ငြိမ်းစုစီဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံရသည့် ကရင်နီလူငယ် ၃ဦး အာမခံမယူ ထောင်ဒဏ်အကျခံမည်

0
167

ရန်ကုန် ၊ ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈

ငြိမ်းချမ်းစွာစုဝေးဟောပြောခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ -၁၉ ဖြင့် ထပ်မံတရားစွဲဆိုခံရသည့် ကရင် နီလူငယ် ၃ဦးက အာမခံလျောက်ထားမည်မဟုတ်ပဲ ထောင်ဒဏ်သာကျခံမည်ဟု တရားစွဲဆိုခံရသည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌခွန်းဘီထူးက ပြောသည်။

“ကျွန်တော်တို့ ကိုဇန်န၀ါရီ ၁၉ရက်မှာလွိုင်ကော်တရားရုံးမှာ အမှုရင်ဆိုင်ဖို့မနေ့ညက ရဲစခန်းမှူးကလာပြီးစစ်ချက်ယူ တယ်။ ကျွန်တော်တို့က အာမခံလည်းလျောက်ထားမှာမဟုတ်ဘူး။ ငွေဒဏ်လဲမယူဘူး ထောင်ဒဏ်ပဲအကျခံမယ်”ဟု ခွန်းဘီထူးကပြောသည်။

KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်နေ့ ကအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် လူငယ်ခေါင်းဆောင်ငါးဦးကို လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ကငြိမ်းစုစီပုဒ်မ-၁၉အရ လွိုင်ကော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး လေးကြိမ်မြောက်ရုံးချိန်းအပြီးတွင် ထောင်ဒဏ် ရက်၂၀ချမှတ်ခဲ့သည်။

ထောင်ဒဏ်ကျခံနေရသည့် ကရင်နီလူငယ်ငါးဦး၏ ပထမဆုံးရုံး ချိန်းရက်ဖြစ်သည့် ဇန်န၀ါရီ ၅ရက်နေ့က တရားရုံးသို့ လိုက်ပါပို့ဆောင် သည့် လူဦးရေ၁၀၀၀ခန့်ကို ဦးဆောင်ခဲ့မှုဖြင့် ခွန်ဘီထူးအပါအ၀င် ၊ ကယန်းမျိုးဆက်သစ်လူငယ် ဗဟို ကော်မတီဝင် ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်တို့ကို ငြိမ်းစုစီဥပဒေဖြင့်ထပ်မံ တရားစွဲဆိုခြင်းဖြစ်သည်။

“အများပြည်သူကိုကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားက တကယ် ကျူးလွန်တဲ့သူတွေကို အခုထိစစ်ဆေးတာမျိုး အရေးယူတာမျိုး မလုပ်သေးတာကိုပဲ ဖော်ထုတ်တာပဲ “ဟုခွန်းဘီထူးကပြောသည်။

ဒီဇင်ဘာ ၂၂ရက် နေ့ကဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ်ငါးဦးကို တရားစွဲဆိုမှုနှင့်ပတ်သတ်၍တာဝန်ရှိသူများသည် အရပ် သားသတ်ဖြတ်ခံရမှုကိုလျစ်လျူရှု၍ ဆန္ဒထုတ်ဖော်သည့် လူငယ်များကို သာတရားစွဲဆိုခဲ့ကြောင်းယင်းဖြစ်စဉ်တွင် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်ဥပဒေ ပြုရေးကဏ္ဍသုံးရပ်လုံးသည် ပြည်သူကိုအကာအကွယ်မပြု နိုင်သောကြောင့် ကယားပြည်နယ် လွှတ်တော်၏ ပြည်သူအပေါ်ကိုယ်စားပြုမှုကို အယုံအကြည် မရှိတော့သောကြောင့် ကယားပြည်နယ်လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင် ကော်မတီအဖွဲ့ ၀င်အဖြစ်မှ နှုတ်ထွက် ကြောင်း(မော်မိုးမြာ၊နော်ဖော်ဝါး၊ ခူးတူရယ်နှင့် ဦးအန်းဂျေလို) ကော်မတီအဖွဲ့ဝင်လေးဦးက ဇန်န၀ါရီ ၁၀ရက်နေ့ရက်စွဲဖြင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ နှုတ်ထွက်စာပေးပို့၍နှုတ် ထွက်ခဲ့သည်။

ကိုဥာဏ်

Leave a Reply