အမေရိကန်ဂျက်တိုက်လေယာဉ် ၀ယ်မလား၊ ရုရှားလေယာဉ်ပစ်ဒုံးကျည်စနစ် ၀ယ်မလားလို့ တူရကီကို အမေရိကန်ရာဇသံပေး

0
46

ဇွန် ၉
နိုင်ငံတကာသတင်း

ဇူလိုင်လကုန်နောက်ဆုံးထားပြီး အမေရိကန်ဂျက်တိုက်လေယာဉ်တွေဝယ်မလား၊ ရုရှားလေယာဉ်ပစ်ဒုံးကျည်စနစ်ကိုဝယ်မလားဆိုပြီး အမေရိကန်က အချိန်သတ်မှတ်ပေးလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးယာယီဝန်ကြီး ပတ်ထရစ် ရှာနာဟန်က တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီ အက်ကာဆီကို ပေးပို့တဲ့စာထဲမှာ ရာဇသံပါဝင်နေတာပါ။

အမေရိကန်ထုတ် F-35အဆင့်မြင့်ဂျက်တိုက်လေယာဉ်နဲ့ ရုရှားထုတ်S-400လေယာဉ်ပစ်ဒုံးစနစ်တို့ နှစ်ခုစလုံး တူရကီမှာ မရှိနိုင်ဘူးလို့ ရှာနာဟန်ကပြောတာပါ။

နေတိုးအဖွဲ့ဝင်အမေရိကန်နဲ့တူရကီတို့ဟာ S-400အတွက် လနဲ့ချီပြီး ညှိနှိုင်းနေကြတာပါ။

ရုရှားစနစ်တွေဟာ နေတိုးကာကွယ်ရေးစနစ်နဲ့မကိုက်ညီသလို လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေတယ်လို့ အမေရိကန်က ငြင်းဆိုထားပြီး တူရကီကို အမေရိကန်ထုတ်ပက်ထရီယော့လေယာဉ်ပစ်ဒုံးကျည်စနစ်ဝယ်ယူစေချင်နေတာပါ။

လွတ်လပ်တဲ့ကာကွယ်ရေးမူဝါဒကျင့်သုံးတဲ့တူရကီနိုင်ငံက F-35လေယာဉ်အစင်း ၁၀၀ ၀ယ်ဖို့ လက်မှတ်ရေးထိုးထားပြီး F-35အစီအစဉ်မှာလည်း တော်တော်များများရင်းနှီးမြှုပ်နှံထားတဲ့အပြင် တူရကီကုမ္ပဏီတွေက လေယာဉ် ၉၃၇ စင်းရဲ့အစိတ်အပိုင်းတွေကို ထုတ်လုပ်နေပါတယ်။

S-400သဘောတူညီချက်ကိုရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ထားပြီးသားလို့ တူရကီသမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြောထားပါတယ်။

လာမယ့်နှစ်လလောက်အတွင်း တူရကီကို S-400စနစ်စပြီးလွှဲပြောင်းပေးသွားမယ်လို့ ရုရှားအစိုးရပိုင်ကာကွယ်ရေးလုပ်ငန်းစုအကြီးအကဲ ဆာဂေး ချီမီဇော့က သောကြာနေ့မှာပြောပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-Sputnik

Leave a Reply