၃ နှစ်ချတယ်လို့ မှတ်ယူတယ်။ ဒါတွေက အခုဆို စုတ်ပြတ်သတ်နေပြီ။ ဒါပေမယ့် ကိုယ့်လူကလည်း မူးပြီးတော့ အဲဒီနေ့က သူ့မိန်းမ စိတ်ဆိုးပြီးတော့ ရွာပြန်သွားတယ်။ ပြန်ရောက်တော့ ထမင်းစားစရာမရှိဘူး။ ပေါက်ကွဲပြီး BEDC ဆိုင်မှာ အရက်ဖြူသောက်ပြီးတော့ လုပ်လိုက်တာ။ ကျွန်တော်အဲလို ကြားပါတယ်။ တချို့က ပြောတယ်။ ဦးလှဆွေက လုပ်ခိုင်းတာ ဆိုပြီး။ ဒါကတော့ မဖြစ်နိုင်ပါဘူး။

မေး – ပြည်ခိုင်ဖြိုး အနေနဲ့ ၂၀၂၀ အတွက် ဘယ်လိုတွေ လုပ်ဖို့ရှိသလဲ။ နောက်တစ်ခုက အခုအစိုးရ လက်ထက်မှာ အတိုက်အခံကောင်းကောင်း မရှိဘူး။ ရှားပါးလာတယ်။ ကြံခိုင်ရေးက အတိုက်အခံ ကောင်းကောင်း ဖြစ်မလာသေးဘူး။ ဒီအပေါ်မှာ ဆရာ့ရဲ့ မှတ်ချက်လေး ပြောပြပေးပါ။

ဖြေ – အဲဒါက လူတွေက ထင်လို့ပါ။ ကျွန်တော်တို့ ကြံ့ခိုင်ရေးဆိုတာ NLD ပြောသလို မပြောနိုင်ဘူး။ NLD က ကျွန်တော်တို့ အစိုးရ ဖြစ်နေတဲ့ အချိန်မှာ ပေါက်ကရ လေးဆယ် အကုန်ပြောတာ။ မယုံရင်ပြန်ကြည့်။ ရှိသမျှ မီဒီယာတွေ အကုန်လုံးမှာ ပေါက်ကရလေးဆယ် အကုန်ပြောထားတာ။ ကြံ့ခိုင်ရေး အဲ့လို မပြောပါဘူး။ ကြံ့ခိုင်ရေးက အဆင့်အတန်းရှိတဲ့ အတိုက်အခံပါ၊ အဆင့်အတန်းရှိတဲ့ အတိုက်အခံဆိုတာ အဆင့်အတန်းရှိတဲ့ စကားပဲ ပြောမယ်။ ကြံ့ခိုင်ရေးကို အားမရဘူးဆိုရင်လည်း မတတ်နိုင်ပါဘူး။ ကြံ့ခိုင်ရေးက အဆင့်အတန်းရှိရှိ ပြောမယ်။ ပေါက်ကရ လေးဆယ် မပြောနိုင်ဘူး။ ဒါပေမယ့် ကြံ့ခိုင်ရေးသည် အဲ့မြို့မှာ ဘယ်သူ့ကိုခင်ဗျားတို့ လေးစားသလဲ။ ယုံကြည်သလဲ။ အဲဒီလူဟာ ကြံ့ခိုင်ရေးလူ ဖြစ်ပါလိမ့်မယ်။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ခင်ဗျားတို့ ရွေးလိုက်ပါ။ ခင်ဗျားတို့ဘ၀ တိုးတက်မှုက အမှန်အကန် ဖြစ်လာပါလိမ့်မယ်။ စီးပွားရေး တိုးတက်လာပါလိမ့်မယ်။ ပြည်သူလူထု လိုချင်တောင့်တတဲ့ဟာကို ကြံ့ခိုင်ရေးက ဖြစ်လာပါလိမ့်မယ်ဆိုတာ ၂၀၁၀ ကနေ ၂၀၁၅ ကြားထဲက ကာလလေးကို တစ်ချက်ကြည့်ပါ။ ကျွန်တော်တို့ပါတီ တာဝန်ယူတာ အဲဒီ ၅ နှစ်ပဲ ရှိပါတယ်။ ဒီ ၅ နှစ်ကိုပဲ ကြည့်ပါ။ ရှေ့က အဘတွေ ခိုးလာတယ် ဘာညာ သယံဇာတတွေ ထုတ်ရောင်းတယ် ဆိုတာတွေဟာ ကြံ့ခိုင်ရေးအစိုးရ မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးဟာ ၂၀၁၀ ကနေ ၂၀၁၅ ကြားထဲမှာပဲ ရှိပါတယ်။ ပါတီအဖြစ် ရပ်တည်တာ။ အဲဒါကြောင့် ကျွန်တော်တို့ပါတီက ဆက်သွားမှာက ဦးသိန်းစိန်ထက် ကောင်းတဲ့ အစီအမံကို ဖော်ထုတ်မှာ လက်ရှိ ၂၀၂၀ နောက်ပိုင်း ဖြစ်ပါတယ်။

မေး – လက်ရှိအစိုးရရဲ့ ၀န်ကြီးတွေ ပြောဆိုနေတဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ – သူတို့ဟာ အဆင့်အတန်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ သူတို့ပြောစကားတွေဟာ အဆင့်အတန်း မရှိပါဘူး။ သူတို့ပါးစပ်က ပြောလိုက်ရင် ဟုတ်တယ်လို့ ထင်နေတာလေ။ ဦးသိန်းစိန်ခေတ်က စကားတွေ ပြောကြတယ်။ ဦးအုန်းမြင့်က ပါးရိုက်မယ်လို့ ပြောတယ်။ အဲဒါ မိန့်ခွန်းပြောတာ မဟုတ်ဘူးဗျ။ သူ့ကို ဆွပေးတဲ့ စကားလုံးမေးလို့ သူပါးရိုက်မယ်ပြောတာ။ ဦးမြင့်လှိုင်က ထမင်းတနပ်လျှော့စားလို့ ပြောတာကလည်း နောက်ရင်းပြောင်ရင်းနဲ့ ပြောတာ။ မိန့်ခွန်းပြောတာ မဟုတ်ဘူး။ ဒါပေမယ့် အခု သူတို့ပြောတဲ့ စကားတွေက မိန့်ခွန်းပြောတဲ့ ပွဲတွေမှာ ချနေကြတာ။ တကယ့်ကို Public ကိုပြောတာမှာ မှားတဲ့ အမှားတွေဗျ။ အဲ့ဒါက ကွာတယ်။ သူတို့အနေနဲ့ စဉ်းစားချင့်ချိန်မှု အင်မတန် အားနည်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒေါက်တာအေးဇံက ပြောတယ်။ ဟင်းတစ်မယ်ပဲစား ဘာညာက ဒါက Public ကိုပြောတာဗျ။ လူတွေ အုပ်လိုက်ကြီးရှိတဲ့ အခမ်းအနားကြီးမှာ ပြောတာ။ နောက်တခါ ဂျက်လေယာဉ်ကြီး တက်တော့မယ်ဆိုတာ အခမ်းအနားကြီးတွေမှာ ပြောတာပါ။ Public ကို Speech ပေးတာဗျ။ သူတို့ပြောတဲ့ စကားလုံးတွေကို ကြည့်ခြင်းအားဖြင့် အဲ့ကတည်း သူတို့ဟာ သောက်တလွဲချည်း စဉ်းစားနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။

မေး – ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၂၀ မှာ ၁၅ တို့ ၁၀ တုန်းကတို့လို ကွင်းဆင်းလို့ မရတော့ဘူး။ မဲဆွယ်လို့ မရတော့ဘူး။
ဖြေ – ကျွန်တော် ပြောမယ်။ အခု ၂၀၁၅ ကနေ ၂၀၁၈ ရောက်လာပြီ။ ရပ်ကျေးရွေးကောက်ပွဲတွေ သွားကြည့်လိုက်။ NLD 50-50 ဖြစ်သွားပြီဗျ။ ဒါ သူတို့ဘာ သူတို့ ပြန်ရွေးခိုင်းတာ။ နောက် ၂ နှစ် ၂၀၂၀ မှာ NLD မလွယ်ဘူး ထင်တယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံဖြစ်နေပြီ၊ အစိုးရ၀န်ထမ်း ဖြစ်သွားပြီ။ ကော်မရှင်ဥပဒေအရ အစိုးရ၀န်ထမ်းဟာ မဲမဆွယ်ရဘူးလို့ သိထားပါတယ်။ သူမဲမဆွယ်နိုင်ရင် ၂၀၂၀ မှာ NLD က ဘယ်သူနဲ့ ဆွယ်မလဲ။ အလားအလာ ဘယ်လိုရှိမလဲ။ ဒီအပေါ်မှာ ပြည်ခိုင်ဖြိုးက ဘယ်လို အသုံးချမလဲ။
ဖြေ – အဲဒါကတော့ ကြံ့ခိုင်ရေးက အခွင့်အရေးယူဖို့ အသုံးချဖို့ မရှိပါဘူး။ သို့သော် သူတို့အနေနဲ့ကတော့ ကြိုပြင်နေတဲ့ အနေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တာတို့ ၂၀၂၀ မှာ၊ နောက်တခါ ဗိုလ်ချုပ်ရုပ်တု ဖွင့်တာတို့ ဘာညာကွိကွ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချနေတာတော့ လက်တွေ့ မြင်နေရတာပေါ့လေ။ ဒါပေမယ့် ၂၀၂၀ မှာ ဗီနိုင်းတွေလာရင်တော့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ထဲရဲ့ ပုံတွေပဲ ပါလာလိမ့်မယ်လို့ ယူဆရတယ်။ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ပါ ပါလာရင် ဒါက ကန့်ကွက်ရမယ်။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့လူဆိုတော့ ဘယ်လိုလာဦးမလဲတော့ မသိဘူး။

မေး – NLD အနေနဲ့ သွယ်ဝိုက်သောနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က TV ကပဲ ဖြစ်ဖြစ် မဲဆွယ်သလို လုပ်လာရင်ရော ဘယ်လိုဖြစ်မလဲ။

Leave a Reply