PTT Station စက်သုံးဆီလက်လီဆိုင်ပေါင်း ၇၀ ကို ၅ နှစ်အတွင်း နိုင်ငံအနှံ့ ဖွင့်လှစ်မည်

0
57

ဇွန် ၁၀
ဝေဝေဖြိုး

ကမ္ဘောဇကုမ္ပဏီများအုပ်စုပိုင် Brighter Energy ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ PTTOR ကုမ္ပဏီတို့ပူးပေါင်း၍ စက်သုံးဆီလက် လီရောင်းချမည့် PTT Station စက်သုံး ဆီဆိုင်ပေါင်း ၇၀ ကို ၂၀၂၃ ခုနှစ် မတိုင်မီ နိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ် သွားနိုင်ရန် ရည်မှန်းထားကြောင်း ကမ္ဘောဇအုပ်စု၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။

“စက်သုံးဆီ လက်လီအရောင်းဆိုင် ၇၀ ကို ၅ နှစ်အတွင်း ပြည်တွင်းမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ စက်သုံးဆီ သိုလှောင်ကန်တွေဟာ ဂါလန် ၂၅ သန်းဆန့်တဲ့ ကန်တွေဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ဈေးကွက် ၁၇ ရာခိုင်နှုန်းကို ဖူလုံအောင် ရောင်းချသွားပါမယ်။ ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးကြောင့် စက်သုံးဆီဈေးအပေါ် သက်ရောက်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါတယ်”ဟု ၎င်းကပြောသည်။

စက်သုံးဆီများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး၊ မှန်ကန်တိကျသော အချိန်အတွယ်နှင့် သင့်တင့်မျှတသော ဈေးနှုန်းတို့ဖြင့် ပြည်သူများအား ရောင်းချသွားမည်ဟု ဆိုသည်။

PTT Station စက်သုံးဆီဆိုင်များတွင် Café Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင်ဂျင်ဝိုင်ဆားဗစ်၊ ငွေလဲကောင်တာနှင့် အများပြည်သူ နားနေခန်း စသည့် နိုင်ငံတကာ အဆင့်မီ ၀န်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး ဒေသခံ ပြည်သူများ၏ လူမှုစီးပွား တိုးတက်လာစေရန် ဒေသခံ SME လုပ်ငန်းများဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

” ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့အတွက် Brighter Energy ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ ကမ္ဘာ့အဆင့်မီ PTT အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဖွဲ့စည်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

စက်သုံးဆီကဏ္ဍသည် နိုင်ငံတော် စီးပွားတိုးတက် ဖွံ့ဖြိုးရေးနှင့် အများပြည်သူ သက်သာချောင်ချိရေးအတွက် အဓိကအရေးပါပြီး နိုင်ငံတော်ကလည်း အားပေး အထောက်အကူပြုသည့်အတွက် လက်လီအဆင့်မှ လက်ကားအဆင့်သို့ တိုးတက်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

PTTOR သည် ထိုင်းနိုင်ငံပိုင် PTT Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ရေနံနှင့် LPG ဖြန့်ချိရေးကုမ္ပဏီ တစ်ခုဖြစ်သည်။

PTTOR သည် ထိုင်းနိုင်ငံ ၊ကမ္ဘောဒီးယားနိုင်ငံ ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် PTT Station စက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းသိရသည်။

Leave a Reply