AA အဖွဲ့ ရခိုင်တိုင်းရင်းသားတွေကို ငဲ့ကွက်ပြီး ငြိမ်းချမ်းရေးကို လျှောက်လှမ်းရန် ဦးဇော်ဋ္ဌေး ဖိတ်ခေါ်

0
108

ဇွန် ၇
ယဉ်ကေနွယ်

AA အနေဖြင့် ရခိုင် တိုင်းရင်းသားများအတွက် ငဲ့ကွက်၍ ငြိမ်းချမ်းရေးကိုသာ လျှောက်လှမ်းပါဟု သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားလိုက်သည်။

ကျောင်းဖွင့်ချိန် ကလေးတွေ စသင်ရတော့မယ့် အချိန် ရောက်နေပြီ။ နောက်ပြီး မိုးရာသီမှာ စိုက်ပျိုးရတော့်မဲ့ စပါးအပါအ၀င် ကျန်သီးနှံတွေ မစိုက်ပျိုးနိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေ အတွက် နောက် တစ်ချိန် စပါးပေါ်တဲ့ အချိန်မှာ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာနိင်တယ်။အဲ့တော့ ဘက်စုံ ဆိုးကျိုးသက်ရောက်မှုတွေ များတယ်။များတော့ တပ်မတော် တစ်ခုတည်းပြောဖို့ထက် AA ကိုလည်း ပြောဖို့ လိုတယ်။ ဒေသခံပြည်သူတွေ ရခိုင်တိုင်းရင်းသားတွေ အတွက် ငဲ့ကွက်ပြီးတော့ ငြိမ်းချမ်းရေးလမ်းကို လျှောက်ပါ”ဟု ဦးဇော်ဌေးကပြောသည်။

ယနေ့ သမ္မတအိမ်တော်ရှိ ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ တိုင်းရင်းသားအခွင့်အရေး၊ပြည်နယ်အခွင့်အရေးရရှိနိုင်ရေးအတွက် ဆိုရင်တော့ နိုင်ငံရေးစားပွဲဝိုင်းသို့လာရောက်ရန်၊ အပစ်အခတ်ရပ်စဲမှုများ လုပ်ဆောင်ရန် ဦးဇော်ဌေးကပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် အရပ်သားများ သေဆုံးနေမှုသည်လည်း AA နှင့် အရပ်သားများရောထွေးနေသည့် ပြသနာကြောင့် လုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုများခြင်းကြောင့် ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။

“အရပ်သားသေဆုံးမှုတွေ များလာတဲ့ အပေါ်မှာ တပ်မတော်က ရှင်းပြထားတာတွေတွေ့ပါတယ်။ ရှင်းပြတာကတော့ အရပ်သားနဲ့ AA နဲ့ ရောထွေးနေတဲ့ ပြသနာ ပေါ့။ အဲ့ဒီ ရောထွေးနေတဲ့ ပြသနာက ဒီလိုဒေသမျိုးပေါ့။ဥပမာ ရခိုင်ပြည်နယ်လို စစ်မျက်နှာသစ်ပေါ့နော်။ဒီလို နေရာမျိုးမှာ ကျရင် နည်းနည်းလေးရှုပ်ရှုပ်ထွေးထွေးရှိတယ်ပေါ့နော်”ဟု ၎င်းကပြောသည်။

AA နှင်ပတ်သက်၍ ထိရောက်သည့် သောင်းကျန်းသူ နှိမ်နှင်းရေးစစ်ဆင်ရေးလုက၇ပ်ဆောင်ရန်၊ လိုအပ်သည့် အင်အားသုံးရန်၊ လိုအပ်ပါက ရဟပ်ယာဉ်များသုံးရန် သမ္မရုံး၏ ညွှန်ကြားထားမှု သည် ယခု အချိန် ထိ အကျုံးဝင်လျက်ရှိကြောင်း ဦးဇော်ဌေး ကပြောသည်။

လက်ရှိတွင် AA နှင့် တပ်မတော်တို့ ၄ လကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ သုံးသောင်းသုံးထောင်ကျော်ထိရှိနေပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၀၃ ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့တွင် ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ်ထားကြောင်းသိရသည်။

photo- Aung Shai Oo

Leave a Reply