“လက်ဆောင်” ကဗျာ သင်ရိုးမှ ဖယ်ရှားမှု သမ္မတရုံးရှင်း၊ “မီ” ရုပ်ရှင်တွင်ဆေးလိပ်သောက်မှုအား ဝေဖန်ခဲ့သူက အကြံပြုမှုကြောင့်ဖြစ် ဟုဆို

0
161

ဇွန် ၇
ယဉ်ကေနွယ်

အဋ္ဌမတန်းမြန်မာစာတွင် ပြဋ္ဌာန်းခဲ့သည့် မယ်ခွေ၏ လက်ဆောင် ကဗျာအား ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ထိုသို့ ပယ်ဖျက်ခဲ့မှုမျိုးအပေါ် နောက်နောင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်စေရန် ခိုင်မာသည့် သုတေသနပြုချက်များ စစ်တမ်းများကောက်ယူပြီးမှသာ လုပ်ဆောင် ရန် ပညာရေးဝန်ကြီးဌာနသို့ ပြောကြားထားကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“နောင်တချိန်ကျရင်တော့ သင်ရိုးညွှန်းတမ်းကိစ္စတွေမှာတော့ ကျန်းမာရေး ကိစ္စ ဒီလို မျိုးကိစ္စနဲ့ ပတ်သက်လို့ ပေါ့ပေါ့ဆဆ မလုပ်ဖို့ လိုတယ်။ဒါလည်း ပညာရေးက တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့ ပြောပါတယ်။ဆရာကြီးမောင်ခင်မင် ဓနုဖြူကတော့ ဒီသတင်းကို စထည့် ကတည်းက အတိုင်း အဲ့ အစည်းအဝေး မှာ ဆရာဝန် တစ်ယောက်က ကန့်ကွက်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာက လူငယ်တွေ ဆေးလိပ်သောက်သွားစေနိုင်တဲ့ အတွေးရောက်သွားစေနိုင်တယ်လို့ပြောတော့ သူတို့က မြန်မာစာ ဆရာကြီး တွေက ရယ်တယ်လို့ပြောတယ်။ သူတို့က ပြောလိုက်တယ်တဲ့ အဲ့ဆရာဝန်တွေကို မင်းတို့က ဆေးလိပ်သောက်တာလောက်ပဲမြင်တာကိုလို့ပြောတယ်လို့ပြောတယ်။ ဆိုလိုတာက ခိုင်မာတဲ့ သုတေ သန ပြုချက်တွေ စစ်တမ်းကောက်ယူချက်တွေ လုပ်သင့်တယ်လို့ ပညာရေးဝန်ကြီးဌာနကို ပြောထားတယ်”ဟု ဦးဇော်ဌေး ကပြောသည်။

ယနေ့ သမ္မတအိမ်တော်ရှိ ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကဗျာအားဖြုတ်ချရန် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း က နေပြည်တော်ကုတင် ၁၀၀၀ မှ ပါမောက္ခ အမျိုးသမီး ဆရာဝန် တစ်ဦးမှ ကျန်းမာရေးရှုတောင့် မှ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေးကို ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် အတွက် ယင်းကဗျာ အပေါ် ကျောင်းသူကျောင်းသားများမှ ယဉ်ကျေးမှုဓလေ့ ထုံးစံဟု မမြင်ဘဲ ဆေးလိပ်သောက်ခြင်းသည် ကောင်းသည်ဟု နားလည်မှုလွှဲမှားနိုင်သည့် အတွက် ဖြုတ်ချခိုင်းကြောင်း သိရသည်။

ထိုသို့ ဖြုတ်ချခိုင်းမှုအပေါ် ပညာရေးညွှန်ချုပ်မှ ပညာရေးဝန်ကြီးထံသို့ စာတင်ခဲ့ရာ ယင်းကဗျာအား စစ်ဆေးတင်ပြကာ မြန်မာစာဌာနသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အကြောင်းကြားတဲ့ အခါမှာလည်း ဒီမြန်မာစာ အဖွဲ့ အစည်းဝေးမှာ ဒီကဗျာကိစ္စကို ဆွေးနွေးတယ်လို့ သိရတယ်။သိရတဲ့ ဒီကဗျာ လက်ဆောင်ကို ဖြုတ်ပြီေးတာ့ အဲ့ကဗျာခေတ်က ရေးသားခဲ့တဲ့ အခြားကဗျာ တစ်ပုဒ်နဲ့ အစားထိုးရင် ဖြစ်နိုင်တယ်လို့ပြောတယ်။ ပြောတော့ကြတော့ အဲ့အစည်းအဝေးကနေ တင်ပြတယ်။ အဲ့ အချိန်မှာတော့ လဲလှယ်မဲ့ ကဗျာ မရွေးရသေးဘူးပေါ့။ နောက်ပညာရေးဝန်ကြီးဌာန အစည်းအဝေး တစ်ခု မှာ ဒီကဗျာ ကိစ္စကို ဆွေးနွေးပြီးတော့ အခြားသင့်တော်တဲ့ ကဗျာ တစ်ပုဒ်ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရတယ်”ဟု ဦးဇော်ဌေးကပြောသည်။

၎င်း ကဗျာအားဖြုတ်ချခိုင်းခဲ့သည့် ပါမောက္ခ သည် မီရုပ်ရှင်ဇာတ်ကားတွင်လည်း ဆေးလိပ် သောက်သုံးနေမှု အပေါ် ဝေဖန်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း လည်း သိရသည်။

မယ်ခွေ၏လက်ဆောင် ကဗျာကြောင့် လူငယ်များအနေဖြင့် ဆေးလိပ်သောက်သုံးသည့် ခိုင်မာသည့် အချက်အလက်များမရှိကြောင်း သိရသည်။

“ကဗျာကိုတော့ အစားထိုးတယ်လို့ သိရတယ်။ သို့သော်လည်း ခိုင်မာတဲ့ သုတေသန စစ်တမ်းအရ တော့ ဒီကဗျာ နဲ့ ဆေးလိပ်သောက်ခြင်းမသောင်ခြင်း အဆက်ဆက် ဘယ်လောက်တိကျခိုင်မာတဲ့ ဒေတာ မရှိဘူးလို့တော့ ကျွန်တော်တို့ သိရတယ်”ဟု ဦးဇော်ဌေးကပြောသည်။

ယခုလက်ရှိတွင် မယ်ခွေ၏ လက်ဆောင်ကဗျာအား ဖြုတ်ချပြီး ယင်းခေတ်က ဦးကျော့်၏ သမီးဖြစ်သူ ရေးသားခဲ့သည့် အေးခွင့် မပန် ကဗျာအား အစားထိုးထည့်သွင်း ထားကြောင်းသိရသည်။

Leave a Reply