“ဦးဝီရသူကို ဓမ္မစက်ဖြင့်ခေါ်ယူခြင်းမပြုပါက လာရောက်မည်မဟုတ်နိုင်” ဟု မျိုးချစ်သံဃာတစ်ပါး မိန့်ကြား

0
88

ဇွန် ၁၀
ကိုလူသစ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ဆင့် ခြင်းခံထားရသည့် ဆရာတော်ဦးဝီရသူအနေဖြင့် ဒေကြီး၊ဝါကြီးဆရာတော်များမှ ဓမ္မစက်ဖြင့်ခေါ်ယူခြင်းမပြုပါက ၄င်းအနေဖြင့်လာရောက်မည်မဟုတ်နိုင်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်ကြားသည်။

”ဦးဇင်းတို့ နိုင်ငံတော်မှာက နိုင်ငံတော့သံဃာ့မဟာနာယကအဖွဲ့အစည်းရှိတယ်။ဦးဝီရသူက သံဃာတစ်ပါးဖြစ်တယ်။အခုလဲ ရာဇဝတ်မှုကျူးလွန်နေတာမဟုတ်တဲ့အတွက် အရပ်ဘက်ဥပဒေနဲ့စွဲလို့မရဘူး။ဘာလို့လဲဆိုတော့ ဓမ္မစက်နဲ့အရင်သွားရမှာ။ဓမ္မစက်ကို သူစောင့်နေပါတယ်တဲ့။ဦးဝီရသူကလဲ ဓမ္မစက်နဲ့ဆရာတော်ကြီးတွေကခေါ်ရင်ထွက်လာမှာပါ။အဲ့လိုမှမဟုတ်ရင် ဦးဝီရသူကလဲ သုဝရမ်းပြေးမဟုတ်ဘူးလို့ သူ့ကိုယ်သူခံယူထားတယ်။ဓမ္မစက်နဲ့ဆရာတော်ကြီးတွေခေါ်ယူဆုံးမတာကို ခေါ်ယူတာကိုစောင့်နေတယ်” ဟု မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်ကြားသည်။

ဗုဒ္ဓသာသနာတော်အဓွန့်ရှည်ရေးနှင့် ဦးဝီရသူ ဘေးရန်ကင်းစေရေးအတွက် သံဃာတော်အချို့နှင့်အမျိုးသားရေးအဖွဲ့များက ဗဟန်းမြို့နယ်ရှိ ကြေးသွန်းဘုရားအရှေ့မှ ရန်ကုန်မြို့တော်ခမ်းမအရှေ့အထိလမ်းလျှောက်ဆု့တောင်းမေတ္တာပို့သမှုအပြီးတွင် မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်ကြားသည်။

ထို့ပြင် ဦးဝီရသူ၏ဟောပြောမှုများနှင့်ပတ်သက် နိုင်ငံတော်အကြီး အကဲများအနေဖြင့် ကိုယ်တိုင်သုံးသပ်ပြီးမှန်ကန်ခြင်း ရှိ၊မရှိနှင့် လက်ရှိအစိုးရမှမဟုတ် ယခင်စစ်အစိုးရလက်ထက်တွင်လည်း ဦးဝီရသူ သည် ထိုသို့ဝေဖန်မှုများကြောင့်ဖမ်းဆီးခံခဲ့ရသည့် ရဟန်းတော်တစ်ပါးဖြစ်ခြင်းကြောင့် လေ့လာစိစစ်မှုပြုလုပ်ပြီးမှသာ အရေးယူသင့်ကြောင်း၊ အရှင်တေဇဝံသက ဆက်လက် မိန့်ကြားသည်။

‘ဦးဝီရသူပြောတဲ့ စကားတွေကို နိုင်ငံတော်အဆင့်လူကြီးတွေက အောက်ခြေကပြောတဲ့စကားနဲ့မဟုတ်ဘဲ။ကိုယ်တိုင်လေ့လာသုံးသပ်ပြီးတော့ ဘယ်အချက်ကတော့ဟုတ်တယ်။ငါတို့ကိုမကောင်းတဲ့ဝါဒဖြန့်တယ်။ဘယ်အချက်ကတော့ မှန်ကန်တဲ့အကြောင်းပြောတယ်။ဒါလေးကတော့မှန်ကန်တယ်။မှန်ကန်ရင်လိုက်နာ ကျင့်သုံးစေချင်တယ်။ဦးဝီရသူဆိုတာ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတုန်းကလဲ အသိုးရကိုအတိုက်အခံလုပ်ပြီး ထောက်ကျခဲ့တဲ့ ရဟန်းတစ်ပါးပါ။ဒါကြောင့် ဦးဝီရသူဟောပြောတဲ့အချက်တွေ။ဘယ်အချက်တွေဆိုတာ ဟုတ်၏၊မဟုတ်၏ လေ့လာစိစစ်ပြီးမှအရေး ယူသင့်တယ်လို့ထက်ပါတယ်” ဟု မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်ကြားသည်။

ဗုဒ္ဓသာသနာတော်အဓွန့်ရှည်ရေးနှင့် ဦးဝီရသူ ဘေးရန်ကင်းစေရေးအတွက် သံဃာတော်အချို့နှင့်အမျိုးသားရေးအဖွဲ့များက လမ်လျှောက်ဆု့တောင်းမေတ္တာပို့သရန်အတွက် ယနေ့(ဇွန် ၁၀ရက်)မွန်းလွဲ တစ်နာရီခန့်အချိန်တွင် ကြေးသွန်းဘုရားအရှေ့မှ ဗဟန်း(၃)လမ်းမှ ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း လမ်းလျှောက်ခဲ့ကြပြီး ယင်းမှတဆင့် ရန်ကုန်မြို့တော်ခမ်းမအရှေ့မှ ဆူးလေစေတီတော်ဘက်သို့မျက်နှာမူကာ အခမ်းအနားအစီအစဉ် ၅ရပ်ဖင့် ဆု့တောင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Reply