တရုတ်သို့ ဆန်တန်ချိန် ၁ သိန်း အမြန်ဆုံးတင်ပို့မည်

0
96

ဇွန် ၁၁
ယဉ်ကေနွယ်

နှစ်နိုင်ငံ အစိုးရချင်းသဘောတူညီမှုရှိရှိထားပြီးဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တဆင့် ဆန်တန်ချိန် ၁ သိန်းကို လာမည့် အောက်တိုဘာလ မတိုင်မီ အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦး အောင်ထူးကပြောသည်။

“MITS ကနေပြီးတော့ ဆန်စက်ပေါင်း ၉၉ လုံး ကျွန်တော်တို့ အနေနဲ စစ်ဆေးပြီူဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ဆိုရင် အရည်အသွေး ကိုက်ညီတယ်ဆိလို့ရှိရင် ဒါကို တရုတ်နိုင်ငံဘက်ကို ပေးပို့ ပြိးတော့ တရုတ်နိုင်ငံဘက်က ခွင့်ပြုတဲ့ အရေအတွက် ရှိတဲ့ ဆန်စက်များအနေနဲ့ ဒီ တန်ချိန် တစ်သိန်းကို ကျွန်တော်တို့ တင်ပို့ဖို့ ဖြစ်ပါတယ်။ အဲ့တော့ တရုတ်နိုင်ငံ ဘက်မှာလည်း Quota ကို လာမဲ့ အောက်တိုဘာလ မှာ ထပ်မံ ပြင်ဆင်ဖို့ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရထားတဲ့ တန်ချိန် တစ်သိန်းကို အောက်တိုဘာလ မတိုင်မီ မှာ အမြန်ဆုံးပေးပို့နိုင်အောင် စီစဉ်ဖို့ လိုအပ် တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရပါတယ်”ဟု ဦးအောင်ထူးကပြောသည်။

ယနေ့ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အဆိုပါ ဆန်တန်ချိန် ၁ သိန်း တင်ပို့နိုင်ရေးအတွက် ပြုလုပ်သည့် အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဒုတိယ ၀န်ကြီးဦးအောင်ထူးမှ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဆန်တန်ချိန် ၁ သိန်းတင်ပို့ နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမကြီး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တွင် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံ အစိုးရချင်းသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ဆန်များတင်ပို့ နိုင်ရေးအတွက် MIST အနေဖြင့် ဆန်စက် ၉၉ လုံးကို ထပ်မံစစ်ဆေးမှုများပြုလုပ်၍တရုတ်နိုင်ငံဘက်သို့ အကြောင်းကြားကာ အချိန်မီပေးပို့ နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်ထူးကပြောသည်။

ထိုသို့ တင်ပို့ရခြင်းသည် မြန်မာနိုင်ငံတွင် ဆန်များပိုလျှံနေသည့် အတွက်ကြောင့် အမြန်ဆုံးတင်ပို့ ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရခြင်ြး့ဖစ်ကြောင်း ဦးအောင်ထူးကပြောသည်။

ထို့ပြင် ရရှိသည့် ဆန် Quota များကို အမြန်ဆုံးပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ထပ်မံတော်ငးဆိုမှုများလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးအောင်ထူးကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ရရှိတဲ့ ဆန်ကိုဒါကို အမြန်ဆုံးပြည့်မီအောင် ကျွန်တော်တို့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့ နေရာမှာ Quota က ဒီ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြည့်သွားတယ်ဆိုလို့ရှိရင် နောက်ထပ်ကိုဒါတွေကိုလည်း ထပ်မံ တောင်းဆိုနိုင်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါ အနာဂတ်မှာဆိုလို့ရှိရင် တရုတ်နိုင်ငံဘက်ကို နယ်စပ်ကုန်သွယ်ရေးက တဆင့်လည်းကောင်း၊ ဒါမှ မဟုတ်ရင် ကုန်စည်ခြင်း ဖလှယ်တဲ့ စနစ်အရ လည်း၊ နှစ်နိုင်ငံချင်း G to G ကိုဒါများအရ လည်းကောင်း ဒါ ပိုမို တင်ပို့သွားမှာဖြစ်ပါတယ်”ဟု ၎င်း ကပြောသည်။

ထို့အတူ ဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဌ ဦးရဲမင်းအောင်မှလည်း ယင်းဆန်တန်ချိန် ၁ သိန်းအား အမြန်ဆုံးတင်ပို့ပြီးသည်နှင့် ထပ်မံ၍ ဆန်တန်ချိန် ၄ သိန်း ၊ ၅ သိန်း စသည်ဖြင့် တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်း ကပြောကြားခဲ့သည်။

ယခုနှစ် မြန်မာနိုင်ငံတွင် ဆန် စပါးတန်ချိန် ၃ ဒသမ ၂ သန်းကျန်ရှိနေသည့် အတွက် တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတကာ ဆန်ဈေးကွက်သို့ ရောင်းချနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply